မြတ်မင်း
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ အင်ကြင်းကျောက်များ ကို တရုတ်နိုင်ငံသို့ သွားရောက်ရောင်းချ စရာမလိုဘဲ ပြည်တွင်း၌ရောင်းချနိုင်ရန် ကျောက်စိမ်းဈေးကြီးတစ်ခုကို မူဆယ်ဗဟို စီးပွားရေးဇုန်အတွင်း၌ ၆ လအတွင်းအပြီး တည်ဆောက်သွားမည်ဟု မူဆယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်း ဒါရိုက်တာ ဦးငွေစိုးက မဇ္ဈိမကို ပြောသည်။
“မြန်မာပြည်ကနေထွက်တဲ့ ကျောက်စိမ်းဈေးကွက်က တရုတ်ပြည်ဘက်မှာ ရှိနေတယ်။ ဒီပစ္စည်းတွေက ကျွန်တော်တို့ တိုင်းပြည်က အဓိကထွက်တဲ့ ပစ်္စည်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဈေးကွက်ကတရုတ် ပြည်ဘက်မှာရှိနေပြီး ကျွန်တော်တို့ လူတွေက မျက်နှာငယ်စွာနဲ့ သွားရောင်းနေရတယ်။
“တရားဝင်သွားတာတွေရှိသလို တရားမ၀င်သွားတာတွေလည်း ရှိပါတယ်။ ဒါ ကြောင့် တစ်ဖက်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဈေးကွက်ကို ကျွန်တော်တို့ နိုင်ငံကို ပြန် ပြီးတော့ ဆွဲဆောင်နိုင်ဖို့ ကျောက်စိမ်းဈေး ကို တည်ဆောက်ရတာပါ”ဟု ၎င်းက ပြောသည်။
လက်ရှိအနေအထားတွင် ကျောက်စိမ်း ဈေးတည်ဆောက်နိုင်ရန် မြေပြုပြင်ထားရှိပြီး လာမည့်နိုဝင်ဘာလမှ နောက်ခြောက်လအတွင်းအပြီး တည်ဆောက်သွားမည် ဟု ဆိုသည်။
“ဒီဈေးကြီးပြီးသွားရင် ကျွန်တော်တို့ မြေပေါ်မှာ ကျွန်တော်တို့ရဲ့ပစ္စည်းကို ရဲရဲတင်းတင်းကိုင်ပြီးတော့ ရောင်းနိုင်လာမယ်။ တိုင်းတပါးကို မှီခိုချင်တဲ့ စိတ်တွေလျော့ ပါးလာမယ်” ဟု ၎င်းက ပြောသည်။
လက်ရှိအနေအထားတွင် မူဆယ်သည် မြန်မာပြည်မှ ကျောက်စိမ်းများ တရုတ်ပြည် သို့တင်ပို့ရာ အဓိက လမ်းကြောင်းဖြစ် ကြောင်း၊ မူလကျောက်စိမ်းထွက်ရှိရာ မိမိ တို့နိုင်ငံအနေဖြင့် အကျိုးကျေးဇူးများကို အပြည့်အ၀မခံစားရဘဲ တရုတ်ပြည်ကသာ ကျောက်စိမ်းနှင့် ပတ်သက်သည့် အကျိုး ကျေးဇူးများကို အပြည့် အ၀ခံစားနေရ ကြောင်း မူဆယ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်က ပြော သည်။
“ကျွန်တော်တို့ နိုင်ငံက ရသင့်ရထိုက်တဲ့ အကျိုးကျေးဇူးတွေကိုရအောင် ဒီစီမံကိန်းထဲမှာ ကျောက်စိမ်းဈေး ကြီး တည်ဆောက်မှာဖြစ်တဲ့အတွက် အနာဂတ်မှာမူ ဆယ်ကလည်း ရွှေလီဘက်နည်းတူကျောက်စိမ်း အရောင်းအဝယ် မြို့တော်ကြီးတစ်ခု ဖြစ်အောင် ကြိုးစားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်” ဟု ၎င်းက ပြောသည်။
ကျောက်စိမ်းဈေးကြီး အပါအ၀င် အ ဆောက်အအုံအမျိုးအစားပေါင်း ၁၈ မျိုးပါဝင်သည့် မူဆယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဒေသန္တရ ဖွံ့ဖြိုးရေး စီမံကိန်းကော်မတီနှင့် နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီတို့အကျိုးတူ ပူးပေါင်းပြီး ၂၀၁၂ ခုနှစ်မှစတင်၍ လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု ဆိုသည်။
No comments:
Post a Comment