ဟိန်းကိုစိုး
အုပ်ချုပ်ရေးပိုင်းဆိုင်ရာဌာနများ ပြုပြင်ပြောင်းလဲမှု နှေးကွေးနေခြင်းမှာ တပ်မတော်အရာရှိဟောင်းအများအပြား ပါဝင်နေသောကြာင့်ဖြစ်သည် ဟုသမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းက အောက်တိုဘာ ၅ ရက်က ရန်ကုန်တိုင်းလွှတ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
အစိုးရဌာနဆိုင်ရာရုံးများတွင် တပ်မတော်အရာရှိဟောင်းများစွာ နေရာယူထားသည့်အပေါ် ထောက်ပြ ဝေဖန်မှုများရှိနေသည်။ထို့ပြင်လက်ရှိကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း တပ်မတော်သား များက လွှတ်တော်တွင် ၂၅ရာခိုင်နှုန်း နေရာယူထားသည်။
No comments:
Post a Comment