Monday, October 27, 2014

တယ်လီနောကတ်များ ရန်ကုန်တွင် အောက်တိုဘာ ၂၆ ရက် စသုံးနိုင်ပြီ

Mizzima

တယ်လီနော ဆင်းကတ်များ ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၆ ရက်၌ စတင် အသုံးပြုနိုင်ပြီဟု မန္တလေးနှင့် နေပြည်တော်ရှိ တယ်လီနောဆင်းကတ် အသုံးပြုသူများထံ အောက်တိုဘာ ၂၅ ရက် ညနေက စာတို(မက်ဆေ့)ပို့လာသည်ဟု ၎င်းဆင်းကတ် အသုံးပြုသူများက ပြောသည်။

တယ်လီနောဆင်းမ်ကတ်မှာ ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်၊ SMS တစ်စောင် ၁၅ ကျပ်၊ အင်တာနက်အသုံးပြုခ 1M လျှင် ၆ ကျပ်နှင့် ၁၀ ကျပ်ဖြစ်သည်။ အလားတူပင် အူရီးဒူးဆင်းမ်ကတ်၏ မိုဘိုင်းခေါ်ဆိုခမှာတစ်မိနစ် ၂၅ ကျပ် နှင့် ၃၅ ကျပ် ၊ SMS တစ်စောင်လျှင် ၁၅ ကျပ်နှင့် အင်တာနက်အသုံးပြုခမှာ 1Mb လျှင် ၁၀ ကျပ် ကျသင့်မည်ဖြစ်သည်။

တယ်လီနော၏ ဆင်းမ်ကတ်များကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး ဖုန်းခေါ်ဆိုမှုအတွက် ပြည်ပနိုင်ငံ ၂၀၀ ကျော်သို့ ခေါ်ဆိုနိုင်မည်ဖြစ်သည်ဟု ကိုစိုးသူထွန်းက ပြောသည်။ ပြည်ပခေါ်ဆိုခများသည် နိုင်ငံအလိုက် တစ်မိနစ်ပြောဆိုခ ကျပ်တစ်ရာမှ ကျပ် ခြောက်ရာအတွင်း ကျသင့်မည်ဖြစ်သည်။

တယ်လီနော ဆင်းကတ်များကို စက်တင်ဘာ ၂၇ ရက်က မန္တလေးမြို့တွင် စတင်အသုံးပြုနေခြင်းဖြစ်သည်။

No comments: