Saturday, May 5, 2012

စစ်တပ်မှထွက်ခွင့်​ရ​ရေး​ ကူညီရန် အိုင်အယ်လ်အိုထံ ပန်ကြား

အေး​နိုင်

ဧရာဝတီတိုင်း​ ချမ်း​မြသာစည်မြို့​က က​လေး​စစ်သား​တဦး​က စစ်တပ်အတွင်း​ ပြန်မဝင်ရ​ရေး​ ကူညီ​ပေး​ဖို့​ ရန်ကုန်မြို့​ အိုင်အယ်လ်အို ဆက်ဆံ​ရေး​ရုံး​ကို ကိုယ်တိုင်သွား​ရောက် တိုင်တန်း​လိုက်ပါတယ်။

ချမ်း​မြသာစည်မြို့​နယ်မှာ မိဘ​တွေနဲ့​နေထိုင်တဲ့​ ​မောင်ရဲမင်း​ဦး​ဟာ ၂၀၀၈ ခုနှစ် အသက် ၁၆ နှစ်အရွယ်မှာ မိဘ​တွေနဲ့​အတူ ​နေထိုင်ရင်း​ အခုလုပ်တဲ့​ အလုပ်ထက် လစာ နှစ်ဆရမယ်ဆိုပြီး​ လူရွယ်တဦး​က ​ခေါ်​ဆောင်သွား​တယ်လို့​ ဆိုပါတယ်။

ထို့​နောက် ကျိုက်ထိုမြို့​မှာ ပန်း​ရံအလုပ်လုပ်ရာက ​နောက်ပိုင်း​မှ သူ့​ကို​ခေါ်သူဟာ သင်တန်း​တက်ဖို့​ပြောမှ စစ်သား​ဆိုတာ သိရပြီး​ သိမ်း​သွင်း​ခြိမ်း​ခြောက်မှု​တွေ​ကြောင့်​ စိတ်မပါဘဲ ခမရ (၅၇၀) မိုင်း​ဖြတ်မှာ သုံး​နှစ်​ကျော် တာဝန်ထမ်း​ခဲ့​ရတယ်လို့​ ​မောင်ရဲမင်း​ဦး​က ​ပြောပါတယ်။

“ကျ​နော် စစ်ထဲ​ရောက်တဲ့​အထိ ကျ​နော့်​ကို ဘာအဆက်အသွယ်လည်း​ လုပ်မ​ပေး​ဘူး​။ ကျ​နော့်​ မိဘနဲ့​လည်း​ အ​တွေ့​မခံဘူး​ သူက။ အဲဒါ အ​တွေ့​မခံ​တော့​ ကျ​နော် ဒီလိုပဲ သူ​ပြောသမ်ွကို​တော့​ ​ခေါင်း​ငုံ့​ခံပြီး​ ကျ​နော့်​စိတ်လည်း​ မပါဘဲနဲ့​ ဝင်လိုက်ရတယ်။ အဲဒီတုန်း​က ကျ​နော် ၁၆ နှစ်ပဲ ရှိ​သေး​တယ်။ စစ်ထဲမှာ ၄ နှစ်​လောက် ကြာတယ်။”

တပ်တွင်း​ ဝင်စက ၁၆ နှစ် ဖြစ်​ပေမယ့်​ အခု ၁၉ နှစ် ​ကျော် ဖြစ်ပါတယ်။ ​မောင်ရဲမင်း​ဦး​ မိခင် ​ဒေါ်နီနီစန်း​က သား​ဖြစ်သူကို ​ပျောက်သွား​ကတည်း​က မ​တွေ့​ရ​တော့​ဘဲ သား​ထံက ​ချောစာ​ရောက်လာမှ စစ်ထဲ​ရောက်တာ သိခဲ့​ရတယ်လို့​ ​ပြောပါတယ်။

ဒီ​နေ့​ သူဟာ အိုင်အယ်လ်အိုရုံး​ကို ကိုယ်တိုင်လိုက်ပါပြီး​ သား​ဖြစ်သူကို တပ်​ပြေး​အဖြစ် ပြန်လည် အဖမ်း​မခံရဖို့​နဲ့​ တရား​ဝင်ထွက်ခွင့်​ရဖို့​ အကူအညီ ​တောင်း​ခဲ့​တယ်လို့​ မိခင် ​ဒေါ်နီနီစန်း​က ​ပြောပါတယ်။

“စိတ်​သောက များ​ခဲ့​ရတာ​ပေါ့​နော်။ ​သေလား​ရှင်လား​ ကိုယ့်​သား​သမီး​ကို၊​ ပူပင်​သောကလည်း​ ​ရောက်တယ်။ ပြန်လည်း​ခေါ်ချင်တယ်၊​ အဆက်အသွယ်ကလည်း​ မရခဲ့​တော့​ ဒီလိုပဲ ကြည့်​ခဲ့​ရတာ​ပေါ့​။ ​နောက်မှ ​ချောစာ​ရောက်မှပဲ ဒီလိုပဲ အိုင်အယ်လ်အိုအဖွဲ့​ကို အကူအညီ​တောင်း​ပြီး​ လုပ်ခဲ့​ရတာပါ။ ဒီက​လေး​အတွက်​ပေါ့​နော် ဖမ်း​ဖို့​ဆီး​ဖို့​ မလုပ်ရ​အောင်လို့​ပေါ့​။ လက်မှတ်က​လေး​ လာ​တောင်း​တာပါ။ မဖမ်း​မဆီး​အောင်လို့​၊​ စစ်တပ်ကလည်း​ နှုတ်ထွက်ခွင့်​ ရ​အောင်လို့​။”

မြန်မာပြည်မှာ အသက် ၁၈ နှစ်ပြည့်​ပြီး​ ကိုယ့်​ဆန္ဒအရသာလ်ွင် စစ်တပ်တွင်း​ ဝင်​ရောက်ခွင့်​ရှိပြီး​ အသက်မပြည့်​သူ​တွေနဲ့​ ဆန္ဒမရှိသူ​တွေကို တပ်တွင်း​ တာဝန်ထမ်း​ခိုင်း​ခွင့်​ မရှိပါဘူး​။ ဒီအချက်ကို မလိုက် နာ ဘဲ ချိုး​ဖောက်တဲ့​ တပ်မ​တော်သား​တွေကိုလည်း​ အရပ်သား​မိဘ​တွေက တရား​ရုံး​မှာ တရား​စွဲခွင့်​ မရှိပါဘူး​။

No comments: