အကျဉ်းထောင် တွေထဲမှာ ကျန်ရှိ နေသေးတဲ့ ယုံကြည် ချက်ကြောင့် အကျဉ်း ကျနေ သူတွေကို လွှတ်ပေးဖို့ မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်က သမ္မတ ဦးသိန်းစိန် ဆီကို မေတ္တာရပ်ခံထားတဲ့ အိတ်ဖွင့် ပေးစာကို ဒီကနေ့ထုတ် အစိုးရ သတင်းစာ တွေမှာ ဖော်ပြ ထားပါတယ်။အချက် ၈ ချက် ပါတဲ့ အဲဒီ အိတ်ဖွင့် ပေးစာ မှာတော့ နိုင်ငံ တကာက ပြောဆို နေတဲ့ ‘ယုံကြည် ချက်ကြောင့် အကျဉ်းကျ ခံနေ သူများ’ ဆိုတဲ့ အကျဉ်းသား တွေဟာ မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်ရဲ့ စုံစမ်းချက် အရ ၅၀၀ ခန့်သာ ရှိသည့် အနက် အောက်တိုဘာလ ၁၁ ရက် နေ့က လွတ်ငြိမ်း ချမ်သာ ခွင့်မှာ ၂၀၀ ကျော် လွှတ်ပေး ခဲ့ပြီးပါပြီ။
နိုင်ငံတော် အေးချမ်း သာယာ ရေးနဲ့ တိုင်းရင်းသား အကျိုး စီပွား ထိပါးမည့် အန္တရာယ် မရှိသော အကျဉ်းသား များကို ထပ်မံလွှတ် ပေးခြင်းဖြင့် နိုင်ငံတော် တည်ဆောက် ရေးမှာ တတပ် တအား ပါဝင် ဆောင်ရွက် နိုင်ကြမယ့် အပြင် အမျိုးသား စည်းလုံး ညီညွတ်ရေး ကိုလည်း အထောက်ကူ ပြုစေ လိမ့်မယ်လို့ ပါရှိ ပါတယ်။
အကျဉ်းကျခံနေရသူတွေထဲက နိုင်ငံတော် တည်ငြိမ်းအေးချမ်မှုကို ထိန်းသိမ်းဖို့ လိုအပ်ချက်အရ လွတ်ငြိမ်းချမ်းသာခွင့်မှာ ထည့်သွင်းမပေးနိုင်သူတွေ ရှိရင်လည်း အဲဒီလူတွေဟာ မိသားစုနဲ့ဝေးလံတဲ့ အကျဉ်းထောင်တွေမှာ ကျခံနေရသူတွေ ဖြစ်ပါက မိသားစုနဲ့ တွေဆုံနိုင်ဖို့ သွားလာရေးလွယ်တဲ့ အကျဉ်းထောင်မှာ ပြောင်းရွှေ့ပေးနိုင်ဖို့ စဉ်စားပေးရန် တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ လွတ်ငြိမ်းချမ်းသာခွင့် မတိုင်ခင်ကလည်း မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က သမ္မတဆီကို ဒီလိုအလားတူ လွတ် ငြိမ်းချမ်းသားခွင့်ပေးဖို့ တောင်းဆိုခဲ့ပြီး နောက်တနေ့မှာပဲ အကျဉ်းသား ၆ ထောင် ကျော် လွတ်မြောက်လာခဲ့ပါတယ်။
အမျိုသားလူ့အခွင့်ရေးကော်မရှင်ကနေ ကျန်ရှိနေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့စာ ဒီကနေ့ သတင်းစာမှာ ဖော်ပြချိန်မှာပဲ မနက်ဖြန် တနင်္လာနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င် အကျဉ်းသားတွေ ထပ်မံလွှတ်ပေးမယ်လို့ အစိုးအရာရှိတဦးက ပြောဆိုလိုက်တယ် ဆိုပြီး အေအက်ပီသတင်းမှာ ရေးသားထားပါတယ်။
“မနက်ဖြန်အကျဉ်းသားတချို့ လွှတ်ဖို့ ရှိနေတယ်ဆိုပြီး” အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတယောက်က ပြောဆိုသွားပြီး အသေးစိတ်ကို ပြောဆို မသွားခဲ့ပါဘူး။
နောက်ထပ် အရာရှိတယောက်ကတော့ “လွတ်မြောက်လာမယ့်အထဲမှာ ရန်ကုန်ပြင်ပက ထောင်တွေထဲက စည်းကမ်းလိုက်နာတဲ့ အကျဉ်းသားတွေ ပါဝင် ကြောင်း” ပြောပါတယ်။
အစိုးရက ပြီးခဲ့တဲ့အောက်တိုဘာလ ၁၁ ရက်နေ့ အကျဉ်းသား ၆၀၀၀ ကျော် လွှတ်ပေးခဲ့ပေမယ့်လည်း အဓိကကျတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပါမလာလို့ လေ့လာသူတွေနဲ့ အတိုက်အခံတွေကြားမှာ စိတ်ပျက်နေကျတုန်း တလ အကြာမှာ အခုလို နောက်ထပ် လွှတ်ပေးဖို့ ဖြစ်လာတာပါ။
သက်တမ်း ၈ လရှိပြီဖြစ်တဲ့ မြန်မာအစိုးရသစ်ဟာ လာမယ့် ၂၀၁၄ မှာ အာဆီ ယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို ရယူဖို့ မျှော်လင့်နေပြီး အဲဒီမတိုင်ခင်မှာ နိုင်ငံရေး တိုးတက်မှုတွေရှိကြောင်း ပြသလိုနေပါတယ်။
No comments:
Post a Comment