Sunday, November 6, 2011

သန်း​ရွှေ အလွန် အပိုင်း​ (၆)

မင်းလွင်

ဗိုလ်ချုပ် မှုး​ကြီး​ သန်း​ရွှေက မတ်လ ၃၀ ရက်​နေ့​မှာ တပ်မ​တော် ဦး​စီး​ချုပ် ရာထူး​ကို တရား​ဝင်လွှဲ​ပြောင်း​ ပေး​ပြီး​ လိုက်တဲ့​ နောက်မှာ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ မြန်မာ နိုင်ငံရဲ့​ ၈ ဦး​မြောက် ကာကွယ်​ရေး​ ဦး​စီး​ချုပ် ဖြစ်လာ ပါတယ်။ ဗိုလ်ချုပ်ကြီး ​မင်း​အောင်လှိုင်ရဲ့​ လက်ထက်မှာ မြန်မာ တပ်မ​တော်နဲ့​ အပစ်ရပ် လက်နက် ကိုင် တိုင်း​ရင်း​သား​ အဖွဲ့​ တွေကြား​ ဆက်ဆံ​ရေး​ အ​နေ အထား​ကို ဒီတပတ် တင်ပြ​ ပေး​ပါမယ်။

ဗိုလ်ချုပ်ကြီး ​မင်း​အောင်လှိုင် လက်ထက်မှာ လက်နက်ကိုင် တိုင်း​ရင်း​သား ​အဖွဲ့​တွေ အ​ပေါ် စစ်​ရေး​ အရ ​ဖြေရှင်း​တဲ့​ နည်း​နဲ့​ ဆက်ဆံ လာတယ်လို့​ တိုင်း​ရင်း​သား​ ခေါင်း​ဆောင်​ တွေက ​ပြောကြ ပါတယ်။ တိုင်း​ရင်း​သား​ လက်နက်ကိုင်​ တွေနဲ့​ ပတ်သက်ရင် စစ်​ရေး​ အရ ​ဖြေရှင်း​တာ ​တွေဟာ အရင် ကထက် ပိုဆိုး​ လာပြီး​ တိုက်ပွဲကြီး​ တွေလည်း​ ဖြစ်​နေ တယ်လို့​ ရှမ်း​ပြည် တပ်မ​တော်​ မြောက်ပိုင်း​မှ ဗိုလ်မှူး​စိုင်း​လ က ယခုလို ​ပြောပါတယ်။

“ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ အနား​ယူပြီး​တော့​ ကာကွယ်​ရေး​ဦး​စီး​ချုပ်အဆင့်​မျာ ဗိုလ်ချုပ်ကြီး​ မြင့်​အောင်လှိုင် အစား​ထိုး​ခဲ့​တယ်။ အဲဒီ အစား​ထိုး​တဲ့​ ​နေရာမှာ တကယ်ဆိုရင်​တော့​ ဗိုလ်ချုပ်ကြီး​ မြင့်​အောင်လှိုင်ထက် စီ​နေရာကျတဲ့​ ဗိုလ်ချုပ်ကြီး​တွေ အများ​ကြီး​ ရှိပါတယ်။ ဒါ​ပေမယ့်​ သူက သ​ဘောက သူ့​စိတ်အချရဆုံး​ပေါ့​။ သူ့​လူယုံ​တော်ကို သူက ​နေရာ​ပေး​လိုက်တဲ့​ သ​ဘောမျိုး​ပဲ ကျ​နော်တို့​ မြင်တယ်​လေ။ ဒါ​ကြောင့်​လည်း​ ကျ​နော်တို့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် ကို ​နောက် ဆက်ဆံ​နေတဲ့​ သ​ဘောထား​တွေလည်း​ မ​ပြောင်း​လဲပါဘူး​ခင်ဗျ။ ခုထက်ထိ တိုက်ပွဲ​တွေ ဆက်တိုက် ဖြစ်​နေတာပဲ။ ​ပြောရမယ်ဆိုရင် အခုက ပိုပြီး​တော့​ ကြီး​ကြီး​ကျယ်ကျယ် တိုက်ပွဲ​တွေ ဖြစ်ခဲ့​တာ။”

တပ်မ​တော်က အပစ်ရပ်တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေကို မြန်မာ တပ်မ​တော်လက်​အောက်ခံ နယ်ခြား​စောင့်​ တပ်ဖွဲ့​နဲ့​ ဌာ​နေပြည်သူ့​စစ်တပ်ဖွဲ့​များ​အဖြစ် ​ပြောင်း​လဲဖို့​ ညွှန်ကြား​ခဲ့​ပါတယ်။ မြန်မာတပ်မ​တော်ရဲ့​ ညွှန်ကြား​ချက်ကို မလိုက်နာတဲ့​ အပစ်ရပ်အဖွဲ့​တချို့​နဲ့​ တိုက်ပွဲ​တွေ ပြန်ဖြစ်ခဲ့​ပါတယ်။

သည်လိုနဲ့​ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ ကာကွယ်​ရေး​ဦး​စီး​ချုပ် အဖြစ်က အနား​ယူပြီး​တဲ့​ ​နောက်မှာ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တခုဖြစ်တဲ့​ ကချင်လွတ်​မြောက်​ရေး​တပ်မ​တော်နဲ့​ တိုက်ပွဲ​တွေ ပြန်ဖြစ်လာပါတယ်။

ဒါ​ပေမယ့်​ တပ်မ​တော်ဟာ လက်နက်ကိုင်အဖွဲ့​တိုင်း​နဲ့​တော့​ တိုက်ပွဲ​တွေ ဖြစ်​နေခဲ့​တာ မဟုတ်ပါဘူး​။ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေအ​ပေါ် ဆက်ဆံရာမှာ တဖွဲ့​နဲ့​တဖွဲ့​တူညီမှု မရှိဘူး​လို့​ တိုင်း​ရင်း​သား​ အဖွဲ့​တွေက ​ပြောကြပါတယ်။

ဝ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​နဲ့​ မိုင်လား​ လက်နက်ကိုင်အဖွဲ့​တွေကို ဦး​စား​ပေး​လိုက်​လျော ဆက်ဆံခဲ့​ပြီး​ ပဏာမ ငြိမ်း​ချမ်း​ရေး​ သ​ဘောတူညီချက် ရ​အောင် လုပ်ခဲ့​ပါတယ်။

သည်ကိစ္စနဲ့​ပတ်သက်ပြီး​ ကချင်လွတ်​မြောက်​ရေး​အဖွဲ့​ (​ကေအိုင်အို) က ဦး​လနန်း​က ယခုလို သုံး​သပ် ​ပြောဆိုပါတယ်။

“UWSA နဲ့​ မိုင်း​လား​ဘက်ကို နား​လည်မှု သ​ဘောတူတာမျိုး​ လုပ်တယ်ဆို​ပေမဲ့​ အခုထက်ထိ သူတို့​ရဲ့​ လက်မှတ်ရဲ့​ အကျိုး​သက်​ရောက်မှုက ဘာမှ မရှိဘူး​။ လက်မှတ်ထိုး​တဲ့​အကျိုး​ ဘာမှ ​ပေါ်လာစရာ အ​ကြောင်း​မရှိ​သေး​ဘူး​ ခင်ဗျ။ သူတို့​ လက်မှတ်ထိုး​တဲ့​ အဖွဲ့​ကလည်း​ နဂိုကတည်း​က အပစ်ခတ်ရပ်စဲ​ရေး​ လုပ်ထား​တဲ့​ အဖွဲ့​တွေပါ။ တကယ်လည်း​ သူတို့​ ပစ်ခတ်တာ​တွေ လုပ်တဲ့​အဖွဲ့​တွေ မဟုတ်ပါဘူး​။ ဒါကို သူတို့​က​တော့​ ပိုပြီး​တော့​ အပစ်ခတ်ရပ်စဲ​ရေး​ လုပ်ငန်း​ ပိုပြီး​တော့​ ​သေချာသွား​အောင် အမြတ်ယူသွား​တာပါ။ အခု သူတို့​ အမှန်တကယ်ဆိုရင် တလ​လောက် ရှိသွား​ပါပြီ တလအ​တောအတွင်း​မှာ သူတို့​ အဲဒီအဖွဲ့​တွေနဲ့​ အမှန်တကယ်ပဲ ငြိမ်း​ချမ်း​ချင်တယ် သ​ဘောတူညီချက် ရယူထား​တယ် ဆိုရင်​တော့​ အဲဒီ ​ဒေသအတွက် အခု နိုင်ငံ​တော်က​နေ လုပ်​ပေး​လေ။ ဘာ​တွေလုပ်ပြီး​ပြီလဲ ဆိုတာ ​မေး​ခွန်း​ထုတ်စရာ ရှိတယ်ခင်ဗျ။ ဒါက​တော့​ ဘာလဲဆို​တော့​ တိုင်း​ရင်း​သား​တွေဟာ အခု ဒီ​နောက်ပိုင်း​မှာ အား​လုံး​ဟာ တိုင်း​ရင်း​သား​တွေရဲ့​ အခွင့်​အ​ရေး​ ​တောင်း​ဆိုမှု​တွေက အား​လုံး​က တူညီလာတယ်၊​ အား​လုံး​က သ​ဘောတခုတည်း​ ဖြစ်လာတယ် ဒါကို ယူအန်အက်စ်ဘီက​နေပြီး​ စုစည်း​ပြီး​မှပဲ နိုင်ငံ​ရေး​အင်အား​စု တိုင်း​ရင်း​သား​တွေအတွက် နိုင်ငံ​ရေး​အင်အား​စုတခု ထွက်​ပေါ်လာတာ ရှိတယ်။ အဲဒီ ထွက်​ပေါ်လာတဲ့​ထဲမှာ UWSA နဲ့​ မိုင်း​လား​အဖွဲ့​တွေ ပါဝင်သွား​မှာကို သူတို့​ အများ​ကြီး​ စိုး​ရိမ်တယ်ခင်ဗျ။ ဒါ​ကြောင့်​မို့​ အဲဒီအဖွဲ့​ ၂ ဖွဲ့​ကို သူတို့​က​နေပြီး​တော့​ ဘာမှ မဖြစ်တဲ့​ ပြဿနာကို ပြဿနာတခု ဖြစ်တဲ့​ပုံစံမျိုး​နဲ့​ ပုံ​ဖော်ပြီး​မှပဲ သ​ဘောတူညီမှု လက်မှတ်​ရေး​ထိုး​တာပါ။ အမှန်တကယ်​တော့​ ဘာလဲဆို​တော့​ ကျန်တဲ့​ လက်နက်ကိုင် အင်အား​စု​တွေကို တဖွဲ့​ပြီး​တဖွဲ့​ သူတို့​က​နေ ဖျက်သိမ်း​ဖို့​ ထိုး​စစ်နဲ့​ ​ချေဖျက်ဖို့​ လုပ်တဲ့​ ကိစ္စ​တွေပါ။ ဒါက​တော့​ အမှန်တကယ်ပါပဲ တိုင်း​ရင်း​သား​တွေရဲ့​ စည်း​လုံး​ညီညွတ်မှုကို ပျက်ပြား​စေတဲ့​ ကိစ္စ​တွေပါ။ ဒါ​ပေမဲ့​ တခုက ဘာလဲဆို​တော့​ အခု ဒီ သ​ဘောတူညီချက် လက်မှတ် ​ရေး​ထိုး​ထား​တဲ့​ အဖွဲ့​တွေကလည်း​ တိုင်း​ရင်း​သား​ကို အ​ခြေခံတဲ့​၊​ တိုင်း​ရင်း​သား​အခွင့်​အ​ရေး​ကို အ​ခြေခံပြီး​ ​တောင်း​ဆို​နေတဲ့​ လက်နက်ကိုင် အင်အား​စု​တွေပါ။ အဲဒီအချက်ကို​တော့​ ထည့်​ပြီး​တော့​ စဉ်း​စား​ရမယ်ခင်ဗျ။”

