Thursday, May 24, 2012

ပြည်မြို့​က လ်ွပ်စစ်မီး​ရ​ရေး​ ဆန္ဒပြသူတချို့​ ရိုက်နှက်ဖမ်း​ဆီး​ခံရ

အေး​နိုင်

ပြည်မြို့​ လ်ွပ်စစ်မီး​ရရှိ​ရေး​ ဆန္ဒပြ​ခေါင်း​ဆောင်​တွေကို လုံထိန်း​တပ်ဖွဲ့​က ရိုက်နှက်ပြီး​ ဖမ်း​ဆီး​ခေါ်​ဆောင်သွား​တယ်လို့​ ဆန္ဒပြသမား​တွေက ​ပြော ပါတယ်။

ပြည်မြို့​ လ်ွပ်စစ်မီတာရုံး​က ဆန္ဒပြလာတဲ့​ လူသုံး​ရာခန့်​ကို ရဲလုံထိန်း​အင် အား​ တရာခန့်​က တား​ဆီး​ပြီး​ ဦး​ဆောင်သူ​တွေထဲက ၃ ဦး​ခန့်​ ရိုက်နှက် ခံရပြီး​ ဆန္ဒပြသမား​တွေက မရိုက်နှက်ဖို့​ ဝိုင်း​ဝန်း​ကန့်​ကွက်​တော့​မှ ၇ ဦး​ခန့်​ကို ဖမ်း​ဆီး​ပြီး​ အမှတ် ၂ ရဲစခန်း​ကို ​ခေါ်​ဆောင်သွား​တယ်လို့​ ဦး​ဆောင်သူ တဦး​လည်း​ဖြစ်တဲ့​ ပြည်မြို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် စည်း​ရုံး​ရေး​ကော် မတီဝင် ကို​ကျော်ဆန်း​က ​ပြောပါတယ်။

ရန်ကုန်၊​ မန္တ​လေး​၊​ မုံရွာ သုံး​ခွနဲ့​ ပြည်မြို့​တွေမှာ လ်ွပ်စစ်မီး​ရ​ရေး​ဆန္ဒပြပွဲ​တွေ ဒီလ ၂၀ ရက်က စလို့​ တစတစ ကျယ်ပြန့်​လာ​နေတာ ဖြစ်ပါတယ်။

မ​နေ့​ညက​တော့​ ပြည်မြို့​အနီး​ ​ပေါင်း​တည်မြို့​မှာလည်း​ လူ ၇၀ ခန့်​ ဆန္ဒပြ သ လို မန္တ​လေး​မြို့​နဲ့​ ရန်ကုန်မှာလည်း​ ဆန္ဒပြပွဲ​တွေ ဆက်ဖြစ်ပါတယ်။

No comments: