သက်အောင် (ဇေယျဝတီ)
ပဲခူးတိုင်း၊ ဖြူးမြို့အတွင်း ဆိုင်ကယ်ဖြင့် လှည့်ပတ်၍ စိတ်ကြွဆေးပြားများ လိုက်လံရောင်းချနေသူ တစ်ဦးကို ဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာလ ၂၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဖြူး မြိ့နယ်၊ ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန် ထားသည်။
ဖြစ်စဉ်မှာ တောင်ငူခရိုင် မူးယစ်လှုပ်ရှားအဖွဲ့နှင့် နယ်မြေခံရဲစခန်း တာဝန်ရှိသူများသည် သတင်းအရ ဖြူး မြို့၊ ဈေးလမ်းနှင့် (၃) လမ်းထောင့်ရှိ မီးသတ်စင် အောက်တွင် စောင့်ဆိုင်းနေစဉ် ဈေးလမ်းအတိုင်း ဆိုင် ကယ်ဖြင့် မောင်းနှင်လာသူ လူငယ်ကိုရပ်ခိုင်းပြီး ရှာဖွေစစ်ဆေးခဲ့ရာ အောင်မျိုးသူ၊ အသက်(၃၀)နှစ်၊ (ဘ) ဦးတင်ထူး၊ ဘန်းလောင်ရပ်၊ ဖြူးအရှေ့အုပ်စုနေသူ ဖြစ်ကြောင်းသိရပြီး ၎င်းထံမှ တိတ် အနက်ရောင် ပတ် ထားသော အဖုံးအပိတ်ပါ ကော်ဘူးအသေးအတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၃၄ ပြား၊ အလေးချိန် ၃ ဒသမ ၄ ဂရမ် ကာလတန်ဖိုး ကျပ် ၁၇၀,၀၀၀၊ စိတ်ကြွရူးသွပ်ဆေးပြား ရောင်းရငွေ ကျပ် ၂၂၇,၈၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရားမ၀င် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင် လက်ဝယ်ထားရှိပြီး ရောင်းချသူ အောင်မျိုးသူကို တောင်ငူခရိုင် မူးယစ်လှုပ်ရှားအဖွဲ့မှ ဒု-ရဲအုပ် အောင်ဇော်မျိုးက တရားလိုပြု လုပ်တိုင်တန်းသဖြင့် ဖြူးမြို့မရဲစခန်းက မူးယစ်(ပ) ၂/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၅/၁၉ (က)၊ ၂၀(က)၊၂၁ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
No comments:
Post a Comment