စာသင်ကျောင်းမှ ပြန်လာသည့် ၁၂ အရွယ် ကျောင်းသူ တဦးကို မွန်ပြည်နယ် ရေးမြို့ နယ်တောင်ပိုင်း ခေါဇာမြို့ အခြေစိုက် ခလရ ၃၁ မှ ဗိုလ်ကြီး ဝေလင်းဖြိုးက မုဒိမ်း ကျင့်ရန် ကြိုးပမ်း မှုတခု အောက်တိုဘာလ ၂၁ ရက် နေ့တွင် ဖြစ်ပွား ခဲ့သည်။ ကျုံကညာရွာရှိ ပဉ္စမတန်းတွင် ပညာသင်ကြားနေသည့် ထိုကျောင်းသူသည် ကျောင်းမှ မိဘနေအိမ်ရှိရာ ခေါဇာချောင်းဝ တံငါရွာသို့ ပြန်လာစဉ် ညနေ ၄ နာရီခွဲခန့် လမ်းခုလတ်တွင် မုဒိမ်းကျင့်ရန် ကျိုးစားခံရခြင်း ဖြစ်သည်။
ကျောင်းနှင့် အိမ်သည် တမိုင်ခွဲခန့် ကွာဝေးပြီး နေ့စဉ် စစ်တပ်လျားရှိရာ အုန်းခြံကို ဖြစ်ပြီး ခြေကျင်ခရီးဖြင့် ကျောင်းသွား ကျောင်းပြန်ရသည်။
မျက်မြင် များ၏ အဆို အရ ဗိုလ်ကြီး ဝေလင်းဖြိုးသည် ထိုကျောင်း သူနောက်မှ လိုက်လာခြင်း ဖြစ်ပြီး အုန်းခြံ အရောက်တွင် ထိုသူ ငယ်မ၏ လက်ကို ဆွဲပြီး၊ အင်္ကျီကို ချွတ်ကာ မုဒိမ်းကျင့်ရန် ကြိုး စားစဉ် ကျောင်းသူမက အလန့်တကြား အော်ဟစ် အကူ အညီတောင်း ရာမှ ထို ကျောင်း သူမ၏ အကို ရောက်ရှိလာပြီး မုဒိမ်းကျင့်ရန် အထ မမြောက် ခဲ့ပေ။
၎င်းဗိုလ်ကြီးဝေလင်းဖြိုးသည် ယမန်နှစ် ၂၀၁၀ ခုတွင်လည်း မွန်ပြည်နယ်တောင်ပိုင်း ဟံဂံကျေးရွာတွင် ရွှေခိုးသည့် ပြစ်မှုကို ကျူးလွန်ခဲ့ဘူးသည်ဟု ရွာသားများက ပြောသည်။
နောက်ဆုံးရရှိသည့် သတင်းအရ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ခလရ (၃၁) မှ အထက်ပါ ကျောင်းသူ၏ မိသားစုကို ခေါ်ယူပြီး အမူဖွင့် တိုင်ကြားခြင်း မပြုရန်နှင့် ဗိုလ်ကြီးဝေလင်းဖြိုးအပေါ် ကျူးလွန်ခဲ့သည့်အပေါ် ကျေအေးရန် ခံဝန်ချက် ရေးထိုးစေခဲ့ကြောင်း သိရသည်။
၂၀၀၁မှ၂၀၀၅ခုနှစ်အတွင်းအစိုးရစစ်တပ်သည်ခေါဇာမြို့နယ်ခွဲတွင်လူ့အခွင့်အရေးချိုးဖောက်မှုအဆိုးရွားဆုံးကျူးလွန်ခဲ့ဘူးသည်။
No comments:
Post a Comment