Wednesday, October 15, 2014

ကျောက်မျက်ရောင်းဝယ်မှု နည်းပါးချိန်ဖြစ်သော်လည်း ကျောက်မျက်ပွဲတွင် ရောင်းမည့်ကုန်သည်များ

မောင်သင်တုန်း

နေပြည်တော် ကျောက်မျက်ရောင်းချပွဲကို ကျောက်မျက်တူးဖော်သည့် နယ်မြေပိတ်ထား၍ ရောင်းဝယ်မှု နည်းပါးနေချိန်တွင် ပြုလုပ်သော်လည်း ကျောက်မျက်နှင့် ကျောက်စိမ်းတွဲများကို ရောင်းချသည့်ကုန်သည်များ ယခင်ပွဲများ ထက်ပိုမိုများလာသည်ဟု ပြန်ကြားရေးတာဝန်ခံ ဦးသန်းဇော်ဦးက ပြောသည်။

"နယ်မြေကလည်း ပိတ်ထားရတယ်။ ပြီးခဲ့တဲ့ ၉ လပိုင်း တစ်ရက်ကမှ ဖွင့်ရတယ်။ အဲဒါလေးတွေ ပိတ်ထားတော့ ကုန်ကြမ်းလည်း နည်းတာပေါ့”ဟု ဦးသန်းဇော်ဦးက ပြောသည်။

ယခုပြုလုပ်သည့် ကျောက်မျက်ရတနာ ရောင်းပွဲသည် ပြည်တွင်း အချောထည် ပြုလုပ်သည့် လုပ်ငန်းရှင်များအတွက် ရောင်းချပေးခြင်းဖြစ်သည်ဟု ဆိုသည်။ တန်းဖိုးမြင့်မားသည့် ကျောက်မျက်များကို ယူရိုပွဲများတွင်သာလျှင် ရောင်းချခွင့်ပေးပြီး ယခုပြုလုပ်သည့်ပွဲ၌မူ C အဆင့် D အဆင့်ရှိသည့် ကျောက်မျက်မျာကိုသာ ရောင်းချခွင့်ပြုသည်။

"ဒီနှစ်က ထူးထူးခြားခြားဖြစ်တာက ကျပ်ငွေနဲ့ ရောင်းတဲ့ပွဲက နှစ်ပွဲဖြစ်သွားတာပေါ့။ ဇန်န၀ါရီလဆန်းက တစ်ကြိမ်လုပ်ပြီးပြီး။ ပုံမှန်ဘတ်ဂျက်အရ ဆိုရင်တော့ တစ်နှစ်ကို တစ်ကြိမ်သာ ပြုလုပ်တာပေါ့” ဟု ဦးသန်းဇော်ဦးကပြောသည်။

လက်ရှိ ကျောက်မျက်ရတနာပြပွဲတွင် ဖက်စပ်ကုမ္ပဏီ၊ ပုဂ္ဂလိက ကုမ္ပဏီနှင့် အရောင်းဆိုင် အပါအဝင် စုစုပေါင်း ကုမ္ပဏီ ၃၄၁ ကျောက်စိမ်းအသားတွဲပေါင်း ခုနှစ်ထောင်နီးပါးအထိ ရောင်းချပေးသွားမည်ဖြစ်သည်။

မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပွဲအနေဖြင့် ယခုအကြိမ်သည် လေးကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်သည်။ ယမန့်နေက အနေအထားအရ ကုန်သည်စုစုပေါင်း သုံးထောင်ကျော် ကျောက်မျက်ပွဲကို လာရောက်ကြည့်ရှုသူရှိသည်ဟု ဆိုသည်။

No comments: