Monday, November 7, 2011

အစိုးရပြည်သူ့စစ်များ KIOနှင့် ပူးပေါင်းရန် ပြည်ပ ကချင်များ တောင်းဆို

KNG


ပြည်ပ ၂၁ နိုင်ငံတွင်ရောက်ရှိ နေသော ကချင် အမျိုးသား များက မြန်မာ အစိုးရ သစ္စာခံ ကချင် လက်နက်ကိုင် အဖွဲ့တို့ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)နှင့် ပူးပေါင်းရန် နိုဝင်ဘာလ (၆) ရက် နေ့တွင် ကြေငြာချက် ထုတ်ပြန် လိုက်သည်။

၎င်းတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဦးဆောင်နေသော Padang Hkrun Lam Majan Masing သည် “ကချင်အမျိုးသားများ လွတ်မြောက်ရေး” အတွက်ဖြစ်သည်ကို တထစ်ချ ယုံကြည်ကြကာ အမျိုးသားချင်း သစ္စာမဲ့သော ပြုမူဆောင်ရွက်ချက်များကို လုံးဝ ကန့်ကွက်ထားသည်။

ထုတ်ပြန်ချက် မိတ္တူကို ကချင် လွတ်မြောက်ရေး အဖွဲ့ KIO၊ အမျိုးသား လွှတ်တော် အမတ် ဦးဇခုန်တိန့်ယိန်း (ယခင် NDA-K ယခု နယ်ခြား စောင့်တပ်)၊ ဒူကဘာ မထုနော် (ယခင် KDA ယခု ကောင်းခါး ပြည်သူ့စစ်)၊ ဒူကဘာ လဆန်အောင်ဝါ (လ၀ါယန်ဌာ နေပြည်သူ့စစ်)၊ ဒူဝါခွန်မြတ် (ကွတ်ခို်င်ပြည်သူ့စစ်)၊ ဆွတ်ဒူတန်ဂူးတန် (ခေါင်လံဖူး သောင်းကျန်းသူ ဆန့်ကျင်ရေး အဖွဲ့)နှင့် ဖေါင်းဆိုင် ပြည်သူ့စစ်သို့ လိပ်မူ ထားသည်။

ရှမ်းပြည် မြောက်ပိုင်းနှင့် ကချင်ပြည် နယ်ထဲ ဇွန် ၉ ရက်မှစတင်နေသော စစ်ပွဲ များတွင် အချို့သည် မြန်မာ အစိုးရ ဘက်မှ KIO ကို တိုက်ခိုက်နေသည်ဟု KIO ပြောသည်။

No comments: