Monday, October 6, 2014

အစိုးရလုပ်ငန်း ၁၁ခုအရှုံးပေါ်သော်လည်း မြန်မာ့စီးပွားရေးတိုးတက်လာဟုဆို

ဟိန်းကိုစိုး

အစိုးရလုပ်ငန်း ၁၁ခုထိ အရှုံးပေါ်နေသော်လည်းမြန်မာစီးပွားရေးတိုးတက်မှုရှိသည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဒေါက်တာကံဇော်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် အောက်တိုဘာ ၅ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမကို ပြောသည်။

“အစိုးရသစ်လက်ထက်မှာ စီးပွားရေးတိုးတက်မှုရှိလာပါတယ်။ ငါးနှစ်အတွင်း ပျမ်းမျှ ဂျီဒီပီတိုးနှုန်းက ၈.၀ထိရှိနိုင်မယ်” လို့ ဒေါက်တာကံဇော်ကပြောသည်။

ထိုသို့ ဂျီတီပီတိုးတက်လာသည်ဟုဆိုသော်လည်း သစ်တော၊လျှပ်စစ်၊ ရှပ်ရှင်လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ မြန်မာ့မီးရထား၊ ကုန်းလမ်း ပို့ဆောင်ရေး၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ ကုန်သွယ်မှု ဘဏ်နှင့် စီးပွားရေး ဘဏ်လုပ်ငန်း၊ ပြည်တွင်းရေးကြောင်းပို့ဆောင်ရေးလုပ်ငန်းတို့မှာမူ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ပြုပြင်ပြီး န့်မှန်းခြေစာရင်းအရ အရှုံးပေါ်နေသည်။

ဦးသိန်းစိန်းအစိုးရ တာဝန်ယူပြီး ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ) ၆.၀ ရာခိုင် နှုန်းထိတိုးတက်မှုရှိမည်ဟု ခန့်မှန်း ခဲ့ပြီး ၅.၆ ရာခိုင်နှုန်းရာရှိခဲ့ဟု စာရင်းထုတ်ပြန်သည်။

၂၀၁၂-၁၃ တွင် ၆.၇ရာခိုင်နှုန်းခန့်မှန်းပြီး ၇.၃၇ရာခိုင်နှုန်း၊၂၀၁၃-၁၄တွင် ၈.၉ ရာခိုင်နှုန်း ခန့်မှန်းပြီး ၈.၇ ရာခိုင်နှုန်းအထိ ရ ရှိခဲ့သည်ဟု ဒေါက်တာကံဇော် က ပြောသည်။

အစိုးရလက်ကျန်သက်တမ်းဖြစ်သည့် ၂၀၁၄-၁၅ တွင် ၉.၁ရာခိုင်နှုန်း၊ ၂၀၁၅-၁၆တွင် ၉.၂ ရာခိုင်နှုန်းထိ တိုးတက် ရရှိမည်ဟု အမျိုးသား အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက ခန့်မှန်းထားသည်။

No comments: