Thursday, May 24, 2012

သမဂ္ဂအ​ဆောက်အဦ ပြန်လည်တည်​ဆောက်ခွင့်​ရ​ရေး​ ဗကသ ကြိုး​ပမ်း

အေး​နိုင်

ရန်ကုန်တက္ကသိုလ်ဝင်း​အတွင်း​က တကသ အ​ဆောက်အဦ​နေရာ​ဟောင်း​မှာ သမဂ္ဂအ​ဆောက်အဦသစ်ကို ပြန်လည်​ဆောက်လုပ်ခွင့်​ရ​ရေး​ ​တောင်း​ဆိုတဲ့​ လှုပ်ရှား​မှုကို ဦး​စား​ပေး​လုပ်​ဆောင်မယ်လို့​ ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​ သမဂ္ဂများ​အဖွဲ့​ချုပ် (ဗဟိုလုပ်ငန်း​ကော်မတီ)က ​ကြေညာ လိုက်ပါ တယ်။

ဥက္ကဋ္ဌအဖြစ် ကို​ကျော်ကိုကို တာဝန်ယူတဲ့​ ၁၇ ဦး​ပါ ဗကသ (ဗဟိုလုပ်ငန်း​ကော်မတီ က ဒီ​နေ့​ ​ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ကော်မတီရဲ့​ ဒု-ဥက္ကဋ္ဌ​တွေအဖြစ် ကိုလင်း​ထက်နိုင်နဲ့​ ကိုမိုး​ထက်​နေတို့​က တာဝန်ယူမှာဖြစ်ပြီး​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​အဖြစ် မဖြိုး​ဖြိုး​အောင်က တာဝန်ယူ ​ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး​နေဝင်း​ ဦး​ဆောင်တဲ့​ ​တော်လှန်​ရေး​ကောင်စီလက်ထက် ၁၉၆ ၂ ခုနှစ်၊​ ဇူလိုင်လ ၈ ရက်​နေ့​ နံနက်ပိုင်း​မှာ တက္ကသိုလ်သမဂ္ဂ အ​ဆောက်အဦကို ​ဖောက်ခွဲဖျက်ဆီး​ခဲ့​တာ ဖြစ်ပါတယ်။

အခု အဲဒီ အ​ဆောက် အဦ​ နေရာမှာ သမဂ္ဂ အ​ဆောက် အဦ ရရှိ​ရေး​ အတွက် လတ်တ​လော လုပ်ငန်း​စဉ် အဖြစ် ဗကသ (လုပ်ငန်း​ကော်မ တီက) ကြိုး​ပမ်း​မယ်လို့​ အ​ထွေ​ထွေ အတွင်း​ ရေး​မှူး​ မဖြိုး​ဖြိုး​ အောင်က ​ ပြောပါတယ်။

ဗကသ (ဗဟိုလုပ်ငန်း​ကော်မတီ)ဟာ ရှိထား​နှင့်​တဲ့​ ဗကသများ​အဖွဲ့​ချုပ် (ဗဟိုစည်း​ရုံး​ရေး​ကော်မတီ) နဲ့​ ဗကသများ​အဖွဲ့​ချုပ် (အထက် ဗမာ ပြည်) ပြန်လည် ဖြစ်ထွန်း​ရေး​ကော်မတီတို့​ကို ပူး​တွဲပြီး​ လုပ်ငန်း​ရေး​ရာ​တွေ အ​ကောင်အထည် ​ဖော်နိုင်ဖို့​ ပူး​တွဲ​ဆောင်ရွက်တာဖြစ်ပါတယ်။

No comments: