Tuesday, October 21, 2014

Mr, Asia 2014 ပြိုင်ပွဲတွင် ဆု ၅ ဆု ပိုင်ဆိုင်ခဲ့သည့် ခါရာ အောက်တိုဘာ ၂၁ ရက် ပြန်ရောက်မည်

ပန်းမြတ်ဇော်

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ကျင်းပခဲ့သည့် Mr, Asia 2014 ပြိုင်ပွဲ၌ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည့် ခါရာသည် အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

ခါရာ သည် စက်တင်ဘာ ၁၉ ရက်တွင် ဟောင်ကောင်သို့ ထွက်ခွာသွားခဲ့ပြီး စက်တင်ဘာ ၂၀ ရက်မှအောက်တိုဘာ ၁၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် MR, Asia Contest 2014 ပြိုင်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

MR. Asia Contest 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းက MR, Asia 2014 ပြိုင်ပွဲတွင် ဆု ၅ ဆု ရရှိ ပိုင်ဆိုင်ခဲ့သည်။

MR. Asia Contest 2014 ပြိုင်ပွဲတွင် The Winner and 1st Runner Up ကို တရုတ်နိုင်ငံက ရရှိခဲ့ပြီး Second Runner Up ကို ခါရာက ရရှိခဲ့ကာ Viewers' Choice Winner (Mr. Popularity)၊ Mr. Charismatic Award ၊ Mr. Gorgeous Award နှင့် Missosology 's Top Favourite ဆု တို့ကိုရရှိခဲ့သည်။ MR. Asia Contest 2014 ပြိုင်ပွဲမှ ချီးမြှင့်သည့် ဆု (၁၀)ဆု ထဲကမှ ငါးဆုကို မော်ဒယ်ခါရာက ရရှိ ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲ အတွက် စက်တင်ဘာ ၂၆ ရက် မှ စတင်ပြီး မဲပေးစနစ် စတင်ခဲ့ရာ မြန်မာနိုင်ငံမှ မဲ အများဆုံးဖြင့် ပထမ နေရာတွင် ရပ်တည်ခဲ့ခြင်း ကြောင့် Mr. Popularity ဆုကို ရရှိ ခဲ့ခြင်း ဖြစ်သည်။

Mr. Asia Myanmar 2014 မော်ဒယ်ခါရာ သည် အသက် ၂ဝ ရှိသည့် ရှမ်းလူမျိုး ဖြစ်ပြီး မိုးကုတ်မြို့တွင် နေထိုင်ကာ B.A (English) ဖြင့် ကျောင်းပြီး ထားသူဖြစ်သည့် အပြင် သီချင်းဆိုခြင်းနှင့် မြန်မာ့ရိုးရာအက တတ်ကျွမ်းသူ တစ်ဦးဖြစ်သည်။

No comments: