Wednesday, October 1, 2014

ဗကသ ကျောင်းသူ ဖြူနှင်းထွေး လွတ်မြောက်ရေး ဆုတောင်းပွဲလုပ်

မြတ်မင်း

လက်ပံတောင်းစီမံကိန်း အကောင်အထည်ဖော်နေသည့် ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသား နှစ်ဦးကို ခေတ္တထိန်းသိမ်းခဲ့ရာတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရသော မန္တလေးတက္ကသိုလ် ဒုတိယနှစ်မြန်မာစာ ( အဝေးသင်) ကျောင်းသူ၊ ဗကသ အဖွဲ့ဝင် မဖြူနှင်းထွေး အမြန်ဆုံး ပြန်လွတ်ရန် မန္တလေးမှ နိုင်ငံရေးအဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်းများမှ အမျိုးသမီးများက မန္တလး မဟာမြတ်မုနိဘုရားကြီးတွင် ဆုတောင်းပွဲပြုလုပ်ခဲ့သည်။

ယင်းဆုတောင်းပွဲကို စက်တင်ဘာ ၂၉ ရက် ညနေက အမျိုးသမီးအင်အား ၃၀ခန့်မှ စုပေါင်းပြီး မဖြူနှင်းထွေး ပြန်လည်လွတ်မြောက်စေရန် ဆုတောင်းပေးခြင်း၊ ဆီမီးပူဇော်ခြင်း၊ ပန်းရေချမ်းကပ်လှူခြင်းနှင့် သန့်ရှင်းရေးလုပ် ဆုတောင်းခဲ့သည်။

“မဖြူနှင်ထွေးကို စွဲထားတဲ့ပုဒ်မက ပြန်ပေးပုဒ်မ။ တကယ်တမ်း စဉ်းစားကြည့်ရင် အားနွဲ့တဲ့ မိန်ကလေး တစ်ယောက်က အာကြီးတဲ့ ယောက်ျားကြီးနှစ်ယောက်ကို ပြန်ပေးဆွဲတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဖြူနှင်းထွေးကို အမြန်ဆုံးအန္တရာယ်ကင်းကင်းနဲ့ ပြန်လည်လွတ်မြောက်စေချင်တယ်။ မဖြူနှင်းထွေကို ခုလို တရားစွဲလိုက်တာက အမျိုးသမီးထု လုံခြုံမှုမရှိဘူး။ လုံခြုံမှုမဲ့ နေတယ်လို့ ခံစားရတယ်"ဟု တမာရိပ် အမျိုးသမီးအဖွဲ့မှ မတင်မာရီက ပြောသည်။

မဖြူနှင်းထွေကို စွဲဆိုထားသော ပုဒ်မများဖြစ်သည့် ပုဒ်မ ၃၆၄/ ၃၆၈ တို့၌ ပုဒ်မ ၃၆၄ ဆိုသည်မှာ တစ်ဦး တစ်ယောက်သောသူကို သတ်ရန်သော်လည်းကောင်း၊ အသတ်ခံရမည့်ဘေးရောက်အောင် စီမံခန့်ခွဲရန် သော်လည်းကောင်း၊ ခိုးယူလျှင် သို့တည်းမဟုတ် သွေးဆောင်ခေါ်ယူလျှင် ထိုပုဂ္ဂိုလ်ကို တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

No comments: