လပြည့်ဝန်း
ယခုနှစ်ဆောင်းရာသီတွင် သာမန်ထက် အအေးပိုပေါ့နိုင်မည် ဟု မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြော သည်။
“လက်ရှိ ရာသီဥတု အခြေအနေပေါ်မူတည်ပြီး လာမယ့်ဆောင်းရာသီက အပေးပေါ့ဖို့ အလားအလာရှိတယ်။ ဆောင်းရာသီရဲ့အပူချိန်နဲ့ ယှဉ်ကြည့်ရင် လက်ရှိ အခြေအနေက နွေရာသီလောက်နီးနီး ပူနေတဲ့အတွက် အအေးပေါ့မယ်လို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။
အောက်တိုဘာ ၁၉ရက် နေ့အပူချိန်များသည် တနင်္သာရီတိုင်းတွင် ၃၈ ဒီဂရီစင်တီဂရိတ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၃၂ ဒီဂရီစင်ဒီဂရိတ်မှ ၃၅ ဒီဂရီစင်ဒီဂရိတ်နှင့် ကျန်ပြည်နယ်တို့တွင် နေ့အပူချိန် ၂၆ ဒီဂရီစင်ဒီဂရိတ် မှ ၂၈ ဒီဂရီစင်ဒီဂရိတ် ရှိနေသည်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအနေနှင့် အညွှန်းကိန်းအမြင့်ဆုံးဖြစ်သော လွန်ကဲအဆင့်ရှိသည့် ၁၁ ထက် ကျော်လွန်နေသော ပြည်နယ် နှင့်တိုင်းများကို မတွေ့ရတော့ဘဲ လျော့နည်းလာခဲ့သည်ဟု ၎င်းက ဆိုသည်။
No comments:
Post a Comment