Saturday, November 5, 2011

အမျိုးသားတွေ ကြောက်လို့ အမျိုးသမီးတွေကို ခိုင်းရလား…?

ဖဲမော့၊ ကူးဒူ

မြူမှုန်များ ဝေနေသော မနက်ခင်း အချိန်တွင် သစ်ပင်ကြီး များဖြင့် အုပ်ဆိုင်း နေသော ကရင်နီပြည် တွင်းက တောင်တန်း ကြီးများ၏ ပုံရိပ် များက မပီပြင် ၀ိုးတ၀ါး ဖြစ်နေသည်။ တောင်တန်း များအကြားရှိ မြေကွက် လပ်တ နေရာတွင် ဆောင့်ကြောင့် ထိုင်ကာ အနားယူ နေသော လူအယောက် ၂၀ ကျော်၏ ပုံရိပ်ကို မြင်နေ ရသည်။ သူတို့၏ အနား တွင်လည်း ပုလိုင်းများ၊ အ၀ါရောင်နှင့် အဖြူရောင် အိတ်များ ရှိနေသည်။

ထိုအိတ် များမှာ ဆန်အိတ် များဖြစ် ဟန်တူသည်။ ထိုလူ စု၏ ပုံရိပ်များ ထဲတွင် ခေါင်းပေါင်းများ ပေါင်းထား သောသူများ မှာအမျိုး သမီး များ ဖြစ်သည်။ အနား ယူပြီး ခဏ အကြာတွင် ၎င်းတို့ အနီးတွင် ရှိသော ပုလိုင်းများ အိတ်များ ကိုထမ်းကာ ခရီး ဆက်ကြသည်။ ခဏ အကြာတွင် မှာတော့ စစ်ယူနီဖောင်း များနှင့် လက်နက်များ ကိုကိုင်ဆောင်ကာ ထိုလူ တစု၏ နောက်မှ မနီးမဝေး လိုက်လာ ကြသည်။

အစိုးရစစ်သားတို့မှ ရွာသားများကို အထမ်းသမားအဖြစ် စေခိုင်းနေသောပုံရိပ်တို့ကို ကရင်နီတပ်မတော်တို့က ဗွီဒီယိုကင်မရာဖြင့် ယခု ၂၀၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က မှတ်တမ်းတင်ရိုက်ကူးထားခြင်းဖြစ်သည်။

ကရင်နီပြည်နယ် ရှားတောမြို့နယ်၌ အခြေစိုက်သော အစိုးရတပ်ခမရ ၅၇၅ အတွက် အမျိုးသမီးများအပါအ၀င် ဒေသခံရွာသား ၅၀ ဦးတို့က တပ်ရိက္ခာများ ထမ်းပို့ပေးရေကြရသည်။

ရှားတောမြို့နယ်အတွင်းက ဒေါတနော၊ ဒေါဝယ်ရော၊ ဒေါမူးလဲ၊ တနောင်ကလူးနှင့် တရီးဒါးကျေးရွာတို့မှ တရွာ ၁၀ ယောက် မဖြစ်မနေ ဆင့်ခေါ်ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်အောက်တိုဘာလ ၆ ရက်နေ့ကစပြီး ကရင်နီပြည် ဒီးမောဆိုမြို့နယ် ထီးဖိုးကလိုး ကျေးရွာအုပ်စုအတွင်းရှိ ထီးသဲကလိုး၊ ထီးဖိုးကလိုး၊ ဖဲလျား၊ ဒေါဗျာကူး၊ ဒေါလျားခူ၊ ဒေါတဒါးနှင့် ဒေါခူသွဲရွာများမှ ရွာသားများကို ခလရ ၁၀၂ နှင့် ၄၂၇ တပ်စခန်းတို့အတွက် တပ်ရိက္ခာများနှင့် သောက်ရေ၊ သုံးရေများ အတင်းအဓမ္မပို့ဆောင်ခိုင်းသည်ဟု ဒေသခံတို့က ပြောသည်။

“အစိုးရပြောင်းလဲပြီးတဲ့ နောက်ပိုင်းမှာ ဒါတွေမရှိရတော့ဘူးလို့ သူတို့ကတော့ ပြောတယ်လေ။ အမှန်ကတော့ ဒီ…တကယ့်ပြည်မမှာဘဲသာ နဲနဲပြောင်းလဲမှုဖြစ်လာတာ။ ဒီနယ်စွန်နယ်ဖျားတွေ တိုင်းရင်းသားနယ်မြေတွေမှာတော့ ပြောင်းလဲမှုမရှိဘူး။ အရင်အတိုင်းပါပဲ။ အမှန်က အရင်အတိုင်းမကဘူး အခုက အမျိုးသမီးပေါ်တာလား အမျိုးသမီးလုပ်အားပေးတာလား အဲလိုမျိုးစသဖြင့် ဖြစ်လာတာက အရင်ထက်ကတောင်မှ ပိုဆိုးတယ်လို့ ပြောလို့ရတယ်။ အမျိုးသမီတွေ အတွက်က တော်တော်လေး စိုးရိမ်စရာကောင်းတယ်ပေါ့” ဟု ကရင်နီသတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ခူးဒယ်နီယာက ပြောသည်။

အစိုးရစစ်တပ်များသည် မိမိတို့၏တပ်စားနပ်ရိက္ခာ၊ စစ်အသုံးအဆောင်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် ကရင်နီပြည်ရှိ ကျေးရွာများသို့ဝင်၍ အထမ်းသမားပေါ်တာ ဆင့်ခေါ်ရာတွင် အမျိုးသားများမှ ကြောက်၍ထွက်ပြေးသည့်အတွက် အိမ်တွင်ကျန်ရစ်သည့် အမျိုးသမီးများကိုပါ ပေါ်တာဆင့်ခေါ်လာကြခြင်းဖြစ်သည်ဟု ပေါ်တာဆင့်ခေါ်ရာတွင် လိုက်ပါခဲ့ရသော ရှားတောမြို့နယ်မှ ဒေသခံများက ပြောသည်။

“တောထဲမှာ သွားဆုံမိရင် တခါတလေ နာအောင်ပိုတောင် ခိုင်းခံရသေးတယ်။ ရွာပြင်မှာ ပြေးပုန်းနေလို့ ဖမ်းမိရင် ခိုင်းတယ် ဖိဖိစီးစီးကိုခိုင်းတာ၊ မိန်းမနဲ့ယောက်ျားထွက်ပြေးရင် မိန်းမတွေ ကျန်ခဲ့ရင် မိန်းမတွေကို ခေါ်ပြီးတော့ မိန်းမတွေကို အဲလိုခိုင်းတော့တာပဲ၊ ယောက်ျားတွေအတိုင်းပေါ့ ယောက်ျားတွေမရှိရင်လည်းပြီးရော ယောက်ျားတွေက သူတို့ကိုယ့်ကိုယ်အတွက် ကြောက်လို့ ထွက်ပြေးကြတယ်” ဟု အထမ်းသမားအဖြစ် ဆင့်ခေါ်ခြင်းခံခဲ့ရသူ ဒေသခံက ပြောသည်။

ဘာသာစကားပြဿနာကြောင့် ရွာထဲသို့ဝင်လာသော စစ်တပ်တို့၏ပြောဆိုမှုကို နည်းမလည်သည့်အတွက် အမျိုးသမီးတို့မှာ ပိုမိုကြောင့်လန့်နေကြရသည်ဟုဆိုသည်။

“သူတို့စကားကို မသိရင်လည်း သူတို့စိတ်တိုတယ် သိရင်လည်း… ပြန်ပြောဖို့လည်း မတတ်ဘူး နည်းနည်းပါးပါးသိရင်လည်း ပြန်မပြောတတ်ဘူး။ မသိပြန်ရင်လည်း သူတို့က စိတ်တိုပြန်တယ်။ ကျမတို့ အမျိုးသမီးတွေအတွက်တော့ အရာရာတိုင်းအတွက် စိတ်ဆင်းရဲနေရပါတယ်” ဟု ပေါ်တာဆင့်ခေါ်ရာတွင် လိုက်ပါခဲ့ရသော ရှားတောမြို့နယ်မှ ဒေသခံအမျိုးသမီး မော်မီမာက ပြောပါသည်။

နေ့စဉ်လုပ်အားပေးမှုများအပြင် တပတ်လျှင် အိမ်ကြက်နှင့် ငါးများပါ ပုံမှန်ပို့ပေးနေရသည်။ ကြက်နှင့်ငါး မပို့ပေးနိုင်ပါက စစ်တပ်တို့ကိုယ်တိုင် ရွာထဲသို့ဝင်လာပြီး မိမိတို့ဘာသာမိမိတို့ ကြိုက်သလို လာရောက်ဖမ်းစားပြီး ခြံထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်များကို ခူးယူသည်ဟုဆိုသည်။

“သူတို့ကြက်ကို ဖမ်းစားတဲ့အချိန်ပေါ့။ မဖမ်းစားပါနဲ့ ကျမနှမြောတယ်လို့ပြောတော့ နင်သေနတ်ကို မတွေ့ဘူးလားလို့ ကျမကိုပြောတယ်။ ပြောပြီးတော့ ကျမကိုသေနတ်နဲ့ချိန်တယ်” ဟု မော်မီမာက ပြောသည်။

တပ်စခန်း လုပ်အားပေးမှုများဖြစ်သည့် တပ်ခြံစည်းရိုးပြုပြင်ခြင်း၊ သစ်၊၀ါးများခုတ်ခိုင်းရာ၌ အမျိုးသမီးများမှာ ယခုနောက်ပိုင်း အမျိုးသားနည်းတူ ဆောင်ရွက်နေကြရသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အမျိုးသမီးများ၏ လုံခြုံရေးနှင့် အခွင့်အရေး ချိုးဖောက်ခံရမှုများ စသည့် နောက်ဆက်တွဲ အကျိုးဆက်များဖြစ်ပေါ်လာနိုင်သည်ဟု ကရင်နီအမျိုးသမီး အစည်းအရုံး KNWO မှ အတွင်းရေးမှူး ဆရာမသိုးမြာက ပြောသည်။

“အဲဒီဥစ္စာမျိုးတွေ ဖြစ်လာတဲ့အချိန်မှာဆိုရင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ဟိုဥစ္စာ ချိုးဖောက်မှုတွေ ဖြစ်လာမယ်။ နောက်ပြီးမှ အမျိုးသမီးတွေဟာ သွားကြည့်မယ်ဆိုရင် လူမှုရေးအရ စီးပွားရေးအရ နိုင်ငံရေးအရ သွားပြီးမှ ဟိုဥစ္စာ ဓားစားခံလိုမျိုး… သွားပြီးမှ ဖြစ်နေတယ်။ သူတို့အတွက်ပေါ့နော်” ဟု ဆရာမ မော်သိုးမြာက ပြောသည်။

ကရင်နီပြည်တွင်း၌ အမျိုးသမီးများ မိမိတို့၏ လုံခြုံရေးကို စိုးရိမ်ရသဖြင့် တပါးနိုင်ငံသို့ တရားမ၀င်ထွက်ခွာသွားကြရပြီး တိုင်းတပါးတွင်လည်း အနိုင်ကျင့်ခံရမှုများလည်း ကြုံတွေ့နေရသည်။

“တချို့ကျမတို့ ကရင်နီ အမျိုးသမီးတွေဆိုရင် (ထိုင်းနိုင်ငံ) ချင်းမိုင်တို့ ဘန်ကောက်တို့မှာ သွားပြီးတော့ အိမ်ဖော်တွေလုပ်နေရတယ်။ ဟို… လစာရလားမရလားဆိုတဲ့ ဥစ္စာမျိုးတွေဖြစ်တယ်။ အဲဒါဘာကြောင့်လဲဆိုရင် စစ်ရဲ့ ဟိုစာ ဆိုးကျိုးကြောင့် ဒီလိုဖြစ်လာတယ်ဆိုတဲ့ ဥစ္စာမျိုးတွေပေါ့နော်” ဟု ဆရာမသိုးမြာက ပြောသည်။

ယခုလို အမျိုးသမီးများအား ပေါ်တာဆွဲခေါ်ခြင်းကိစ္စနှင့် မတရားအနိုင်ကျင့်ခံရသည့် ကိစ္စများသည် ကရင်နီပြည်နယ်ရှိ တောကျသည့်နယ်စွန်နယ်ဖျားတို့တွင် နေ့စဉ်နှင့်အမျှဖြစ်ပေါ်နေတတ်သည်ဟု ဆရာခူးဒယ်နီယာက ပြောသည်။

တနယ်လုံးပါပဲ ဒီမြို့အနီးနားကလွဲလို့ ကျန်တဲ့နယ်စွန်နယ်ဖျားမှာ ရှိတဲ့ တပ်၊ ရှေ့တန်းတပ်စခန်းတွေ… အနီးနားက ကျေးရွာတွေဆို အများအားဖြင့် ခံရတယ်။ အဲဒီရှားတောလိုမျိုး နောက်ပြီးမှ ဒီအလယ်ပိုင်းမှာဆိုရင် အခု စစ်တပ်တိုးချဲ့တဲ့ ဧရိယာလိုမျိုး ဒေါတမကြီး အုပ်စုလိုမျိုး နောက်ပြီးမှ ဟိုး ဖရူဆိုနောက်ခြမ်း ဒေါလစောအုပ်စုတို့လိုမျိုးဆိုရင် ဒါ ဟို.. အများဆုံးဖြစ်ပွားတာပေါ့နော်” ဟု ခူးဒယ်နီ ယာက ပြောပါသည်။

No comments: