Tuesday, June 28, 2011

ရှိုင်းဆောက်လုပ်ရေး မီးလောင်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း ပိုင်သော ရှိုင်းဆောက်လုပ်ရေး လုပ်ငန်းရုံးတွင် အင်္ဂါနေ့ နံနက်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ဖဆပလ ရပ်ကွက် ဂျိုးဖြူလမ်းရှိ ၁၂ ထပ်ရှိ ဂျိုးဖြူတာဝါမှ
မြေညီထပ် ရှိုင်းဆောက်လုပ်ရေးရုံး၏ ဧည့်ခန်းတွင် နံနက် ၁၁ နာရီခန့်က လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

“ အဓိကကတော့ ဧည့်ခန်းမှာထားတဲ့ ဆိုဖာ ကုလားထိုင်တွေကို လောင်တယ်။အဲဒီကနေ မျက်နှာကြက်ကို လောင်တယ်။” ဟု တာဝန်ကျ မီးသတ်အရာရှိ တဦးက ပြောသည်။

ဦးအောင်ဇော်ဝင်း (ခ) ဇာကီးအာမတ်သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၏ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

No comments: