Wednesday, October 22, 2014

U19 ပွဲမှာ ကာတာက မြန်မာအပေါ် အသာရ

ABC

အသက် ​၁၉ ​နှစ်အောက် ​အာရှလူငယ် ​ဘောလုံးပြိုင်ပွဲ ​U19 ​ချန်ပီယံ ​ဆီမီးဖိုင်နယ် ​ဗိုလ်လုပွဲမှာ ​မြန်မာအသင်းက ​ကာတာအသင်းကို ​၃ ​ဂိုး ​၂ ​ဂိုး ​ရှုံးနိမ့်ခဲ့ပါတယ်။

ကာတာအသင်းနဲ့ ​အိမ်ကွင်းမှာ ​အချိန်ပို ​ကစားခဲ့ရာက ​ရှုံးနိမ့်သွားတာဖြစ်ပြီး ​ကာတာ ​အသင်းက ​မြောက်ကိုရီးယားအသင်းနဲ့ ​ဗိုလ်လုမှာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​မြန်မာ ​အသင်းအနေနဲ့ ​တတိယနေရာအတွက် ​Uzbekistan ​နဲ့ ​ယှဉ်ပြိုင်ခွင့် ​ရရှိဦးမှာ ​ဖြစ်ပါတယ်။

ဒီပွဲမှာ ​ရှုံးနိမ့်သွားပေမယ့်လည်း ​နယူးဇီလန်မှာ ​ကျင်းပမယ့် ​ကမ္ဘာ့ဖလားပွဲမှာတော့ ​မြန်မာက ​ဝင်ပါခွင့်ရရှိသွားပြီ ​ဖြစ်ပါတယ်။


အိမ်နီးချင်းနိုင်ငံက ​မြန်မာကို ​အားကျနေ

ကမ္ဘာ့ဖလားမှာ ​ဝင်ပါခွင့်ရရှိသွားသလို ​အရင်ရက်တွေတုန်းကလည်း ​ယူအေအီးအသင်းကို ​အနိုင်ရတဲ့အတွက် ​မြန်မာတွေ ​ဘောလုံးလောကထဲ ​ပြန်ဝင်လာပြီလို့ ​ပြောဆိုနေကြပါတယ်။

မြန်မာဘောလုံးမှာ ​အောင်မြင်မှုတွေ ​ရရှိအောင် ​ဂျာမနီနိုင်ငံ ​နည်းပြကို ​ငွေကုန်ကြေးကျခံ ​ခေါ်ယူပြီး ​မြန်မာ ​ကစားသမားတွေကိုလည်း ​ဥရောပကို ​ပို့ဆောင်ပြီး ​သင်တန်းတွေ ​ပေးခဲ့ပါတယ်။

ဒါတွေကို ​ကြည့်ပြီး ​ထိုင်းကစားသမားတွေအတွက် ​အတုယူစရာ၊ ​စောင့်ကြည့်စရာဖြစ်တယ်လို့ ​The ​Nation ​သတင်းစာမှာ ​ရေးသားထားပါတယ်။


မြန်မာဘောလုံး ​ပရိတ်သတ် ​လုပ်ရပ်ကြောင့် ​မြန်မာက ​ဒေါ်လာ ​၂၄၀၀၀ ​ဒဏ်ကြေးဆောင်ရ

တဆက်တည်းမှာပဲ ​၁၉ ​နှစ်အောက် ​အာရှလူငယ် ​ဘောလုံးပြိုင်ပွဲ ​U19 ​ချန်ပီယံပွဲမှာ ​မြန်မာအသင်းက ​ယူအေအီးအသင်းအပေါ် ​အနိုင်ရပြီးနောက် ​မြန်မာပရိသတ်တွေ ​ကွင်းထဲဝင်လာတဲ့အတွက် ​အာရှဘောလုံးအဖွဲ့ချုပ်က ​မြန်မာကို ​ဒေါ်လာ ​၂၄၀၀၀ ​ဒဏ်ငွေဆောင်ခိုင်းလိုက်ပါတယ်။

အဲဒီ ​ဒဏ်ငွေ ​နှစ်သောင်းခွဲနီးပါးနဲ့အတူ ​နောက်နောင်မှာ ​ကိုယ့်ပရိသတ်ကို ​ကိုယ်မထိန်းနိုင်ဘူးဆိုရင် ​ပရိသတ်တွေမပါပဲ ​တခါးပိတ် ​ကစားရမှာ ​ဖြစ်တယ်လို့လည်း ​အာရှဘောလုံးအဖွဲ့ချုပ်က ​မြန်မာကို ​သတိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် ​ဒီဇင်ဘာလတုန်းကလည်း ​အရှေ့တောင် ​အာရှ ​ဘောလုံးပွဲမှာ ​ထိုင်းအသင်းကို ​ရှုံးနိမ့်ခဲ့ရာက ​မြန်မာ ​ပရိသတ်တွေ ​ထိုင်ခုံတွေ ​ဖျက်ဆီးပြီး ​တွေ့ကရာ ​ပစ္စည်းနဲ့ ​ဘောလုံးအမှုထမ်းတွေကို ​ပစ်ပေါက်တဲ့အတွက် ​ရဲတွေက ​မီးသတ်ပိုက်တွေကို ​အသုံးပြုပြီး ​လူစု ​ခွဲခဲ့ရပါတယ်။

No comments: