Wednesday, May 2, 2012

အဓမ္မအလုပ်ခိုင်း​စေမှု ၂၀၁၅ မှာ ပ​ပျောက်​အောင်လုပ်မည်ဟု သမ္မတ​ပြော

ပီတာအောင်

လာမယ့်​ ၂၀၁၅ ခုနှစ်မှာ အဓမ္မ အလုပ်​စေခိုင်း​မှု​တွေ မြန်မာပြည်မှာ လုံး​ဝပ​ပျောက်သွား​စေဖို့​ စတင် ​ဆောင်ရွက်​နေပြီလို့​ မြန်မာသမ္မတ ဦး​သိန်း​စိန်က ​မေလ ၁ ရက်​နေ့​မှာ ကျ​ရောက်တဲ့​ ကမ္ဘာ့​ အလုပ်သမား​နေ့​ အထိမ်း​အမှတ်​ပေး​ပို့​တဲ့​ သဝဏ်လွှာမှာ ထည့်​သွင်း​ပြောကြား​လိုက်ပါတယ်။

သမ္မတဦး​သိန်း​စိန်က ဒီမိုက​ရေစီစနစ်အရတာဝန်ယူခဲ့​တဲ့​ အစိုး​ရသစ်သက် တမ်း​ တနှစ်​ကျော် ကာလဖြစ်လို့​ နိုင်ငံမှာ တရား​မ်ွတ လွတ်လပ် ညီမ်ွခြင်း​ဆိုတဲ့​ ​လောကပါလတရား​တွေ ပိုထွန်း​ကား​စေဖို့​ အဓမ္မခိုင်း​စေမှု​တွေ မြန် မာနိုင်ငံ တဝန်း​လုံး​မှာ လုံး​ဝပ​ပျောက်သင့်​ပြီလို့​ ဆိုပါတယ်။

အဓမ္မခိုင်း​စေမှုမှာ မည်သူ တဦး​တ​ယောက်ထံကမဆို ကာယကံရှင်ရဲ့​ဆန္ဒ မပါဘဲ လုပ်အား​ကို ခြိမ်း​ခြောက်ပြီး​ အတင်း​ အကျပ် ရယူ အသုံး ​ပြုတဲ့​အ လုပ်​ တွေနဲ့​ ဝန်​ဆောင် မှု​တွေ ပါဝင် တယ်လို့​ဦး​သိန်း​စိန်က ​ပြောပါ တယ်။

အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​ကို ကာကွယ်​စောင့်​ရှောက်​ရေး​အတွက် အလုပ်သမား​ အဖွဲ့​အစည်း​တွေ ဖွဲ့​စည်း​ခွင့်​ပြုထား​တဲ့​အ​ကြောင်း​နဲ့​ ​ခေတ်မီ ဖွံ့​ဖြိုး​တိုး​တက်တဲ့​ ဒီမိုက​ရေစီနိုင်ငံ တည်​ဆောက်ရာမှာ အလုပ်သမား​ အလုပ်ရှင်နဲ့​ အလုပ်သမား​ အဖွဲ့​အစည်း​တွေက အစိုး​ရနဲ့​ ညီ ညီညွတ်ညွတ် ပူး​ပေါင်း​ဆောင်ရွက်ဖို့​လည်း​ သမ္မတ ဦး​သိန်း​စိန်က တိုက်တွန်း​ပါတယ်။

ဒီက​နေ့​ ကျ​ရောက်တဲ့​ ၁၂၂ ကြိမ်​မြောက် ကမ္ဘာ့​အလုပ်သမား​နေ့​ အထိမ်း​အမှတ် အခမ်း​အနား​တွေကို မြန်မာနိုင်ငံတွင်း​မှာ​ရော ပြည်ပမှာပါ မြန်မာ အလုပ်သမား​တွေနဲ့​ အလုပ်သမား​အ​ရေး​ လှုပ်ရှား​သူ​တွေက ​နေရာအသီး​သီး​မှာ ကျင်း​ပခဲ့​ကြပါတယ်။

ရန်ကုန်တိုင်း​ သန်လျင်မြို့​နယ်မှာ​တော့​ အလုပ်သမား​သမဂ္ဂ အဖွဲ့​အစည်း​တွေ အများ​အပြား​ ပါဝင်တဲ့​ အလုပ်သမား​နေ့​ အထိမ်း​အမှတ် ​ဟော​ပြောပွဲနဲ့​ အခမ်း​အနား​ကို မြန်မာနိုင်ငံမှာ အစိုး​ရသစ်တက်လာပြီး​နောက် ပထမဆုံး​အကြိမ် လွတ်လပ်စွာ ကျင်း​ပနိုင်ခဲ့​ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့​အလုပ်သမား​သမဂ္ဂ​တွေ ဖွဲ့​စည်း​ခွင့်​ရ​ရေး​နဲ့​ အလုပ်သမား​တွေရဲ့​ ဘဝ အာမခံချက်ရှိ​ရေး​ဟာ မြန်မာအလုပ်သမား​ထု​တွေ အတွက် အ​ရေး​အကြီး​ဆုံး​ ဖြစ်တယ်လို့​ လွတ်လပ်​သော အလုပ်သမား​သမဂ္ဂများ​ ဖြစ်​မြောက်​ရေး​ကော်မတီက ဦး​ထွန်း​ထွန်း​နိုင်က ​ပြောပါတယ်။

“မြန်မာပြည်မှာရှိတဲ့​ အလုပ်သမား​ပြဿနာဟာ အဓမ္မ အလုပ်ခိုင်း​စေမှု ပြဿနာ တခုတည်း​ မဟုတ်ပါဘူး​။ အလုပ်သမား​သမဂ္ဂ​တွေ လွတ် လပ်စွာ ဖွဲ့​စည်း​ခွင့်​ရရှိဖို့​ ဖြစ်တယ်။ အလုပ်သမား​တွေမှာ သူတို့​ရဲ့​လုပ် အား​နဲ့​ ညီမ်ွတဲ့​ လုပ်ခလစာ ရရှိဖို့​ဖြစ်တယ်။ အလုပ်သမား​တွေရဲ့​ ဘဝအာမခံချက်ရရှိ​ရေး​ ဖြစ်တယ်။ ဒါက အလုပ်သမား​တွေအတွက် အ​ရေး​ကြီး​တဲ့​ ပြဿနာပါ။ အဓမ္မ လုပ်အား​ပေး​ ပြဿနာဆိုတာ အလုပ် သမား​ တွေရဲ့​ ပြဿနာ ထဲမှာ အစိတ် အပိုင်း​ တခုပဲ ဖြစ်ပါတယ်။”

ဒီအခမ်း​အနား​မှာ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် ကိုကိုကြီး​၊​ အလုပ်သမား​ လယ်သမား​ရေး​ဆောင်ရွက်သူ မစုစု​နွေး​နဲ့​ အလုပ် သမား​ အခွင့်​ အ​ရေး​ လှုပ်ရှား​သူ​တွေ ​ဟော​ပြောခဲ့​ကြပြီး​ ​ဆောင်း​ဦး​လှိုင်၊​ အနဂ္ဂ၊​ သံသာဝင်း​စတဲ့​ အနုပညာရှင် တချို့​လည်း​ ပါဝင် တက်​ရောက်ခဲ့​ကြပါတယ်။

မြန်မာအလုပ်သမား​တွေဟာ ၁၉၈၈ ကာလတုန်း​က မဆလ တပါတီ အာဏာ ရှင်စနစ် ပြုတ်ကျသွား​အောင် လုပ်ခဲ့​တဲ့​ အ​ရေး​အပါဆုံး​ အင် အား​စုဖြစ်တယ်လို့​ အခမ်း​ အနား​မှာ ကိုကိုကြီး​က အလုပ် သမား​တွေကို ဂုဏ်ပြု စကား​ ​ပြောကြား​ သွား​ပါတယ်။

“၁၉၈၈ ခုနှစ် နိုင်ငံလုံး​ကျွတ် လူထုလှုပ်ရှား​မှုကြီး​မှာ ကျ​နော်တို့​ တက္ကသိုလ် ​ကျောင်း​ဝင်း​တွေက​နေ စခဲ့​တယ်ဆို​ပေမယ့်​ တကယ့်​အဆုံး​အ ဖြတ် ​ပေး​သွား​တဲ့​ အစိုး​ရ ယန္တရား​တခုလုံး​ ရပ်တန့်​သွား​အောင် လုပ်ခဲ့​တဲ့​ အ​ရေး​ပါဆုံး​ အင်အား​စုက အလုပ်သမား​ထုပါ။ အဲဒီ အလုပ် သမား​ ထုသာ သပိတ်ထဲမှာ ပူး​ပေါင်း​ ပါဝင် မလာခဲ့​ရင် တပါတီအာဏာရှင်ရဲ့​ ယန္တရား​ဟာ ဆက်ပြီး​သက်ဆိုး​ရှည်​နေဦး​မှာ။ အဲဒီလို ကျ​နော်တို့​ နိုင်ငံရဲ့​ခေတ်​ပြောင်း​၊​ စနစ်​ပြောင်း​ ​တော်လှန်​ရေး​တခုကို အဓိကကျခဲ့​တဲ့​ အင်အား​စုတခုအဖြစ်နဲ့​ ကျ​နော်တို့​ ​ကျောင်း​သား​ထုနဲ့​ အလုပ်သမား​ထုနဲ့​ ​အောင်​အောင်မြင်မြင် ပူး​ပေါင်း​ဆောင်ရွက်နိုင်ခဲ့​တာဟာ ကျ​နော်တို့​နိုင်ငံရဲ့​ ဒီမိုက​ရေစီ ​ပြောင်း​လဲ​ရေး​မှာ အ​ရေး​အပါဆုံး​ ​သော့​ချက်လို့​ ​ပြောလို့​ ရပါတယ်။”

အလား​တူ မြန်မာနိုင်ငံက ​ရွှေ့​ပြောင်း​အလုပ်သမား​တွေ အများ​အပြား​ လာ​ရောက် အလုပ်လုပ် ကိုင်​နေတဲ့​ ထိုင်း​နိုင်ငံ ဘန်​ကောက်၊​ ချင်း​မိုင်၊​ မဲ​ဆောက်မြို့​စတဲ့​မြို့​တွေမှာလည်း​ ​မေ​ဒေး​နေ့​ လှုပ်ရှား​မှု​တွေနဲ့​ အ ခမ်း​အနား​တွေ ကျင်း​ပခဲ့​ကြပြီး​ အလုပ်ချိန်၊​ လုပ်အား​ခ စတဲ့​ အလုပ်သမား​တွေရဲ့​ ရပိုင်ခွင့်​ အခွင့်​အ​ရေး​တွေ ပြည့်​ပြည့်​ဝဝရရှိ​ရေး​နဲ့​ ဖိနှိပ်မှု​တွေက​နေ ကင်း​လွတ်​ရေး​အတွက် ​တောင်း​ဆိုခဲ့​ကြပါတယ်။

No comments: