ဝင်းကိုကိုလတ်
မို့ပြ၊ ကျေးလက်ဒေသများ ရေရရှိရေးအတွက် ၂၀၁၄- ၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၃၈ ဘီလီယံကျော် အသုံး ပြုသွားမည်ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေးက ပြောကြားသည်။
၎င်းက ယခုဘဏ္ဍာနှစ်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ငွေကျပ် ၃၈ ဘီလီယံဖြင့် လုပ်ငန်း ၃,၃၀၉ ခုကို ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။
၎င်းက ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသည် သောက်သုံးရေရှားပါးမှု ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်လည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့များဖြင့် လည်းကောင်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏နှစ်တို၊ နှစ်ရှည်စီမံ ကိန်းများဖြင့် လည်းကောင်း၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းများဖြစ်သည့် UNICEF နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီများဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
မွေးရေ၀န်ကြီးဌာနကလည်း ၂၀၀၀- ၀၁ ဘဏ္ဍာနှစ်မှ ၂၀၀၉-၁၀ ဘဏ္ဍာနှစ်အထိ အပူပိုင်းဇုန် တိုင်းဒေသ ကြီး သုံးတိုင်းနှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များ၏ ကျေးလက်ရေရရှိရေး ၁၀ နှစ်စီမံကိန်း များရေး ဆွဲ၍ အကောင်အထည်ဖော်ခဲ့သည်ဟု ဆိုသည်။ ၂၀၁၁- ၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၅- ၁၆ ဘဏ္ဍာနှစ်အထိ ကျေးလက် ရေရရှိရေး ငါးနှစ်စီမံကိန်း၊ ၂၀၁၁- ၁၂ ဘဏ္ဍာနှစ်မှ ၂၀၃၀- ၃၁ ဘဏ္ဍာနှစ်အထိ အနှစ် ၂၀ စီမံကိန်း ရေးဆွဲဆောင် ရွက်လျက်ရှိသည်ဟု ဆိုသည်။
အပူပိုင်းဇုန်တိုင်းသုံးတိုင်းတွင် ၂၀၁၂- ၁၃ မှ ၂၀၁၆- ၁၇ အထိ ကျေးရွာပေါင်း ၈၇ ရွာတွင် ရေရရှိရေးလုပ် ငန်း ၈၇ ခုကို ဂျိုက်ကာနှင့် ပူးပေါင်း၍လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ခု တွင် ၂၀၁၂- ၁၃ မှ ၂၀၁၄- ၁၅ ခုအထိ ကျေးရွာပေါင်း ၃၁၆ ရွာတွင် ရေရရှိရေးလုပ်ငန်း ၃၃၆ ခုကို ယူနီဆက်ဖ်နှင့် လည်းကောင်း ဆောင်ရွက်လျက်ရှိသည်ဟု တပ်မတော်သားအမတ် ဗိုလ်မှူးဇင်မျိုးလတ်၏ မေးမြန်းမှုကို ပြန် လည်ဖြေကြားခဲ့သည်။
No comments:
Post a Comment