Thursday, June 30, 2011

တရား​ဥပ​ဒေစိုး​မိုး​ရေး​နှင့်​ ပတ်သက်ပြီး​ ဆွေး​နွေး​ရန် ​ဒေါ်​အောင်ဆန်း​စုကြည်​တောင်း​ဆို

အံ့ဘုန်းမြတ်

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က တရား​ဥပ​ဒေစိုး​မိုး​ရေး​နဲ့​ ပတ်သက်ပြီး​ ​ဆွေး​နွေး​ဖို့​ ပြည်​ထောင်စုပြည်ထဲ​ရေး​ဝန်ကြီး​ကို ​တောင်း​ဆိုလိုက်ပါတယ်။

ပြည်ထဲ​ရေး​ ဝန်ကြီး​ဌာနက အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို နိုင်ငံ​ရေး​ပါတီအဖြစ် ဆက်လက်မလုပ်​ဆောင်​တော့​ဖို့​ ဒီလ ၂၈ ရက်​နေ့​က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဦး​အောင်​ရွှေတို့​ဆီကို စာ​ရေး​သား​ပေး​ပို့​ပြီး​တဲ့​နောက် ​ဒေါ်​အောင်ဆန်း​စုကြည်က ပြန်လည်​တောင်း​ဆိုလိုက်တာပါ။

ဒီက​နေ့​ ဗဟိုအလုပ်အမှု​ဆောင် အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်က လက်မှတ်​ရေး​ထိုး​ပြီး​ ပြည်​ထောင်စုပြည်ထဲ​ရေး​ဝန်ကြီး​ဌာန ဝန်ကြီး​ ဒုတိယဗိုလ်ချုပ်ကြီး​ကိုကိုထံ ​ပေး​ပို့​တောင်း​ဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီစာနဲ့​ပတ်သက်ပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​က အခုလို​ပြောပြပါတယ်။

“ဗဟိုအလုပ်အမှု​ဆောင်အစည်း​အ​ဝေး​မှာ ညှိနှိုင်း​ပြီး​တော့​ ​ဒေါ်​အောင်ဆန်း​ စုကြည် လက်မှတ်ထိုး​ပြီး​တော့​ ပြည်ထဲ​ရေး​ဝန်း​ကြီး​ဆီကို ကျ​နော်တို့​ ​မေတ္တာရပ်ခံစာ ပို့​ထား​တယ်။ ကိစ္စက​တော့​ တရား​ဥပ​ဒေစိုး​မိုး​ရေး​ဟာ ကျ​နော်တို့​က တရား​ဥပ​ဒေအရ ကျ​နော်တို့​ ပါတီ ရှိ​နေတယ်လို့​ ကျ​နော်တို့​က ဒီလို မြင်တယ်။ သူတို့​ အစိုး​ရဘက်က​တော့​ ပါတီကို ဖျက်သိမ်း​ပြီး​ ဘာညာ​ပေါ့​လေ၊​ ဒါ​တွေကို အငြင်း​ပွား​ဖို့​ မဟုတ်ဘူး​။ တရား​ဥပ​ဒေစိုး​မိုး​ရေး​အတွက် ​တွေ့​ဆုံခွင့်​ကို စီစဉ်​ပေး​ပါ ဆိုပြီး​တော့​ ကျ​နော်တို့​ စာ​ရေး​လိုက်တယ်။ ကျ​နော်တို့​ ပို့​လိုက်တဲ့​ စာထဲမှာ ​ပြောသင့်​တာ​တွေ ဥပ​ဒေ အချက်အလက်​တွေ ကျ​နော်တို့​ ​ပြောထား​ပါတယ်။”

ဒီက​နေ့​ထုတ် ​ကြေချက်ထဲမှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၈၈ ခုနှစ်က ပြဋ္ဌာန်း​ခဲ့​တဲ့​ နိုင်ငံ​ရေး​ပါတီများ​ မှတ်ပုံတင်ခြင်း​ဥပ​ဒေနဲ့​အညီ မှတ်ပုံတင်ခဲ့​ပြီး​ တရား​ဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်​နေဆဲဖြစ်တာ​ကြောင့်​ ၂၀၁၀ ပြည့်​နှစ် ပြည်​ထောင်စု ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော်မရှင်အ​နေနဲ့​ ဖျက်သိမ်း​ပယ်ဖျက်နိုင်တဲ့​ အခွင့်​အာဏာ မရှိ​ကြောင်း​ အခိုင်အမာ ​ဖော်ပြထား​ပါတယ်။

