Saturday, October 25, 2014

ပြည်တွင်း ရွှေဈေးနှုန်း ကျပ်တစ်သောင်းကျော် ပြန်လည်မြင့်တက်

သိမ့်သဉ္ဇာဇင်

စက်တင်ဘာလဆန်းမှ စတင်၍ တရိပ်ရိပ် ကျဆင်းခဲ့သော ရွှေဈေးနှုန်းသည် အောက်တိုဘာလ လယ်ပိုင်းတွင်ပြန်လည်တက်ရိပ် ပြလာပြီး အောက်တိုဘာ ၂၁ ရက်တွင် ကျပ်တစ်သောင်းကျော် မြင့်တက်ခဲ့သည်ဟု ရွှေဆိုင်များက ပြောသည်။

ရွှေဈေးနှုန်းသည် ဈေးအနိမ့်ပိုင်းတွင် ရက်အတန်ကြာ တည်ငြိမ်နေရာမှ နိုင်ငံတကာရွှေဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်တွင်း ရွှေဈေး ကျပ်တစ်သောင်းကျော် မြင့်လာပြီး ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၆၂,၅၀၀ သို့ ရောက်ရှိနေသည်။

သြဂုတ်လနှင့် စက်တင်ဘာလများတွင် ပြည်တွင်းရွှေဈေးမှာ ၁၅ ပဲရည်လျှင် ကျပ် ၆၁၅,၀၀၀ နှင့် ၁၆ ပဲရည်လျှင် ကျပ် ၆၅၁,၀၀၀ဈေးပေါက်ရာမှ အောက်တိုဘာ ၂၂ ရက်တွင် ၁၅ ပဲရည်မှာ ကျပ် ၆၂၂,၅၀၀ နှင့် ၁၆ ပဲရည်မှာ ကျပ် ၆၆၂,၅၀၀ ဈေးအထိ ပြန်တက်ခဲ့သည်။

ရွှေဈေးတက်လာသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ဆက်လက်မြင့် တက်လာနိုင်သည်ဟု ရွှေလုပ်ငန်းရှင်များက ခန့်မှန်းသည်။

No comments: