သျှမ်းသံတော်ဆင့်
အာဏာရစစ်အုပ်စုချုပ်နှောင်ခြင်းမှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားခေါင်း ဆောင်များ မျှော်လင့်ထားသည့်အတိုင်း လွတ်လပ်စွာ နိုင်ငံရေးမလှုပ်ရှားနိုင်မည်ကို စိုးရိမ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးယွတ်စစ် ကပြောကြားလိုက်ပါသည်။
“အခုကျင်းပပြီးတဲ့ ရွေးကောက်ပွဲက ဟန်ပြရွေးကောက်ပွဲပဲ။ လက်နှစ်ဘက် သွေးစွန်းနေတဲ့ အစိုးရဘဲ။ သူတို့ က အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတာလဲ ဒေါ်စု ဘာမှမလုပ်နိုင် အောင် လိုက်လံဆီးကာနေဦးမှာဘဲ။ ပင်လုံသဘောတူညီချက်အတိုင်းံပြန်မသွားသရွေ့ယမ်းငွေ့ဝေဦးမှာဘဲ”
ပင်လုံစာချုပ်ကို ကျောခိုင်းသောကြောင့် တိုင်းပြည်အခြေအနေ ယခုကဲ့သို့ရောက်ရကြောင်း၊ ရှေ့ဆက် မေ့ချင်သယောင် ဥပက္ခာပြု မည်ဆိုပါက တိုင်းပြည်ပြဿနာဘယ်တော့မှ အဆုံးသတ်နိုင်မည်မဟုတ် ကြောင်း၊ တိုင်းရင်းသားတန်းတူ အခွင့်အရေးအတွက် ပင်လုံကတိ ပြန်ဖေါ်နိုင်မည့်သူမှာ ဒေါ်အောင်ဆန်း စုကြည်သာဖြစ်ကြောင်း -ယခုနှစ်သျှမ်းပြည် တော်လှန်ရေးနေ့ သတင်းစာရှင်းလင်းပွဲတွင်လည်း သျှမ်းပြည် တပ်မတော်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က အကျယ်တ၀င့် ပြောကြားခဲ့ဖူးသည်။
နိုဝင်ဘာ ၁၃ ရက် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက်တရက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ်ဖြစ်ပွားမည်ကိုမလိုလားကြောင်း၊ ၂၁ ရာစု နှင့် ကိုက်ညီသည့် ပင်လုံစိတ်ဓာတ်ထူထောင်ဖို့ ပင်လုံ ညီလာခံတခုလိုအပ်ကြောင်း ပြောဆိုသွားသည်ဟု သိရပါသည်။
ထို့အတူ သျှမ်းပြည်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင် ဥက္ကဌ စ၀်ခင်းဆာယီကလည်း ပင်လုံ စိတ်ဓါတ်ရှင်သန်ရေးကို ဗိုလ်ချုပ်အောင်ဆန်းက အစပြုသူဖြစ်ပြီး ဖခင်၏ ပင်လုံသမိုင်းကြွေး ပြန်လည်ပေးဆပ် ရန် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သာ အခရာကျကြောင်း၊ ဗမာခေါင်းများအနက် ဗိုလ်ချုပ်အောင်ဆန်း နှင့်ဗိုလ်ချုပ်၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုသာ တိုင်းရင်းသားအများစု ယုံကြည်အားထားသော ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
No comments:
Post a Comment