Monday, October 6, 2014

တောင်ကြီးမြို့ပေါ်တွင် ဗုံး ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွား

သျှမ်းသံတော်ဆင့် ၊ ယိင်းတိုင်း

သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီး မြို့တွင် အောက်တိုဘာ ၄ ရက် ၊ ည ၁၀ နာရီကျော်က ဗုံးပေါက်ကွဲမှု ဆက်တိုက် ဖြစ်ပွား ခဲ့ပါသည်။

တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ အမှတ်(၂၁၂)၊ စစ်သွယ်ရေးတပ် ယာဉ်ထိန်းရုံးရှေ့တို့၌ ဗုံးပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး ယာဉ်ထိန်း နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းတာဝန်ရှိသူများထံမှသိရသည်။

“စဝ်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဝဲဘက်ဘေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁) ဂိတ် ရှေ့ ကားမှတ်တိုင် မှာ ဗုံး ၁ လုံး ပေါက်ကွဲတယ်။ ထိခိုက်ဒဏ်ရာရမှုတော့မရှိဘူး။ ကားမှတ်တိုင်အမိုး သွပ်ပြားတွေလန်ထွက်ပျက်စီးတယ်။ ကျောင်းကြီးစုရပ်ကွက်ဗိုလ်ချုပ်လမ်း၊ သျှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးဘေး အမှတ်(၂၁၂)ဆက်သွယ်ရေးတပ်ရှေ့ မှာလည်း ဗုံး ၁ လုံး ပေါက်ကွဲတယ်။ အဲတာလည်း ထိခိုက်ဒဏ်ရာရှိမှုမရှိဘူး။ အဲဒီနေရာနဲ့မျက်နှာချင်းဆိုင် အမှတ်(၁၅) ယာဉ်ထိန်း ရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးဝင်ပေါက် လမ်းယာဘက်အပင်အောက်မှာလည်း ဗုံး ၁ လုံးထပ်မံပေါက်ကွဲတယ်။ ဆက်သွယ်ရေး တပ် ရှေ့ ကပေါက်ကွဲသံကြားလို့ ထွက်ကြည့်ကြတာ အစကတော့ ကျတော်တို့ခြောက်ယောက်ရှိတယ် အဲ့ထဲကနှစ် ယောက်ကပြေးထွက်ကြည့်တာ အဲ့နှစ်ယောက်ထိသွားတယ် ၂ ဦး ” ယာဉ်ထိန်းတပ်ဖွဲ့ဝင်တဦးကပြောပါသည်။

သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး တိုင်းစစ်ဌာနချုပ်မှ စအရ (၉၀၃) မှမိုင်းရှင်းလင်းရေးအဖွဲ့များဖြင့် ဗုံးပေါက်ကွဲသည့် နေရာသို့သွားရောက် ရှင်းလင်းရှာ ဖွေရာ ရလခတိုင်း စစ်ဌာနချုပ်၊ ဂိတ်(၁)ရှေ့အနီး ဗိုလ်ချုပ်လမ်း၊ လမ်းလယ်ကျွန်းအုတ်ခုံဘေးနှင့် ဆိုင်းဘုတ်အနီး တွင်မပေါက်ကွဲ သေး သည့်ဗုံး ၂ လုံးထပ်မံတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ဗုံးကို သဲအိတ်များကာရံ၍ ဖောက်ခွဲ ဖျက်စီးခဲ့ကြောင်း ရဲအသိုင်းအဝိုင်းက ပြောပါသည်။

ထို့ကြောင့် စုစုပေါင်း ဗုံး (၅) လုံးအနက် သုံးလုံးမှာပေါက်ကွဲမှုဖြစ်ခဲ့ပြီးကျန်နှစ်လုံးမှာ အချိန်မှီဖောက်ခွဲဖျက်စီးနိုင်ခဲ့ ကြောင်း သိရသည်။


ဤပေါက်ကွဲမှုနှင့်ပတ်သက်၍တောင်ကြီးမြို့ဒေသခံပြည်သူများထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း ကျောင်းကြီး စု ရပ်နေ ဒေသခံတစ်ဦးက ဤကဲ့သို့ ပြောပါသည်။

“တော်တော်လန့်သွားတယ်။ အသံအကျယ်ကြီးကို ငါးမိနစ်ခြားတစ်ခါလောက် ကြားရတယ်။ အိမ်နဲ့လည်းနီး တော့ အိမ်တွေတောင်ခါရမ်းသွားတယ်။ ဒါရိုးရိုးဗျောက်အိုးဖောက်တာမဟုတ်ဘူး။ တစ်ခုခုတော့ဖြစ်နေပြီ ဆိုတာ ချက်ချင်းသိလိုက်တယ် ” ဟု ၄င်းကပြောပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ တောင်ကြီးမြို့တွင် လုံခြုံရေးများ တိုးမြင့်ချထား၍ မြို့ဝင်မြို့ထွက်ရှိ စစ်ဆေး ရေးဂိတ်များ၊ မြို့ပေါ်ရပ်ကွက်များအတွင်း ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။


No comments: