ခိုင်ခိုင်ဇံ
တတိယ အကြိမ်မြောက် ရခိုင်စာဆိုတော် တန်ခိုးဆရာထွန်းစာပေဆုအတွက် ပြိုင်ပွဲဝင်မည့် စာမူများကို စာပေဆု ကြီးကြပ်ရေး ကော်မတီမှ စတင်ဖိတ်ခေါ်နေပြီ ဖြစ်သည်။
ယခုနှစ် တန်ခိုးဆရာထွန်း စာပေဆု အတွက် ကဗျာကို “ ခေတ်အဆက်ဆက် လင်းလက် ထင်ပေါ် ရခိုင်စာဆို တော်များ” ခေါင်းစဉ် ဖြင့်၎င်း၊ ဆောင်းပါးကို “ ရခိုင်ကျေးလက်ကဗျာများမှ ပြည်သူ့ ဘ၀သရုပ်များ” ခေါင်းစဉ်ဖြင့်၎င်း ပါဝင်ယှဉ်ပြိုင် ရေးသားနိုင်ကြောင်း တန်ခိုးဆရာထွန်း စာပေဆုကြီးကြပ်ရေးကော်မီတီ မှ တာဝန်ရှိသူများက ပြောကြားသည်။
ပြိုင်ပွဲဝင်စာမူများကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ လ(၃၀)ရက်နေ့ ညနေ(၄)နာရီကို နောက်ဆုံးထား၍ ပေးပို့ရမည်ဟု ဆိုသည်။
ကဗျာကို ကာရန် မဲ့နှင့် မော်ဒန် ကဗျာ များကို လက်ခံမည် မဟုတ်ကြောင်းနှင့် ဆောင်းပါးတွင် ရခိုင်၊ မြန်မာ ကြိုက်နှစ်ရာ ဘာသာဖြင့် ရေးသားနိုင်ကြောင်း ဖေါ်ပြသည်။
ပြိုင်ပွဲစည်းကမ်းများကိုပိုမို သိရှိလိုသူများနှင့် စာပေဆုအတွက် အကူအညီများ ပေးလိုသူများအနေဖြင့် ဦးဦးဘသိန်း (စစ်တွေ- သိန်းနောင်) ဖုန်း ၀၉၃၆၀၅၇၂၄၅ သို့၎င်း၊ ဦးတင်အောင်ထွဏ်း (ပုဏ္ဍားကျွန်း)- ဖုန်း ၀၉၄၂၁၇၄၂၅၂၂ သို့၎င်း၊ ဦးကျော်ဆန်း (လွမ်းပြေအောင်) စစ်တွေ ဖုန်း ၀၉၈၅၀၀၂၆၆ သို့၎င်း ဆက်သွယ်နိုင်ကြောင်း သတင်း ရရှိသည်။
ယခုအခါ တတိယ အကြိမ်မြောက် ရခိုင်စာဆိုတော် “တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲ” ကျင်းပရေး ကော်မတီ တစ်ခုကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ရာ ဥက္ကဌ အဖြစ် ဦးဦးဘသိမ်း (စစ်တွေ သိန်းနောင်) က၎င်း၊ ဒုဥက္ကဌများ အဖြစ်
ဦးထွန်းအောင်ရွှေ (စစ်တွေ ညိုသန့်)၊ ဦးဦးလှကျော် ဗဂျီးကျော် (စစ်တွေ)နှင့် ဦးအောင်လှသန် (ပြည့်စိုးကြီး) တို့က၎င်း၊ အထွေထွေ အတွင်းရေးမှူး အဖြစ် ဦးကျော်ဆန်း (လွမ်းပြေအောင် – စစ်တွေ) တို့က၎င်း တာဝန်ယူ ဆောင်ရွက် သွားမည်ဟု သိရသည်။
ရခိုင်စာဆိုတော် တန်ခိုးဆရာထွန်း နယ်ချဲ့ဗြိတိသျှခေတ်တွင် ရခိုင်ပြည်မှ ထွန်းပေါ်ခဲ့သော ထင်ရှားကျော်ကြားသော ရခိုင်စာဆိုတော် တစ်ဦးဖြစ်ပြီး ရခိုင်အရွှေ့သခြင်းများ၊ ဇာတ်ဝတ္ထုများစွာကို ရေးသားခဲ့သည်ဟု သိရသည်။

No comments:
Post a Comment