Monday, November 7, 2011

ရှေ့နေ၊ ဆရာဝန်နှင့် ကျောင်းသားများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို တိုင်ကြား

ရွှေအောင်

နိုင်ငံရေး အကျဉ်း ကျခံရသူများ အတွက် အသက်မွေး ၀မ်းကျောင်း လိုင်စင်နဲ့ ကျောင်းပြန် ဆက်တက် ခွင့်ရ ရှိရေး သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ရန်ကုန်မြို့၊ ဗိုလ်အောင် ကျော်လမ်းနဲ့ မဟာ ဗနုလမ်း ထောင့်ရှိ အိုလံပစ် တာဝါမှာ ဒီနေ့ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက ကျင်းပပြု လုပ်ခဲ့ပါတယ်။

အကျဉ်းချ ခံရ တဲ့အပြင် လုပ်ငန်း လိုင်စင်လည်း အသိမ်း ခံရ၊​ ​ကျောင်းပြန် တက်ခွင့် မရတဲ့ ရှေ့နေတွေ၊​ ​ဆရာဝန်တွေ၊​ ​ကျောင်းသားတွေ​ ​စုပြီး မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်ကို တိုင်ကြားစာ ပေးပို့မှာ ဖြစ်ပြီး၊ သမ္မတ ထံလည်း​ ​ပေးပို့ သွားမှာ​ ​ဖြစ်တယ်လို့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

ဒီကော်မရှင်ကို ယုံကြည်လို့​ တိုင်ကြားစာ ပေးပို့မှာလားဆိုတော့ ဦးအောင်သိန်းက​ ​ခု​လို​ ​ပြော​ပြပါ​တယ်​။

“ကျနော်တို့က ယုံကြည်ထားလို့ တင်တာလို့ ပြောလို့မရဘူးဗျ။ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ ဌာနတခု၊ အခွင့်အလမ်းတခုပေါ့ဗျာ။ ဒီအပေါ်မှာသူတို့ ဘယ်လောက်အထိ လုပ်ပေးနိုင်မလဲဆိုတဲ့ သဘောကို သိချင်လို့ ကျနော်တို့ တင်တာပါ။ လမ်းကြောင်းတခု ဖွင့်ထားတာကို လျှောက်ကြည့်တဲ့ သဘောပါပဲ။”

ဆရာဝန်လိုင်စင်သိမ်းခံထားရတဲ့ အမရပူရက ဆရာဝန်​ ​ဒေါက်တာဇော်မြင့်မောင်၊​ ​ရှေ့နေ​ ​ရောဘတ်ဆန်းအောင်၊ ဦးအောင်သိန်း အပါအ၀င် ရှေ့နေ၊ ဆရာဝန်နဲ့ ကျောင်းသား စုစုပေါင်း ၂၅ ယောက်ခန့်က သူတို့ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို​ တိုင်ကြားကြမှာ ဖြစ်ပါတယ်။

No comments: