Friday, October 17, 2014

မြန်မာတပ်မတော် ကိုယ်စားလှယ်အဖွဲ့ ဒက္ကားမြို့သို့ ရောက်ရှိ

နိရဉ္စရာ

လက်ထောက် စစ်ရေးချူပ် ဗိုလ်မှူးချုပ် သန်းစိုး ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့သည် ယမန်နေ့က ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တော်သို့ ရောက်ရှိလာကြောင်း သိရသည်။

မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင် ဆေးဘက်ဆိုင်ရာ အရာရှိ (၆) ဦး၊ ဘော်လုံးသမား (၂၃) ဦး၊ ဘော်လီဘောသမား (၁၇) ဦးနှင့် နောက်ထပ် တပ်မတော်အရာရှိ (၂) ဦး တို့ ပါဝင်သည်ဟု သိရသည်။

ISPR (Inter Services Public Relations) မှ ထုတ်ပြန်သော ကျေညာချက်တွင် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် (၆) ရက်တာ နေထိုင်မည် ဖြစ်ပြီး လာမည့် တနင်္ဂနွေနေ့တွင် ပြန်လည် ထွက်ခွာမည်ဟု ဆိုသည်။

(၆) ရက်တာ ခရီးစဉ် အတွင် ဒုစစ်ထောက်ချုပ် ဗိုလ်မှူးချုပ် သန်းစိုးသည် ဘင်္ဂလာဒေခ်ျ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အီကဘာ ကာရိမ်း ဘုယန် ( Iqbal Karim Bhuiyan) အပါအ၀င် စစ်ရေးချုပ် ဗိုလ်မှူးချုပ် အာချာရက်စ် အဒူလာ ယူစွတ် ( Ashraf Abdullah Yussuf) တို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ဘက်ရေးရာများကို ဆွေးနွေးကြမည်ဟု သိရသည်။

ယင်းပြင် မြန်မာ့တပ်မတော် အားကစားသမားများသည် ဘင်္ဂလာဒေခ်ျ့ စစ်တပ်နှင့် ချစ်ကြည်ရေး ဘော်လုံးနှင့် ဘော်လီဘောပွဲများကို ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

မြန်မာ့တပ်မတော် ဒုစစ်ထောက်ချုပ်သည် တပ်မတော်ဆေးကောလိပ်၊ တပ်မတော် ရောဂါဗေဒ သိပ္ပံဌာနနှင့် ဘင်္ဂလာဒေခ်ျ့ စစ်တက္ကသိုလ်သို့ သွားရောက်လည်ပတ်မည်ဟု သိရသည်။

ယခု မြန်မာတပ်မတော် ကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်သည် ချစ်ကြည်ရေး ခရီးစဉ်ဖြစ်ပြီး ယခုနှစ် မေလ နောက်ဆုံး အပတ်က ဖြစ်ပွားခဲ့သော နယ်စပ်တင်းမာမူ ဖြစ်ပွားပြီးနောက် ပထမဆုံး ခရီးစဉ်လည်း ဖြစ်သည်။

No comments: