Wednesday, May 2, 2012

သျှမ်းပြည် မျိုးဆက်သစ် ခေါင်းဆောင် ၆ နှစ်ပြည့် ရက်လည် ဆွမ်းသွတ်ပွဲ တောင်ကြီး၌ ကျင်းပ သျှမ်း ခေါင်းဆောင်များ နှင့် ၈၈ ကျောင်းသား ခေါင်းဆောင်များ တက်ရောက်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် ဆရာဦးမြင့်သန်း ကွယ်လွန်ခြင်း ၆ နှစ်ပြည့်အထိမ်းအမှတ် ဆွမ်း သွတ်ပွဲကိုတောင်ကြီးမြို့၌ ယနေ့မနက်ကကျင်းပရာသျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အကြီး အကဲနှင့် ၈၈ ကျောင်းသားခေါင်းဆောင်များ တက်ရောက် ခဲ့ကြ ကြောင်း သျှမ်းခေါင်းဆောင် များက ပြော သည်။

“ SNLD ခေါင်းဆောင်ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်နဲ့ SSPP/SSA နာယက ဒုတိယ ဗိုလ်ချုပ် ကြီး ဆေထင်၊ ဆိုင်ကျော့ ပြည်သူ့စစ် ဒုခေါင်းဆောင် ဗိုလ်ချုပ်ကိုင်ဖ အပြင် ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင်တွေလဲတက်ရောက်တယ်။ ကျနော်ရောက်တဲ့အချိန်က လူ၂၀၀ နီးပါး ရှိတယ်” ဟု ဆွမ်းသွတ်ပွဲတက်ရောက်သည့် လားရှိုးသားတဦးကပြောပါသည်။

တောင်ကြီးမြို့ချမ်းမြသာစည်ရပ်ကွက်ရှိ နဂါးပွက်ကျောင်းတိုက်၌ သံဃာတော်များအား အရုဏ်ဆွမ်းနေ့ဆွမ်း ဆက်ကပ် လှူဒါန်း ပြီးမှသာ မွန်းလွဲ ၁ နာရီ၌ ရေစက်ချအမျှဝေကြကြောင်း၊ ၆ နှစ်ပြည့် ရက် လည်ဆွမ်းသွတ်ပွဲသို့ ပရိတ် သတ် ၂၀၀ ဝန်းကျင် တက်ရောက်ကြကြောင်း ၎င်းကဆက်လက်ပြောပြသည်။

“သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင်တွေနဲ့ ဆရာ့သား ၂ ယောက်က ကမကထပြု လုပ်ပေးတာ ပေါ့ဗျာ။ တော်တော်လေး စည်ကား တယ် ပြော ရမယ်။ မိန့်ခွန်း ပြောတာ ဘာညာတော့ မရှိဘူး” ဟုဆိုပါ သည်။

ဆရာဦးမြင့်သန်း ခေါ် သင်္ချာ မြင့်သန်းကို အမိဒေါ်တင်လှနှင့် အဖ ဦးမောင်ကိုတို့က ၁၉၅၁ ဂျွန်လ ၁၈ ရက်က တောင်ကြီးမြို့ ချမ်းမြသာ စည်ရပ်ကွက်၌ဖွားမြင်ခဲ့သည်။ ၁၉၈၈ ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရ၏ ဆိုရှယ်လစ် စနစ်ကို ဆန့်ကျင် ရာတွင်လည်း ပါဝင် ခဲ့ဖူးသည်။ ၂၀၀၄ ခုနှစ် သျှမ်းပြည် ပညာရှင်များ အတိုင် ပင်ခံ ကောင်စီဖွဲ့စည်းရန် စည်းရုံး ဟောပြောခြင်း၊ သျှမ်းပြည် အတိုင်ပင် ခံကောင်စီဖွဲ့စည်းရန် ပြင် ဆင်ခြင်း အပေါ် မတရား အသင်းဖွဲ့စည်း သည်ဟု ထိုစဉ် စစ်အစိုးရက စွပ်စွဲကာ ထောင်ဒဏ် ၇၉ နှစ်ဖြင့် ဖမ်းဆီးပြစ်ဒဏ်ချ ရိုက်နှက် စစ်ဆေး ရာမှ ရသည့်ဒဏ်ရာကြောင့် မေလ ၂ ရက် ၂၀၀၆ သံတွဲ ထောင် ဆေးရုံ ကြီး၌ ကွယ်လွန် ခဲ့သည်ဟု သျှမ်း နိုင်ငံရေး အသိုင်း အဝိုင်းက ဆိုသည်။

No comments: