မောင်သင်တုန်း၊ အောင်သူရထွန်း
ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန် မြေကွက်များတွင် စက်ရုံတည်ဆောက်ထား ခြင်းမရှိသော မြေကွက် ၂,၀၀၀ ကျော်ကို သတ်မှတ်ချိန်အတွင်း မတည်ဆောက်ပါက ပြန်လည်သိမ်းယူသွားမည်ဟု စက်မှုဝန်ကြီး ဌာန ဒု-၀န်ကြီးက အမျိုးသားလွှတ်တော်တွင် ပြောသည်။
“စက်မှုဇုန်များ၌ မြေကွက်လွတ်နေမှုများရှိနေတာကြောင့် အလုပ်အကိုင် အခွင့်အလမ်း မရရှိခြင်း၊ ဆင်းရဲ နွမ်းပါးမှုများလည်း ရှိနိုင်ကြောင်း စစ်ဆေးတွေ့ရှိ ချက်များအရ မြေပေးစဉ်ကာလက ချုပ်ဆိုသည့် စာချုပ်အ တိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါတယ်”ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် စုစုပေါင်း စက်မှုဇုန်ခွဲ ၂၄ ခုန်ရှိပြီး စက်မှုဇုန်မြေကွက် ပေါင်း ၁၀,၃၀၀ ဖော် ထုတ်ပေးခဲ့သည်။အဆိုပါ မြေကွက်ထဲမှ စက်ရုံတည်ဆောက် ခြင်းမရှိသည့် မြေကွက် ၂,၃၃၉ ကွက် ကျန်ရှိ နေသည်ဟု ဆိုသည်။
စက်မှုဝန်ကြီးဌာနသည် လတ်တလောတွင် စက်ရုံတည်ဆောက်ခြင်းမရှိသည့် မြေကွက်ပိုင်ရှင်များအား စက်ရုံတည်ဆောက်မည့် အချိန်ကာလကို ခေါ်ယူညှိနှိုင်း ဆွေးနွေးလျက်ရှိသည်။
ယင်းပိုင်ရှင်များအနက် လုပ်ငန်းအဆိုပြုချက် မတင်ပြနိုင်သူရှိပါက ၎င်း၏မြေကွက်လပ်ကို နိုင်ငံတော်သို့ ပြန်လည် အပ်နှံစေရန်နှင့် သတ်မှတ်ချိန်အတွင်း မတည်ဆောက်နိုင်သော မြေကွက်လပ်များကို ဒဏ်ကြေး များ ပေးသွင်းစေရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏ စိုးက “စက်မှုဇုန်တွေမှာ အမှန်တကယ် လုပ်ကိုင်ခြင်းမရှိဘဲ တစ်ဆင့်ခံ ပြန်လည်ငှားရမ်းနေသူများ ထံက ပိုင်ဆိုင်ခွင့်တွေကို ပြန်လည်သိမ်းယူပြီးတော့ ဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ”ဟု လွှတ်တော်တွင် အဆိုပါ မေးခွန်းကိုပင် နှစ်ကြိမ်တိတိ မေးမြန်းခဲ့သည်။
အဆိုပါ မြေကွက်များကို အစိုးရ အဆက်ဆက်မှ အစိုးရအဖွဲ့ဝင် သို့မဟုတ် ရာထူးကြီးမြင့်သော ပုဂ်္ဂိုလ်များ၏ မိသားစုဝင်များ၊ ဆက်နွယ်သူများက ရယူပိုင်ဆိုင် ထားသည်ဟု မေးခွန်းရှင်က ဆိုသည်။
စက်ရုံတည်ဆောက်ခြင်းမရှိသော မြေကွက်ပိုင်ရှင်များကို မည်သည့်အချိန် ကာလတွင် နောက်ဆုံးထား တည်ဆောက်ရမည်ဟု သတ်မှတ်ထားခြင်းမရှိကြောင်း ဒု-ဝန်ကြီးက မဇ္ဈိမကိုပြောသည်။
No comments:
Post a Comment