မျိုးသန့်
မန္တလေးမြို့တွင်း ယာဉ်စီးရေတိုးတက် မြင့်မားလာခြင်းကြောင့် နောင်လာမည့် ငါးနှစ်အတွင်း ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဖြစ်ပွားလာနိုင်သဖြင့် အများသုံးသယ်ယူ ပို့ဆောင်ရေးစနစ်ကို Asia Development Bank (ADB) နှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။
“မန္တလေးမြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်က ဆိုင်ကယ်တွေကိုပဲ အားကိုးနေရတယ်။ အဆင့်မြင့် ဘတ်စ်ကားတွေ မရှိသေးဘူး။ ရှိလာရင် ယာဉ်ကြောပိတ်ဆို့မှု တွေဖြစ်လာမယ်။ ဒါကြောင့် ငါးနှစ်အနေ အထားနဲ့ တွက်ချက်ပြီး သယ်ယူပို့ဆောင် ရေးစနစ်ကိုအဆင့်မြှင့်တင်သွားမှာ ဖြစ်တယ်”ဟု ဝန်ကြီးက ပြောသည်။
မန္တလေးမြို့တွင်းတွင် လိုက်ထရပ်ဘတ်စ် ကားများနှင့်ဆိုင်ကယ်များကို အဓိကထားကာသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးတို့၌ အသုံးပြုနေရရာမှ အဆင့်မြင့် ဘတ်စ်ကားများထားရှိသွားတော့မည်ဖြစ်သော ကြောင့် ပြင်ဆင်မှုများကိုလုပ်ဆောင် သွားရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဆိုင်ကယ်၊ လိုက်ထရပ်တွေကို အား ကိုးနေရတယ်။ ဘတ်စ်ကားလိုင်းက နေရာ တကာမရောက်ဘူး။ အဲဒီအတွက် ပြင်ဆင် ရတာတွေကို ပြင်ဆင်ရမှာဖြစ်တယ်။ မြို့ တိုးတက်လာတဲ့ပေါ်မူတည်ပြီး အဆင့်မီ ဘတ်စ်ကားလိုင်းတွေရှိဖို့ လိုပါတယ်။ အဲဒီအတွက်လည်း စီစဉ်နေပါတယ်” ဟု လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင်း စီးတီးဘတ်စ် ၁၈-စီး၊ ဒိုင်နာ ၃၈၃ စီး၊ ဟိုင်းလပ် ၁၅ စီး၊ လိုက်ထရပ် ၄၀၁ စီး ပေါင်း ၈၁၇ စီးနှင့် တက္ကစီ ၃၁၅ စီးရှိနေပြီး ယင်းအရေအတွက် နှင့်ပင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေခြင်း ကြောင့် ဖြေရှင်းပေးရန်အတွက် လိုအပ်နေပြီဖြစ်သဖြင့် ယခုကဲ့သို့ စီစဉ်လုပ်ဆောင်ခြင်းဖြစ်သည်။
No comments:
Post a Comment