Wednesday, May 9, 2012

မြန်မာ သမ္မတ ဦးသိန်းစိန် ဘင်္ဂလာဒေခ်ျ့ကို နောက်လတွင် လာမည်


မြန်မာ သမ္မတ ဦးသိန်းစိန် သည် ဘင်္ဂလာဒေခ်ျ့ သမ္မတ ဇီလူရာဟာ မန်၏ ဖိတ်ကြားချက် အရ နောက်လတွင် ဘင်္ဂလာ ဒေခ်ျ့သို့ လာ ရောက် လည်ပတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

တာဝန်ပြီးဆုံး၍ မြန်မာသို့ မထွက်ခွာမှီ ဘင်္ဂလာဒေခ်ျ့ဆိုင်ရာ မြန်မာ သံအမတ် ဦးမင်းလွှင်က ဘင်္ဂလာဒေခ်ျ့ သမ္မတ ဇီလူရာဟာမာန်ကို ယမန်နေ့က သမ္မတ အိမ်တော်တွင် သွားရောက် တွေ့ဆုံ နုတ် ဆက် စဉ် ထိုသို့ သမ္မတ ဦးသိန်းစိန်၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်ကို ထုတ် ဖေါ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့၏ ဆက်ဆံရေးမှာ တိုးတက် ကောင်းမွန်နေ ကြောင်း နှင့် ဘင်္ဂလာ ဒေခ်ျ့ ၀န်ကြီးချုပ် မြန်မာကို သွားလည် အပြီး တွင် ဆက်ဆံရေး ပို၍ တိုးတက် ကောင်းမွန် လာကြောင်း ဦးမင်း လွှင် က ထုတ်ဖေါ် ပြောကြား သည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ အကြား ကုန်သွယ်မူကို တိုးမြှင့် ဆောင်ရွက်ရန် နှစ်ဘက်စလုံးက လိုလားနေရာ ယခု သမ္မတ ဦးသိန်းစိန်၏ လာမည့် ဘင်္ဂလာ ခရီးစဉ်တွင် စီးပွား ကုန်သွယ်ရေး ကိစ္စမှာ အဓိက လွှမ်းမိုး ဖွယ် ရှိနေကြောင်း လေ့လာ သုံးသပ်သူများက ပြောသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် သူနိုင်ငံ၏ စီးပွားရေး မူဝါဒ အရ ကုန်သွယ်မူကို အာစီယံ အပါအ၀င် တရုတ်နှင့်ပါ တိုးမြှင့် လိုနေရာ မြန်မာသည် ပထ၀ီ အနေအထားအရ အဓိက ကျသော နေရာတွင် တည်ရှိ နေသဖြင့် မြန်မာနှင့် ဆက်ဆံရေးကို ကောင်းမွန်အောင် တည်ဆောက်နေ သည်။

မြန်မာကို ဖြတ်ဖေါက်မည့် ရထား၊ ကားလမ်း မှာ ဘင်္ဂလာဒေခ်ျ့ အစိုးရ၏ အဓိက ဦးစားပေး စီးပွားရေဒ မူဝါဒထဲတွင် တစ်ခု အဖြစ် ပါဝင် နေရာ လာမည့် သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ် အတွင်းတွင် ကား လမ်း၊ ရထားလမ်း ဖေါက်လုပ်ရေးကို ဘင်္ဂလာဘက်မှ အဓိကထား ဆွေးနွေးနိုင်ကြောင်း သိရသည်။

ဦးသိန်းစိန်၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ် အတွင်း နှစ်နိုင်ငံအကြား သဘောတူညီထားသည့် နားလည်မူ စာချွန်လွှာ အများအပြားကိုလည်း လက်မှတ်ရေးထိုးနိုင်ပြီး မြန်မာနိုင်ငံမှ ရေအားလျှပ်စစ်နှင့် ဂတ်စ် ၀ယ် ယူရေး ကိစ္စ၊ မြေဌားရမ်းရေး ကိစ္စ၊ တိုက်ရိုက် လေကြောင်း ပျံသန်းရေး ကိစ္စ၊ ရေကြောင်း ဆက်သွယ်ရေး ကိစ္စနှင့် ဒုက္ခသည်များ ပြန်ပို့ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးမည်ဟု သိရသည်။

တွေ့ဆုံပွဲတွင် ဘင်္ဂလာဒေခ်ျ့ သမ္မတ ဇီလူရာဟာမာန်က မြန်မာ သံအမတ်ကြီး၏ နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်အောင် ဆောင် ရွက်ခဲ့မူများအား ချီးကျူးလိုက်ပြီး မြန်မာနှင့် ဆက်သွယ်မည့် ရထား လမ်း၊ ကားလမ်း ဖေါက်လုပ်ရေးမှာ ဒေသ ဖွံ့ဖြိုးရေး အတွက် အ ရေးကြီးသဖြင့် အဆိုပါ ကိစ္စကို အလေးထား ဆောင်ရွက်ရန် မြန်မာ အစိုးရကို တိုက်တွန်းကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

No comments: