Wednesday, June 29, 2011

KIO အပေါ် စစ်ရေးအသာစီးနဲ့ ဆွေးနွေးဖို့ မြန်မာစစ်တပ် ကြိုးပမ်းနေ

သျှမ်းသံတော်ဆင့်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့်မြန်မာစစ်တပ် တို့၏ နှစ်ဘက်နောက်ဆုံးစစ်ရေးအခြေအနေနှင့် KIO ကို ထိုးစစ်ဆင်ရန် မြန်မာစစ်တပ်အားတရုတ် နယ်မြေ အသုံးပြုခွင့် ပေးထား သည်ဆို သည့်သတင်း ထွက်ပေါ် နေမှုအပေါ် ကေအိုင်အိုအဖွဲ့၏ အမြင် များကို ပြောခွင့်ရ ပုဂ္ဂိုလ် တွဲဘက် အထွေထွေ အတွင်းရေးမှူ ဦးလနန် နှင့် သျှမ်းသံတော်ဆင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး - လက်ရှိ မြန်မာစစ်တပ်နဲ့ ကေအိုင်အိုတို့ရဲ့ နောက်ဆုံးအခြေအနေ ပြောပေးပါခင်ဗျ။

ဖြေ - အဲဒါကတော့ တင်းမာနေတယ်လို့ပဲပြောရမယ်၊ နေ့တိုင်းလိုလိုရှေ့တန်းမှာ တိုက်ပွဲငယ်လေးတွေကတော့ ရှိနေတယ်။ မနေ့ကပဲ ကာမိုင်း အထက်ဘက်မှာတိုက်ပွဲတစ်ခုဖြစ်သွားသေးတယ်။ အဲဒီတော့တင်းမာမှုအပိုင်း ကတော့ လျှော့သွား တာမရှိသေးဘူး၊ ထိပ်တိုက်မှုတွေရှိရင် ပစ်ခတ်မှုတွေရှိနေတာပဲ။

မေး - ဒီလ ၁၉ ရက်နေ့က ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးသိန်းဇော်ကတဆင့် ကေအိုင်အိုနဲ့ဆွေးနွေးဖို့ လူလွတ်လိုက် တယ်လို့ သိရတယ်ခင်ဗျ ။ အဲဒီနောက်ပိုင်း ထပ်ဆွေးနွေးတာများ ရှိသေးလား။

ဖြေ - ဦးသိန်းဇော်လွတ်လိုက်တဲ့ ပုဂ္ဂိုလ် ၄ ဦးလာတယ်၊ အဲဒီနောက်ပိုင်းတော့ သီးသန့် လာတွေ့ဆုံတာအခု ထက်ထိ မရှိ သေးဘူး။


မေး - အခု စစ်ပြေး ဒုက္ခသည် အရေအတွက် တိုးလာသလား ၊ လျှော့သွားသလားခင်ဗျ။

ဖြေ - ဒုက္ခသည်တွေက နေ့တိုင်းနီးပါး ဆယ်ဂဏန်းလောက်တော့ တိုးလာနေပါတယ်။ တိုးလာတယ်ဆိုတဲ့ အပိုင်းမှာ ကျနှော်တို့ ကေအိုင်အိုကို ရောက်လာတာတိုးလာသလို မြို့ပေါ်ရောက်လာတာလည်း တိုးနေပါတယ်။ ကေအိုင်အိုဘက် ရောက်လာတဲ့ ဒုက္ခသည်တွေကိုတော့ ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီးတော့ဖြစ်နိုင်သလောက် စောင့်ရှောက်မှုတွေ လုပ်နေပါတယ်။


မေး - ဒုက္ခသည်အရေအတွက် ဘယ်လောက်ရှိသလဲခင်ဗျ။

ဖြေ - လိုင်ဇာမှာ ၆ ထောင်ကျော်လောက်ရှိမယ် ။ နယ်စပ်တစ်လျှောက်မှာရှိတဲ့ တပ်မဟာ ၂ ၊ ၃ ၊ ၄ ဧရိယာမှာ ရထားတဲ့ စာရင်းအရ ၁၇၀၀၀ လောက်ရှိပြီ ။


မေး - ဒုက္ခသည်တွေအတွက် တခြားဆီက အထောက်အပံ့တွေရသလားခင်ဗျ။

ဖြေ - အခုထက်ထိ နိုင်ငံတကာတို့ NGO တွေဆီကနေ အကူအညီတွေရောက်လာတာ မရှိသေးဘူး။ ဒါပေမဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ ကျနော်တို့ ကချင်တိုင်းရင်းသားတွေ အများကြီးနေကြတယ်။ ကချင်တိုင်းရင်းသား တွေကနေ ကိုယ်စား လှယ်တွေလွတ်ပြီး ကြည့်ရူ့အားပေးတာ ဒါမျိုးတွေတော့ လုပ်နေကြပြီ။ ယူနန်ပြည်နယ် မှာကျတော့ ကချင်တိုင်း ရင်းသားတွေလည်း အများကြီးရှိတယ် သျှမ်းတိုင်းရင်းသားတွေလည်း အများကြီးရှိ တယ် အဖွဲ့အစည်းအနေနဲ့ မဟုတ်ပါဘူး။ အစိုးရလည်းမဟုတ်ဘူး၊ ကြားသိရတဲ့သတင်းကြောင့် စိတ်မကောင်းလို့ လာတွေ့ဆုံတာမျိုးတော့ နေ့တိုင်းလိုလို ရှိနေ ပါတယ် ။


