သီဟကိုကို
မြန်မာနိုင်ငံတွင် တစ်နယ်မှ တစ်နယ်သို့ တစ်နေ့လျှင် ကုန်တန်ချိန် ၂၄၆ သိန်း ပို့ဆောင်ကုန်သွယ်နေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သယ်ယူပို့ဆောင်ရေး ကွန်ရက် မဟာဗျူဟာစီမံချက် (Transport Network Master Plan) ၌ ဖော်ပြထားသည်။
၂၀၁၃ ခုနှစ်တွင် တစ်နှစ်ပျမ်းမျှကုန်စည် ပို့ဆောင်မှုအားလုံး၏ ၉၀ ဒသမ ၉ ရာခိုင်နှုန်းသည် မော်တော် ကားလမ်းကြောင်းဖြင့် သယ်ယူနေပြီး ၇ ဒသမ ၈ ရာခိုင်နှုန်းသည် မီးရထားလမ်း၊ ၁ ဒသမ ၂ ရာခိုင်နှုန်း သည် သင်္ဘောလမ်းကြောင်းဖြင့် သယ်ယူပို့ဆောင်နေခြင်းဖြစ်သည်။
၂၀၃၀ ပြည့်နှစ်တွင် တစ်နယ်မှတစ်နယ် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းသည် ကုန်းလမ်းမှ ၈၇ ရာခိုင် နှုန်းဖြင့် အများဆုံး သယ်ယူပို့ဆောင်နေရဦးမည်ဖြစ်ကာ နေ့စဉ်တန်ချိန်ပေါင်း ၉၇၂ သိန်းအထိ မြင့်တက် လာမည်ဟု ဖော်ပြထားသည်။
၂၀၃၀ ပြည့်နှစ်တွင် ကုန်စည်အားလုံး၏ ၉၃ ရာခိုင်နှုန်းသည် မော်တော်ကားလမ်းဖြင့် သယ်ယူပို့ဆောင် နေမည်ဖြစ်ပြီး မီးရထားလမ်းဖြင့် ၅ ဒသမ ၆ ရာခိုင်နှုန်း၊ သင်္ဘောဖြင့် ၁ ဒသမ ၅ ရာခိုင်နှုန်း သယ်ယူပို့ ဆောင်နေမည်ဟု ကြိုတင်ခန့်မှန်းထားသည်။
၂၀၁၃ ခုနှစ်တွင် လယ်ယာထွက်သီးနှံ နှင့် ထွက်ကုန်များကို အများဆုံးသယ်ယူပို့ဆောင်ခဲ့ကြပြီး နေ့စဉ် တန်ချိန် သိန်း ၄၀ ကျော် သယ်ယူပို့ဆောင်ခဲ့သည်။ ယင်းထွက် ကုန်နောက်၌ ဘိလပ်မြေ၊ ဆောက်လုပ်ရေး သုံးကုန်ကြမ်းပစ္စည်းများ တန်ချိန် ၂၇ ဒသမ ၅ သိန်း၊ မီးဖိုချောင်သုံးပစ်္စည်းကိရိယာများ တန်ချိန် ၂၄ သိန်း၊ အစားအစာ၊ အဖျော်ယမကာ၊ တိရစ္ဆာန်အစာများ တန်ချိန် ၂၈ သိန်းကျော်တို့ကို နေ့စဉ်သယ်ယူကုန်သွယ် နေသည်။
တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ကုန် တန်ချိန် ၁ ဒသမ ၈ သိန်း၊ ငါးနှင့်ရေထွက်ကုန် တန်ချိန် ၃ ဒသမ ၁ သိန်း၊ အသီးအရွက်နှင့် သီးနှံတန်ချိန် ၆ ဒသမ ၆ သိန်းတို့ကို နေ့စဉ် မော်တော်ကားလမ်းကြောင်းတစ်ခုတည်းမှ သယ်ယူပို့ဆောင်နေခြင်းဖြစ်သည်။
အခြားစိုက်ပျိုးရေးထုတ်ကုန်များသည် တန်ချိန် ၁၇ ဒသမ ၇ သိန်း၊ မြေသြဇာ တန်ချိန် ၁၅ ဒသမ ၄ သိန်း၊ ရေနံနှင့်ဓာတ် ငွေ့ တန်ချိန် ၅ ဒသမ ၇ သိန်း၊ ကျောက်မီး သွေး၊ သတ္တုရိုင်း၊ ကျောက်၊ သဲတန်ချိန် ၁၀ ဒသမ ၆ သိန်းနှင့် အထည်အလိပ်များ၊ သစ်နှင့် သစ်ထွက်ကုန်များ၊ ဆောက်လုပ်ရေးသုံး သတ္တုပစ္စည်းများ၊ စက်မှုပစ္စည်းများ၊ စက်အမျိုးမျိုးတို့ကို နေ့စဉ်တန်ချိန်သိန်းချီ သယ်ယူပို့ဆောင်နေခြင်းဖြစ်သည်။
ပြည်နယ်နှင့်တိုင်းအလိုက် ကုန်စည်သယ်ယူပို့ဆောင်မှုသည် အချိုးအရ ရန်ကုန်တိုင်းသည် ၃၂ ရာခိုင်နှုန်းဖြင့် အများဆုံး ပို့ဆောင်ကုန်သွယ်နေပြီး ရန်ကုန်-မန္တလေး-မူဆယ် လမ်းကြောင်းသည် အဓိကသယ်ယူ ပို့ဆောင်နေသည့် လမ်းကြောင်းဖြစ်သည်။
No comments:
Post a Comment