အဖွဲ့​ချုပ်ကို ဖျက်သိမ်း​ခွင့်​ မရှိဘူး​ဆိုတဲ့​အချက်ကို ကိုင်စွဲပြီး​ တရား​ရုံး​ချုပ်​တွေကို ​လျှောက်ထား​ခဲ့​ပေမယ့်​ ပယ်ချခဲ့​တာ​တွေဟာလည်း​ ဥပ​ဒေနဲ့​မညီတဲ့​အတွက် လက်မခံနိုင်ဘူး​လို့​ ထပ်​လောင်း​ဖော်ပြထား​ပါတယ်။

ဒါ့​အပြင် ၂၀၀၈ ခုနှစ် ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေရဲ့​ ပုဒ်မ ၄၀၇၊​ ၄၀၉ နဲ့​ ၄၄၆ ​တွေနဲ့​လည်း​ ငြိစွန်း​ခြင်း​ မရှိတဲ့​အတွက် တရား​ဝင်ပါတီအဖြစ် တည်ရှိ​နေဆဲဖြစ်တဲ့​အ​ကြောင်း​တွေကိုလည်း​ ထည့်​သွင်း​ဖော်ပြထား​ပါတယ်။

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ဒီ​ဆောင်ရွက်ချက်​တွေဟာ တရား​ဥပ​ဒေစိုး​မိုး​ရေး​အတွက် ဥပ​ဒေပါ ပြဋ္ဌာန်း​ချက်​တွေကို အ​လေး​ထား​ လိုက်နာ ခြင်း​သာဖြစ်​ကြောင်း​နဲ့​ လွှတ်​တော်အဆင့်​ဆင့်​နဲ့​ နိုင်ငံ​တော်အစိုး​ရကို ဆန့်​ကျင်လိုတဲ့​ သ​ဘောမဟုတ်ဘူး​လို့​ ပြည်ထဲ​ရေး​ဝန်ကြီး​ထံ ​ပေး​တဲ့​စာမှာ ​ရေး​ထား​ပါတယ်။

တရား​ဥပ​ဒေစိုး​မိုး​ရေး​ မဖြစ်မ​နေလိုတယ်လို့​ ​ပြောတဲ့​ နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်ရဲ့​ မိန့်​ခွန်း​ကို ကိုး​ကား​ထား​သလို အဖွဲ့​ချုပ်ကို နိုင်ငံ​ရေး​ပါတီအဖြစ်က​နေ ပယ်ဖျက်ခြင်း​ဟာ တရား​ဥပ​ဒေနဲ့​ ညီညွတ်ခြင်း​ရှိမရှိ ပြန်လည်သုံး​သပ်​ပေး​စေလို​ကြောင်း​ ထည့်​သွင်း​ဖော်ပြထား​ပါတယ်။

ဒါ့​အပြင် ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနက စွပ်စွဲ​ရေး​သား​သလို အဖွဲ့​ချုပ်ဟာ တရား​ဥပ​ဒေစိုး​မိုး​ရေး​နဲ့​ တည်ငြိမ်​အေး​ချမ်း​ရေး​တွေနဲ့​အတူ ပြည်သူ​တွေအကြား​ စည်း​လုံး​ညီညွတ်မှု​တွေကို ထိခိုက်ပျက်ပြား​စေရန် လုပ်​ဆောင်​နေတာမျိုး​ မဟုတ်​ကြောင်း​၊​ တရား​ဥပ​ဒေစိုး​မိုး​ရေး​ကို အမှန်တကယ်လိုလား​ပြီး​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​အတွက် အ​လေး​ထား​ပြီး​ အစဉ်ကြိုး​ပမ်း​နေတဲ့​ အဖွဲ့​အစည်း​တခုသာ ဖြစ်​ကြောင်း​ကိုလည်း​ တုံ့​ပြန်ထား​ပါတယ်။

ဒါ​ကြောင့်​ အဖွဲ့​ချုပ်နဲ့​ အစိုး​ရအ​နေနဲ့​ တူညီတဲ့​လိုလား​ချက်​တွေကို အ​ခြေခံထား​ပြီး​ ညှိနှိုင်း​ဖို့​ ​တောင်း​ဆိုရတာဖြစ်​ကြောင်း​ကိုလည်း​ ဒီ​ကြေညာချက်ထဲမှာ အ​လေး​အနက် ​ဖော်ပြထား​ပါတယ်။

No comments: