ဖနိဒါ
အစိုးရနှင့် ရှမ်းပြည်နယ်၊ မိုင်းလားမြို့၌ အောက်တိုဘာ ၂၂ ရက်က တွေ့ဆုံစဉ် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ ဖြိုးရေး၊ ရေအားလျှပ်စစ် စက်ရုံ တည်ဆောက်ရေး ဆွေးနွေးခဲ့သည်ဟု UWSP ပြောခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် “၀”အထူးဒေသ(၂) “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလား (NDAA) တို့ ဆွေးနွေးကြခြင်းဖြစ်သည်
“ပြည်လုံးကျွတ် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ” ခေါင်းစဉ် ဖြင့် UWSP ဒေသ ဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ရေအား လျှပ်စစ်စက်ရုံများ တည်ဆောက်ရေး ဆွေးနွေးခြင်းဖြစ်သည်ဟု ဆို သည်။
“၀ ဒေသမှာ အိမ်တိုင်း၊ ကျေးရွာတွေအားလုံး မီးလင်းဖို့ပဲ။ နောက်ဒေသရဲ့ စက်မှုလုပ်ငန်းဖွံ့ဖြိုးဖို့၊ လျှပ်စစ် မီးရယ်၊ ကားလမ်းရယ် တစ်ဆင့်တိုး မြှင့်တင်ဆောင်ရွက်ဖို့ကိစ္စ ဆွေးနွေးကြပါတယ်” ဟု ဦးအောင် မြင့် က ပြောသည်။
“၀”အထူးဒေသ(၂)က သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် လျှပ်စစ်စီမံကိန်း၊ ရှမ်းပြည်နယ် သီပေါမြို့ နယ်အတွင်း တည်ဆောက်မည့် ရေအားလျှပ်စစ် စက်ရုံ၊ မိုင်းလား အထူးဒေသ(၄)တွင် တည်ဆောက်ဆဲ ဖြစ်သော ရေအားလျှပ်စစ်စက်ရုံတို့ကို အချိန်မီပြီးစီးရန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက သီပေါမြို့နယ်တွင် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရန် နှစ်ဖက် စာချုပ် ချုပ်ဆိုခဲ့သော်လည်း အတားအဆီးကြုံတွေ့ရသည် တို့ကိုဆွေးနွေးသည်ဆိုသော်လည်း အသေးစိတ်ထုတ် မပြောပေ။
နိုင်ငံပိုင်သတင်းစာကလည်း အပစ်အခတ်ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် တပ်ပိုင်းဆိုင် ရာ ကိစ္စများ ဆွေးနွေးခဲ့သည်ဟု အောက်တိုဘာ ၂၃ ရက်တွင် ဖော်ပြထားသည်
UWSP ၏ လက်နက်ကိုင်တပ်ဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တို့အနက် အင်အားအကြီးဆုံး ဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ စက်တင်ဘာတွင် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည်။
No comments:
Post a Comment