Saturday, October 4, 2014

တောင်တက်သမားနှစ်ဦး ရှာဖွေရေးကို ခေတ္တရပ်ဆိုင်းမည်

Mizzima

ပျောက်ဆုံးနေသည့် ခါကာဘိုရာဇီတောင်တက်သမားနှစ်ဦးအား ရှာဖွေရေး လုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းကာ လာမည့် ပွင့်လင်းရာသီ ရောက်မှသာ ဆက်လက်ရှာဆောင်ရွက်မည်ဟု ဦးတေဇက သူ၏ ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။

"မိမိတို့ထူးဖောင်ဒေးရှင်းအနေနဲ့ ခါကာဘိုရာဇီတောင်တက်သမားနှစ်ဦး ရှာဖွေခြင်းကိစ္စကို Blue Sky Rescue အဖွဲ့ဝင်များ၊ ဂျပန်နိုင်ငံမှ တောင်တက်အဖွဲ့ဝင်များနှင့် ဒေသခံတို့အား အကူအညီဆက်လက် တောင်းခံထားပြီး ရှာဖွေရေးကို ခေတ္တရပ်ဆိုင်းကာ လာမည့်ပွင့်လင်းရာသီမှ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒေသခံ ဝါရင့်တောင်တက်သမား နမားဂျွန်ဆင်ကလည်း ယခုအချိန်တွင် နှင်းများကျလာပြီဖြစ်ပြီး အချို့နေရာများတွင် ၃ ပေမှ ရင်ဝအထိ ရှိနေပြီဖြစ်တဲ့အတွက် လွန်စွာခက်ခဲလျက် ရှိကြောင်း ပြောကြားခဲ့ပါတယ်"ဟု ရေးသားထားသည်။

တောင်တက်သမားနှစ်ဦး ပျောက်ဆုံးနေသည်မှာ တစ်လခန့် ရှိပြီဖြစ်ပြီး ခါကာဘိုရာဇီ တောင်ပေါ်တွင် ထူးဖောင်ဒေးရှင်း၏ မြေပြင်ခြေလျင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် Blue Sky အဖွဲ့ဝင်များမှ ရှာဖွေလျက်ရှိ ပြီး ဝေဟင်ရှာဖွေမှုအပိုင်းတွင် အီတလီ၊ နီပေါ၊ အမေရိကန်လေယာဉ်မှူးများဖြင့် B3 ရဟတ်ယာဉ်နှစ်စင်းနှင့် ပူတာအိုရှိ တပ်မတော်လေမှ MI 17 ရဟတ်ယာဉ် တစ်စင်းဖြင့် ရှာဖွေလျက်ရှိသည်။

ယင်းသို့ရှာဖွေနေစဉ် ရှာဖွေရေးအဖွဲ့ကို ရိက္ခာပို့ပေးသည့် B4 ရဟတ်ယာဉ်မှာလည်း စက်တင်ဘာ ၂၇ရက်မှ စကာ အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးလျက်ရှိသည်။

No comments: