မင်းမင်း
ရန်ကုန်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ကန်တော်ကြီးရေပြင် ကြည်လင်သန့်ရှင်းရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကျပ်သိန်းပေါင်းများစွာသုံးစွဲပြီးဖြစ်သည်ဟု အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ဌာနခွဲမှူး ဒေါ်ခင်အေးမြင့်က မဇ္ဈိမကို ပြောသည်။
“ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ လျာထားငွေထဲကနေ ဆောင်ရွက်နေတာ။ ကျပ်သိန်းပေါင်းကို မနည်းတော့ဘူး။ သောင်းဂဏန်းနဲ့တောင် ချီနေပြီ” ဟု ဌာနခွဲမှူးက ပြောသည်။ ပမာဏ အတိအကျကိုမူ ထုတ်ပြောခြင်းမရှိပေ။
ရေကြည်လင်ရေးကို ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ လှူဒါန်းထားသည့် စက်ပစ္စည်းများဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
“လှူထားတာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ ဘာလုပ်ပေးလဲဆိုရင် စက်သုံးဆီတွေ၊ ဂုန်နီအိတ်တွေ ဝယ်တယ်။ ဂျပန်နိုင်ငံက ဓာတုပစ္စည်းတွေ ဝယ်ပြီးတော့ ဂုန်နီအိတ်တွေနဲ့ ရေညှိတွေစစ်ယူတဲ့ နည်းတွေသုံးတယ်။ စည်ပင်ကနေပြီးတော့ပဲ အကုန်အကျခံပြီး ရေညစ်စုပ်စက်တွေ၊ ရေစစ်တိုင်ကီတွေနဲ့ စစ်ယူတယ်” ဟု ဌာနခွဲမှူးက ဆိုသည်။
ထို့ပြင် အမေရိကန်နိုင်ငံမှ ထုတ်သည့် ဆေးဖျန်းပြီးအပြီး စိမ်းနေသော ရေညှိသတ်ခြင်းကိုလည်း လုပ်ဆောင်နေပြီး ဆိုလာရောင်ခြည်ဖြင့် ရေသန့်သည့် နည်းလမ်းကိုလည်း သုံးစွဲသည်ဟု ၎င်းကဆိုသည်။
ကန်တော်ကြီးပတ်လည်ရှိ ရပ်ကွက်များမှ ရေများကန်အတွင်း ဝင်မလာစေရန် ရေလွှဲမြောင်း တူးဖော်၍ ကာကွယ်ထားသည်ဟု ရန်ကုန်မြို့တော်စည်ပင် ရေနှင့်သန့်ရှင်းမှုက ပြောသည်။
No comments:
Post a Comment