မေး - ဒီကနေ့ တရုတ်နဲ့ မြန်မာအာဏာပိုင်တွေ တွေ့ဆုံကြတယ်လို့ သိရပါတယ် ။ KIO နဲ့ ပတ်သက်တဲ့ ကိစ္စတွေရော ဆွေးနွေးနိုင်သလားခင်ဗျ။

ဖြေ - ဒါကတော့ သူတို့နှစ်နိုင်ငံကိစ္စဆွေးနွေးတာဖြစ်ပါလိမ့်မယ်။ နယ်စပ်ဒေသကိစ္စ ဆွေးနွေးတာတွေတော့ ရှိရင်ရှိလာ နိုင်တယ်၊ တရုတ်အစိုးရအမြဲပြောနေတာက နယ်စပ်ဒေသတည်ငြိမ်အောင်လုပ်ကြပါ၊ အဲဒီစကား ပဲပြန်ပြောပါလိမ့်မယ်၊ အဖျက်သဘောဆန်တဲ့ ပြောဆိုမှုမျိုးကိုတော့ တရုတ်အစိုးရကရှောင်မယ်လို့ထင်ပါတယ် ။


မေး - ခုတလော မီဒီယာတွေမှာ KIO ကို နောက်ကျောကနေ ထိုးစစ်ဆင်ဖို့ မြန်မာစစ်တပ်ကို တရုတ်ကသူ့နယ် မြေ အသုံးပြုခွင့်ပေးတယ်လို့ သတင်းထွက်လာတယ်ခင်ဗျ ။ ဒါနဲ့ပါတ်သက်လို့ဘယ်လိုမှတ်ချက်ပေးချင် ပါသလဲ။

ဖြေ - ကျနော်တို့လည်း အဲဒီသတင်းတွေကြားနေပါတယ်။ အမှန်တကယ် အဲလိုဖြစ်ဖို့ မလွယ်ဘူးလေ ။ တရုတ်နိုင်ငံက အင် အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့အခါကျတော့ အဲလိုလုပ်မှာ မဟုတ်ဘူး ။ ဗမာစစ်သားတွေ ၀င်ဖို့ဆိုရင် လွယ်ပါတယ်။ နယ်စပ် တွေမှာ ပြည်ဝင်ခွင့်လက်မှတ် လုပ်လိုက်တာနဲ့ဝင်လို့ရပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကနေ အဲဒီလို ခွင့်ပြုလိမ့် မယ်လို့တော့ မထင်ဘူး သူတို့လုပ်လည်းလုပ်မှာ မဟုတ်ပါဘူး ။


မေး - မြန်မာစစ်တပ်က ကေအိုင်အိုကို ဘာဆက်လုပ်လာမယ်လို့ ပြောလို့ရလဲ ခင်ဗျ။

ဗမာတပ်အင်အားတွေ ငြိမ်နေတာတော့မဟုတ်ဘူး။ ဖြည့်တင်းနေတယ်ခင်ဗျ လုပ်တဲ့အခါမှာ ပြည်သူတွေ အမြင်မှာ ဘာမှ မဖြစ်သလိုမျိုး လုပ်ဆောင်နေပါတယ် ။ အောက်ပိုင်းကတပ်တွေပို့တဲ့အခါမှာ အရပ်ဝတ်နဲ့ ပို့တယ်။ ရှေ့တန်း နေရာ ရောက်မှ စစ်ယူနီဖေါင်းတွေ လက်နက်တွေထုတ်ပေးပြီး တောထဲမှာတပ်အင်အားစု ထားတာရှိတယ်။ အဲဒီတော့ ကျနော့်ရဲ့ ထင်မြင် ချက်က တစ်ဘက်က ဦးရွေမန်းကနေပြောတာရှိတယ်လေ။ လွတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ ကြိုးပမ်းမှုကြောင့် ကချင် ပြည်နယ်ထဲမှာ တည်ငြိမ်နေပြီဆိုတဲ့အပိုင်းတစ်ခု ပါခဲ့တယ်။ တစ်ချိန်ချိန်မှာတော့ အပစ်အ ခတ် ရပ်စဲရေးနဲ့ပတ်သက်လို့ တရားဝင်ဆွေးနွေးလာမဲ့အပိုင်းရှိမယ်လို့ ကျနော်မျှော်လင့်တယ်။

ဒါပေမဲ့ အဲလိုမျိုးဆွေးနွေးမှု အဆင့်မရောက်ခင် ကျနော်တို့ကေအိုင်အေ တပ်စခန်းအနီးအနားကိုသူတို့စစ်အင် အား အလုံး အရင်း ဖြည့်တင်းထားပြီးမှ ပြောဆိုလာလိမ့်မယ်လို့ ထင်တယ် ။ အဲဒီဆွေးနွေးမှုမလုပ်ခင် တပ် အင်အားတွေ အမြဲတမ်း ဖြည့် တင်းနေတယ်ဆိုတာ သိရပါတယ်။


မေး - ကချင်ပြည်နယ်ထဲကို ဘယ်တပ်တွေပို့နေတယ်လို့ သိရသလဲခင်ဗျ။

ဖြေ - အဓိကကတော့ တပ်မတွေဖြစ်မယ်လို့ သတင်းရတယ်ခင်ဗျ။


မေး - နောက်ထပ် ဘာများဖြည့်ပြောချင်သေးလားခင်ဗျ ။

ဟုတ်ကဲ့ခင်ဗျား။ ပြောတာတွေသိပ်များသွားပါပြီ။

No comments: