ဖြိုးဝေလင်း
ရန်ကုန်တိုင်းအတွင်းရှိ ပြေးလေးပြေး တရားခံများကို ခြောက်လအတွင်း စီမံချက်ထုတ်ကာ ၅၀ ရာခိုင်နှုန်း မိအောင် ဖမ်းဆီးသွားမည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူးပြည့်စုံ က ပြောသည်။
“ပြေးလေးပြေးမှာ တရားခံပြေးက အများဆုံးပဲ။ လက်ရှိရန်ကုန်မှာ ပြေးလေးပြေး ၂,၆၀၀ ကျော် ရှိပါတယ်။ အဲ့ဒီအထဲကမှ ၅၀ ရာခိုင်နှုန်းကို ခြောက်လအတွင်း မိအောင်ဖမ်းမှာပါ” ဟု ၎င်းက ပြောသည်။
စစ်ပြေး၊ ရဲပြေး၊ ရဲဘက်ပြေး၊ တရားခံ ပြေး စသည့် ပြေးလေးပြေးအနက် တရားခံပြေးမှာ အများဆုံးဖြစ်နေ ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ၂၅ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ၊ ဖေ ဖော်ဝါရီ၊ မတ်လများတွင် ၂၅ ရာခိုင်နှုန်းကို စီမံချက်ဖြင့် ဖမ်းဆီးသွားမည်ဟု ဒု-ရဲမှူးပြည့်စုံက ရှင်းပြသည်။
“ပြေးနေတဲ့ တရားခံတွေကတော့ ရန်ကုန်ထဲမှာရှိရင်တော့ ရန်ကုန်ထဲမှာ ဖမ်းမှာပေါ့။ တခြားပြည်နယ်နဲ့ တိုင်းတွေ ရောက်နေရင်တော့ နယ်မြေခံရဲတွေနဲ့ ချိတ်ဆက်ပြီး ဖမ်းသွားမှာပါ” ဟု ၎င်းက ပြောသည်။
၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၁ရက်မှ အောက်တိုဘာလ ၁၉ရက်အထိ တစ်လကျော်အတွင်း ရန်ကုန်တိုင်း အတွင်းရှိ ခရိုင် လေးခုရှိ ပြေးလေးပြေးတရားခံ ၇၉၅ ဦး ဖမ်းမိထားပြီး စစ်ပြေး ၃၂၁ ဦး၊ ရဲပြေး ၅၁ ဦး၊ ရဲ ဘက်ပြေး ၁၇ ဦး၊ တရားခံပြေး ၄၀၆ ဦး ပါဝင်ခဲ့သည်။
လက်ရှိ လှိုင်သာယာမြို့နယ်အတွင်း ပြေးလေးပြေး တရားခံများ ဖမ်းဆီးရန် စီမံချက်ချမှတ်၍ စတင် လုပ်ဆောင်နေပြီဖြစ်ပြီး နောက်ပိုင်းတွင် ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်အားလုံးစီမံချက်ဖြင့် လုပ်ဆောင်သွားမည် ဟု ဒု-ရဲမှူးပြည့်စုံက ပြောသည်။
No comments:
Post a Comment