၂၀၁၁ မတ်လ ၃၀ ရက်​နေ့​မှာ စစ်တပ် အုပ်ချုပ်​ရေး​က​နေ အရပ်သား​ အုပ်ချုပ်​ရေး​ဆီကို အာဏာ လွှဲ​ပြောင်း​ပေး​ခဲ့​ပါတယ်။ တပ်မ​တော်က အငြိမ်း​စား​ ဗိုလ်ချုပ်ကြီး​ဟောင်း​ ဦး​သိန်း​စိန် ​ခေါင်း​ဆောင်တဲ့​ ပြည်​ထောင်စုအစိုး​ရအဖွဲ့​သစ် ​ပေါ်​ပေါက်လာခဲ့​ပါတယ်။ ယခုအချိန်ထိ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်နဲ့​ စစ်ဘက်ဗိုလ်ချုပ်​တွေဟာ သမ္မတဦး​သိန်း​စိန်အစိုး​ရရဲ့​ ဦး​ဆောင်မှုက​နေ ​သွေဖည်တာမျိုး​ မ​တွေ့​ရ​သေး​ပါဘူး​။

လက်ရှိ ​ခေါင်း​ဆောင်​တွေရဲ့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​ ​ပြောင်း​လဲမှု​တွေကို လက်ခံတယ် ဆို​ပေမယ့်​ တိုင်း​ရင်း​သား​ကိစ္စမှာ အ​လျှော့​ပေး​တဲ့​သ​ဘောမျိုး​ ဖြစ်လာရင်​တော့​ စစ်တပ်က လက်ခံမယ့်​ပုံ မ​ပေါ် ဘူး​လို့​သုံး​သပ်တာ​တွေ ရှိပါတယ်။

စစ်တပ်က တိုင်း​ရင်း​သား​ ကိစ္စ​တွေမှာ ပိုပြီး​တင်း​မာတဲ့​ သ​ဘောထား​ ရှိ​နေတာ ထင်ရှား​ပါတယ်။ ကာလ တခုမှာ ​တော့​ နိုင်ငံ​ရေး​ လိုအပ်ချက်အရ တိုင်း​ရင်း​သား​အ​ရေး​မှာ အ​လျှော့​အတင်း​ လုပ် ​ကောင်း​ လုပ်လာ နိုင်​ပေမယ့်​ ​ရေရှည်မှာ​တော့​ စစ်တပ်က နိုင်ငံ​ရေး​လိုအပ်ချက်ကိုချည်း​ ဦး​စား​ပေး​မှာ မဟုတ်ပါဘူး​။

ပြည်နယ်နဲ့​ တိုင်း​ဒေသကြီး​တွေမှာ စစ်ဗိုလ်ချုပ်​ဟောင်း​တွေအပြင် တိုင်း​ရင်း​သား​တွေ တချို့​တဝက်ပါတဲ့​ အစိုး​ရအဖွဲ့​တွေ ရှိပါတယ်။ ပြည်နယ်​ဒေသ​တွေမှာဆိုရင် တိုင်း​ရင်း​သား​ ပြည်နယ်အစိုး​ရ ဝန်ကြီး​ချုပ် ​တွေ ရှိကြ ပါတယ်။

တချိန်တည်း​မှာလည်း​ တပ်မ​တော်က တိုင်း​ရင်း​သား​တွေဆက်ဆံ​ရေး​နဲ့​ နယ်စပ်​ဒေသ လုံခြုံ ​ရေး​ အတွက်လည်း​ ဆက်လက် ရှိ​နေဆဲပါ။ အဲလိုအ​နေအထား​မျိုး​မှာ ပြည်နယ် တိုင်း​ရင်း​သား​ဒေသ ငြိမ်း​ချမ်း​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​အတွက် စစ်တပ်နဲ့​ပဲ ဆက်ဆံရမှာလား​။ အရပ်သား​ အစိုး​ရအဖွဲ့​တွေနဲ့​ ဆက်ဆံ ရမှာလား​ ဆိုတဲ့​ ပြဿနာအ​ပေါ် ကချင်လွတ်​မြောက်​ရေး​အဖွဲ့​ ​ကေအိုင်အိုမှ ဦး​လနန်က အခုလို သုံး​သပ်ထား​ပါတယ်။

