Friday, May 4, 2012

ဗုံးကြောင့် မူစယ် - မန္တလေးလမ်း ယာဉ်အသွား အလာ ခေတ္တ ရပ်ဆိုင်း

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်နှင့် ကွတ်ခိုင်မြို့ အကြားရှိ နမ့်ပေါ့တံတားအနီးတွင် ယနေ့နံနက်ပိုင်း ၈ နာရီခန့်က အစိုးရ တပ်မှ မိုင်းရှာ ဖွေမှုပြုလုပ်ခဲ့ရာ မန္တလေးမှ မူစယ်သို့ ထွက်ခွာလာသည့် ယာဉ်များ လမ်း၌ ခေတ္တရပ်နားထားရကြောင်း သိရ သည် ။

ဗျူဟာမှူးခရီးစဉ်လုံခြုံရေးအတွက် မိုင်းရှာဖွေမှု ပြုလုပ်ခြင်းဖြစ်ပြီး မိုင်းတစ်လုံး တွေ့ရှိကြောင်း ယနေ့နံနက်ပိုင်းက နမ့်ဖတ် ကာရွာ အနီး KIA နှင့် အစိုးရတပ်တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးကြောင်း စစ်ဘက် နှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည် ။

အဆိုပါ မိုင်းရှာဖွေမှုကြောင့် နမ့်ပေါ့တံတားအနီး ယာဉ်များ ၁ နာရီကျော်ခန့် ရပ်နားခဲ့ရပြီး ယခုပုံမှန်သွားလာနေပြီဟု မူစယ် - မန္တလေး လမ်း ယာဉ်မောင်း တစ်ဦးက အတည် ပြုပြော သည် ။

“နမ့်ပေါ့တံတားနားမှာ သူတို့ (အစိုးရတပ်) မိုင်းရှင်းလို့ဆိုပြီး မနက် ၈ နာရီလောက်ကနေ ၉ နာရီကျော်လောက်အထိ ကားတွေ ရပ်ထား ရတယ် အခုကားတွေပုံမှန်ပြန်သွားနေပြီ ကျနော်တို့လည်း မူစယ် ဘက် ရောက်လာပြီ ” ဟု အဆိုပါ ယာဉ် မောင်းက ပြောသည် ။

ယမန်နေ့ ညနေပိုင်းကလည်း သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မုံးပေါ်ဒေသအတွင်း KIA နှင့် အစိုး ရတပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ အကျအဆုံးများကြောင်း ယနေ့နံနက်ပိုင်းတွင် နမ့် တောင်း ဘက်မှ အစိုးတပ်အင်အား ၂၀၀ ခန့် မုံးပေါ်ဒေသသို့ ထွက်ခွာသွားကြောင်း ဒေသခံများ အဆိုအရ သိရသည် ။

No comments: