Sunday, October 26, 2014

မြစ်ကြီးနားမြို့ ကျောက်မျက်အချောထည် ဈေးကို တစ်နေရာတည်းအပြီး ရောင်းဝယ်မှုစနစ် ပြောင်းမည်

ထင်လင်းအောင်

ကချင်ပြည်နယ် မြစ်ကြီးနားကျောက်မျက် အချောထည်ဈေးကို နိုဝင်ဘာလမှ စတင်ကာ တစ်နေရာတည်း အပြီးဝယ်ယူ နိုင်သည့်ဝန်ဆောင်မှု (One Stop Sevice) ရောင်းချနိုင်ရန် ပြောင်းလဲဆောင်ရွက်သွားမည် ဖြစ်သည်ဟု ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသောင်းကြည်က မဇ္ဈိမကို ပြောသည်။

ကျောက်မျက် ရောင်းဝယ်မှုများတွင် ရောင်းသူနှင့် ၀ယ်သူအကြား အရောင်းအ၀ယ်ဖြစ်ပေါ်မည့် ကျောက် မျက်များကို သက်ဆိုင်ရာဌာနသို့ သွားရောက်ကာ အခွန်ပေးဆောင်ခြင်းနှင့် တရားဝင်စစ်ဆေးမှုများ ပြု လုပ်ပြီးမှ ရောင်းရခြင်းဖြစ်သည်။ သို့ဖြစ်ရာ အဆိုပါအဆင့်များကို ကျောက်မျက် အချောထည်ဈေးတွင်ပင် လုပ်ဆောင်နိုင်ရေးအတွက် (One Stop Sevice) စနစ်ဖြင့် ရောင်းဝယ်နိုင်ရန် ပြောင်းလဲခြင်းဖြစ်သည် ဟု အောက်တိုဘာ ၂၃ ရက်တွင် ပြောသည်။

ဦးသောင်းကြည်က “အခွန်ဆောင်မယ့် ကိစ္စတွေ၊ စစ်ဆေးတဲ့အဖွဲ့တွေအားလုံးကို ကျောက်မျက်အချော ထည်ဈေးမှာပဲ တစ်ခါတည်းရုံးထိုင်ပြီး ၀ယ်သူအနေနဲ့ နယ်စပ်ကို ဖြတ်ယူသွားလို့ရတဲ့အထိ လုပ်နိုင် အောင် ပြောင်းလိုက်တာပါ။ အရောင်းအ၀ယ်အတွက် ဌာနဆိုင်ရာ တစ်ခုပြီးတစ်ခုကို သွား နေရတာမျိုးမ ရှိတော့ နှစ်ဖက်အဆင်ပြေတာပေါ့။ အဲဒီအတွက် ပြောင်းတာပါ”ဟု ပြောသည်။

အဆိုပါ (One Stop Sevice) ၀န်ဆောင် ရောင်းဝယ်မှုတွင် အစိုးရဌာနဆိုင်ရာအဖွဲ့ ခြောက်ဖွဲ့က ကချင် ပြည်နယ် ကျောက်မျက် အချောထည်ဈေးတွင် ရုံးထိုင်မည်ဖြစ်သည်။ ၎င်းရုံးထိုင်အဖွဲ့များက ကျောက်မျက် စစ် ဆေးခြင်း၊ အခွန်ကောက်ခံခြင်းနှင့် သယ်ယူ ခွင့်လိုင်စင်ထုတ်ပေးခြင်းကို အချောထည်ဈေးတွင် လုပ် ဆောင်ပေးမည်ဖြစ်ရာ ၀ယ်ယူသူများသည် နယ်စပ်ဖြတ်ကျော်ခွင့်များကို အပြီးရရှိသွားမည်ဖြစ်သည်ဟု ဦးသောင်းကြည်က ထပ်မံပြောသည်။

“အခုလက်ရှိ အချောထည်အနည်းစု အရောင်းအ၀ယ်ဖြစ်တယ်။ ဒါပေမဲ့ ထုထည် ပမာဏများများနဲ့ လုပ်ဖို့ အတွက်ဆိုရင် ဆိုင်ခန်းသမား၊ ၀ယ်ယူသူအားလုံး အဆင်ပြေမယ့် (One Stop Sevice) လုပ်နိုင်မှ ထု ထည် အများနဲ့ လုပ်နိုင်မှာပါ”ဟု ၎င်းက ဆိုသည်။

ထိုသို့ ရောင်းချမှုစနစ် ပုံစံပြောင်းလဲမှု လုပ်ဆောင်ပြီးပါက ကျောက်မျက်အသား (အရိုင်းတုံး)များအပြင် ကျောက်မျက်လက် ၀တ်ရတနာ၊ ကျောက်မျက်ပန်းချီ၊ ကျောက်မျက်ရုပ်တုများကိုလည်း ရောင်းအားမြှင့် တင်လာနိုင်မည်ဟု ဆက်လက်ပြောသည်။

နိုင်ငံတော်က ဖားကန့်ဒေသထွက် ကျောက်မျက်ကုန်ကြမ်းများကို ကချင်ပြည် နယ်ကျောက်မျက်ဈေးသို့ သယ်ယူခွင့် ပေးထားခြင်းကိုလည်း နိုဝင်ဘာလမှစတင် ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။ သို့ဖြစ်၍ ကုန်ကြမ်းမှတစ်ဆင့် ကုန်ချောထုတ်လုပ်မှု ကျယ်ပြန့်လာပြီး ဒေသခံများအတွက် အလုပ်အကိုင် အခွင့် အလမ်းများလည်း ပိုမိုရရှိလာမည်ဟု ဆိုသည်

No comments: