သျှမ်းသံတော်ဆင့်
သျှမ်းပြည်အလယ်ပိုင်း ကျေးသီး၊ မိုင်နောင်၊ မိုင်းနန်း မြို့နယ်များ၌ ယနေ့မှစ၍ လုံခြုံရေးအကြောင်းပြ ကြိုတင်မဲများ ကောက်ယူနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
မနေ့က စရဖ လျှို့ဝှက်သတင်းအရတဲ့။ ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၇ ရက်မှာ သောင်းကျန်းသူ တွေက ဗုံးခွဲဖျက် ဆီးဖို့အစီအစဉ်ရှိတယ်တဲ့။ လုံခြုံရေးအတွက်ဆိုပြီး ကြိုတင်မဲတွေစကောက်တာဖြစ်တယ်” - ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်နှင့်နီးစပ်သည့်အသိုင်းအ၀ိုင်းကပြောသည်။
ကျေးသီးမြို့နယ်တွင် မဲရုံ ၂၄ ရုံသတ်မှတ်ထားရာ ( နိုဝင်ဘာ ၇ ရက်ကျင်းပရန်) မြို့တွင်း ၆ ရပ်ကွက်နှင့် ခလရ ၁၃၁ မှအပ ကျန်မဲရုံ ၁၇ ရုံ အတွက် ကြိုတင်မဲစတင်ကောက်ယူခြင်းဖြစ်သည်ဟု မဲရုံတာဝန်ကျ လူငယ် တဦး ကလည်းပြောပြသည်။
မဲရုံ ၂၃ ရုံရှိ မိုင်းနောင်မြို့နယ်ခွဲတွင်လည်း မြို့တွင်း ၅ ရပ်ကွက်နှင့် စကခ ၂၊ ခလရ ၉ ၊ ခလရ ၂၈၆၊ ခလရ ၂၈၇ တို့မှအပ ကျန်ရှိ မဲရုံ ၁၄ ရုံအတွက် ကြိုတင်မဲစကောက်ရန်အတွက် ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က အုပ်စုစာရေး များအား မဲပြားများစတင်ထုတ်ပေးနေပြီ ဟုလည်း အဆိုပါ ရွေးကောက်ပွဲ ကော် မရှင်အသိုင်းအ၀ိုင်းထံကပင် သိရသည်။
နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲနေ့၌ ကျန်ရှိသော မြို့တွင်းမှမဲရုံ အနည်းအကျဉ်းနှင့်တပ်တွင်းတွင်သာ ရွေးကောက်ပွဲကျင်းပ မည်ဖြစ်သည် ဟု မိုင်းနောင်မှ ၀န်ထမ်းတဦးကလည်း အတည်ပြုပြောဆိုသည်။
“မဲပေးခွင့်ရှိသူကိုလဲ စာရင်းလျော့ပြထားတာတွေ့ရတယ်ဗျ။ ဥပမာ မိုင်းနန်းမှာ မဲပေးခွင့် ရှိသူ ၃ ထောင် ကျော်ရှိတာကို စာရင်း ၈ ရာကျော်ဘဲပြတယ်။ ၀မ့်ခဲမ်တိုက်နယ်ဆိုရင်လဲ မဲပေးခွင့်ရှိ သူ ၈၀၀ ကျော်မှာ စာရင်း ၅၀၀ လောက်ဘဲပြတယ်။ ဘာလို့လဲဆိုတော့ ဒေသခံတွေက ကျားဖြူပါတီကိုဘဲထောက်ခံကြ တယ်လေ” ဟု အစိုးရပါတီအား မထောက်ခံလိုသော အဆိုပါ မဲရုံတာဝန်ကျလူငယ်က ဆက်၍ ရှင်းပြသည်။
ကျေးသီးမြို့နေ နိုင်ငံရေးစိတ်ဝင်စားသည့် မိသားစုတစုကမူ “ကြိုတင်မဲယူတယ်ဆိုတာက ကြံ့ဖိုင်ဖွံ့ဖြိုးရေးပါတီကို ထောက် ခံမဲဖြစ်အောင်ကလိမ်စေ့ငြမ်းဆင်ဖို့ဘဲ။ မဲရေတွက်ချိန်မရောက်ခင်အထိ ရွေးကောက်ပွဲ ကော်မရှင်တွေလက်ထဲမှာ ဘဲ ထားမယ်လေ။ အဲ့ချိန်ဘယ်သူမှမမြင်ရတော့ သူတို့ လုပ်ချင်သလိုလုပ်လို့ ရတာပေါ့” ဟု သုံးသပ်ပြောဆိုပြသည်။
No comments:
Post a Comment