“အခုက​တော့​ အရပ်သား​အစိုး​ရ ဆို​ပေမဲ့​ အဲဒီ အရပ်သား​အစိုး​ရ အ​ပေါ်မှာ ဩဇာလွှမ်း​မိုး​မှုက ဘယ်သူရှိတယ်ဆိုတာ အဲဒီအချက်က အ​ရေး​ကြီး​ပါတယ်။ ကျ​နော်တို့​ ဒီ ပြည်နယ်အစိုး​ရ​တွေက​တော့​ တိုင်း​ဒေသကြီး​ အစိုး​တွေထက် စာရင်​တော့​ အများ​ကြီး​ လုပ်ပိုင်ခွင့်​လျှော့​ပါတယ်။ တိုင်း​ဒေသကြီး​ ဝန်း​ကြီး​ချုပ်​တွေက အရင်တုန်း​က ဗိုလ်ချုပ်ကြီး​ဟောင်း​တွေ များ​ပါတယ်။ အဲဒီကျ​တော့​ တိုင်း​ဒေသကြီး​တွေမှာ စစ်ဘက်ဆိုင်ရာ စစ်​ဒေသတိုင်း​မှူး​တွေထက် ဝန်ကြီး​ချုပ်​တွေက ​ပြောပိုင် ဆိုပိုင်ခွင့်​ ရှိတယ်။ ဒါ​ပေမဲ့​ ဒီတိုင်း​ရင်း​သား​ ​ဒေသ​တွေမှာ ရှိတဲ့​ ပြည်နယ်ဝန်ကြီး​ချုပ်​တွေက အား​လုံး​လိုလိုပဲ အရပ်ဘက်က များ​တယ်။ အဲဒီလို အရပ်ဘက်က ပုဂ္ဂိုလ်​တွေက ဝန်ကြီး​ချုပ် လုပ်တဲ့​အခါမှာ အဲဒီမှာ ​ဒေသခံ စစ်တိုင်း​မှူး​ဆီမှာ ဘာမှာ ​ပြောပိုင် ဆိုပိုင်ခွင့်​ မရှိဘူး​။ ဩဇာလွှမ်း​မိုး​မှု မရှိဘူး​။ ပြည်နယ် အစိုး​ရတရပ်အ​နေနဲ့​ ဘာမှ ဒီ ​ပြောဆိုပိုင်ခွင့်​ မရှိတဲ့​အတွက်​ကြောင့်​မို့​ ကျ​နော်တို့​က​တော့​ ဒီ တိုင်း​ရင်း​သား​လက်နက်ကိုင် အင်အား​စု​တွေက​တော့​ အခုက ​တော်​တော်​လေး​ ​ရွေး​ရတယ်ခင်ဗျ။ ဒီ ပြည်နယ်အစိုး​ရ​တွေနဲ့​ ​ပြောဆိုရမှာလား​ ဒါမှ မဟုတ်ရင် အာဏာလက်ကိုင်ထား​တဲ့​ အစိုး​ရစစ်တပ် အာဏာရှင်နဲ့​ပဲ ​ပြောရမလား​ ဆိုတာ ​ဝေခွဲမရ ဖြစ်​နေပါတယ်။ ဒါ​ပေမယ့်​ ခုနက​ပြောသလို​ပေါ့​နော် ပြည်နယ်​တွေမှာက ပြည်နယ်အစိုး​ရ ဆိုတာက​တော့​ တိုင်း​မှူး​ရဲ့​ လက်​အောက်ထဲမှာ တရား​ဝင် မရှိဘူး​ ဆို​ပေမယ့်​ ဒီ ပြည်နယ်အစိုး​ရ​တွေဟာ စစ်တပ်​တွေရဲ့​ လုပ်​ဆောင်မှု အ​ပေါ်မှာ ဘာမှာ ဝင်​ရောက်ပြီး​တော့​ အကြံ​ပေး​တာမျိုး​ ဝင်​ရောက်စွက်ဖက်တာမျိုး​ လုပ်ကိုင်မှု အတိုင်း​အတာ ဘာမှ မရှိဘူး​။”

ပြည်နယ်အစိုး​ရ​တွေက စစ်တိုင်း​မှူး​တွေအ​ပေါ် လွှမ်း​မိုး​နိုင်တာ​တော့​ မရှိဘူး​လို့​ ဦး​လနန်း​က သုံး​သပ်​ပြောဆိုသွား​တာပါ။ တိုင်း​ရင်း​လက်နက်ကိုင်အဖွဲ့​တွေဟာ ငြိမ်း​ချမ်း​ရေး​ကို လိုလား​ပြီး​ စစ်​ရေး​အရ ​ဖြေရှင်း​တာကို မလိုလား​ပါဘူး​။ ဒါ​ပေမယ့်​ မြန်မာတပ်မ​တော်ရဲ့​ တိုင်း​ရင်း​သား​တွေ အ​ပေါ်ထား​တဲ့​ ​ပေါ်လစီဟာ ​ပြောင်း​လဲတာ မ​တွေ့​ရဘူး​လို့​ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) က ဗိုလ်မှုး​စောလှ​ငွေက အခုလို သုံး​သပ်ပါတယ်။

“​လော​လောဆယ် အစိုး​ရ သမ္မတကြီး​ ဦး​သိန်း​စိန်တို့​ ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံ​တော် အ​ခြေအ​နေနဲ့​ သူတို့​ လက်ရှိ ၂၀၀၈ ဖွဲ့​စည်း​ပုံ​အောက်မှာ သူတို့​ ​ပျော့​ပျော့​ ​ပြောင်း​ပြောင်း​နဲ့​ သူတို့​ လှည့်​လို့​ရနိုင်လည်း​ ရဆိုပြီး​တော့​ သူတို့​ သာသာ​လေး​နဲ့​ ဆက်လက် အုပ်ချုပ်သွား​နိုင်ဖို့​ သူတို့​ ကြိုး​စား​ချင်တယ်။ ကျ​နော်ထင်တယ် စစ်တပ်က​တော့​ သူတို့​ရဲ့​ တိုင်း​ရင်း​သား​တွေအ​ပေါ်မှာ ထား​တဲ့​ ​ပေါ်လစီပဲ ဖြစ်ပ​စေ၊​ ကျ​နော်တို့​ ပြည်သူလူထုအ​ပေါ်မှာထား​တဲ့​ ​ပေါ်လစီပဲ ဖြစ်ပါ​စေ ဘာမှာ မ​ပြောင်း​လဲဘူး​ ဆိုတဲ့​အခါကျ​တော့​ သမ္မတဦး​သိန်း​စိန်လည်း​ ​မောတာပဲ ရှိမယ်လို့​ ထင်တယ်။ ​နောက်ဆုံး​ အဆင်မသင့်​ရင် ဆက်ပြီး​ အာဏာ သိမ်း​ခံရမှာပဲ ကျ​နော်က​တော့​ အဲဒီလိုပဲ ထင်တယ်။”

တိုင်း​ရင်း​သား​တွေအ​ပေါ် တန်း​တူထား​ပြီး​ ဆက်ဆံမယ်ဆိုတဲ့​ စဉ်း​စား​ချက်မျိုး​ မြန်မာတပ်မ​တော်မှာ ယခုလည်း​ မရှိ​သေး​သလို ​နောင်လည်း​ ​တော်​တော်နဲ့​ရှိမှာ မဟုတ်ပါဘူး​။ဒါ​ကြောင့်​ တိုင်း​ရင်း​သား​ အ​ရေး​ကိစ္စနဲ့​ ပတ်သတ်ရင် နိုင်ငံ​ရေး​နည်း​နဲ့​ စဉ်း​စား​ချင်တဲ့​ နိုင်ငံ​ရေး​သမား​များ​လို​တော့​ စစ်တပ်က စဉ်း​စား​မှာ မဟုတ်ဘူး​လို့​ဘဲ ​ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

No comments: