Tuesday, November 8, 2011

NLD မှတ်ပုံတင်ရေး/မတင်ရေး ၁၈ ရက်နေ့တွင် စည်းဝေးမည်

သဲသဲ | အင်္ဂါနေ့၊ နိုဝင်ဘာလ ၀၈ ရက် ၂၀၁၁

ပါတီ မှတ်ပုံ တင်ရေး၊ မတင်ရေး အတွက် တိုင်းနှင့် ပြည်နယ် အသီး သီးရှိ ပါတီ ဗဟို ဦးစီး အဖွဲ့ဝင် ၁၀၆ ဦးနှင့် နိုဝင်ဘာလ ၁၈ ရက် နေ့တွင် အစည်း အဝေး ခေါ်ယူပြီး ဆုံးဖြတ်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

NLD ဗဟိုကော်မတီဝင်များ အစည်းအဝေးကို အင်္ဂါနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်တွင် ပြုလုပ် ခဲ့ပြီးနောက် ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း NLD ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“နာမကျန်းဖြစ်နေတဲ့ ဗဟိုကော်မတီဝင်တွေ ကလွဲပြီး ကျန်တဲ့သူတွေ အကုန်လာတယ်။ ပါတီမှတ်ပုံတင်မယ် မတင်ဘူးကို ဗဟိုဦးစီးတွေနဲ့ အစည်းအဝေး လုပ်ပြီးမှ ဆုံးဖြတ်မှာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။

အစည်းအဝေးတွင် ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ဦးအုန်းကြိုင်၊ ဒေါ်မေဝင်းမြင့်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဝင်းမြင့် တို့ တက်ရောက် ခဲ့ကြသည်။

ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ ရုံးချုပ်ရှိ အစည်းအဝေး ခန်းမတွင် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

No comments: