သျှမ်းသံတော်ဆင့်
သျှမ်းကျားဖြူပါတီမှ ခန့်အပ်ထားသော မူစယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ မဲဆန္ဒနယ်မြေ မဲရုံကိုယ်စားလှယ် ၃ ဦးအား မဲရုံမှူးက မဲရုံစောင့်ကြည့်ခွင့်မပြုသဖြင့် ယနေ့ နံနက် ယနေ့နံနက် ၇ နာရီခွဲကျော်အထိ နှစ်ဘက်အချေအတင် ဖြစ်ခဲ့ကြောင်း သိရ သည်။
မဲရုံကိုယ်စားလှယ် ခန့်အပ်စာကိစ္စအပေါ် အကြောင်းပြု၍ ၀င်ခွင့်ငြင်းပယ်ခံရခြင်း ဖြစ်သည်ဟု ကျားဖြူပါတီနှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မုံးကိုးမဲရုံစောင့်ကြည့်ဖို့ ခန့်ထားတဲ့ ကျနော်တို့ကျားဖြူပါတီ မဲရုံကိုယ်စားလှယ် ၃ ဦးကို မဲရုံမှူးက ၀င်ခွင့်မပေးဘူး ခန့်အပ်စာု တရားမ၀င်ဘူးဆိုပြီး ၀င်ခွင့်မပေးတာ အခုအချိန်( ရနာရီ၁၅) အထိ ကျနော်တို့စကားများနေကြတယ် ” လို့ ၎င်းက ဆိုသည်။
No comments:
Post a Comment