Saturday, May 5, 2012

ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံ ရပ်တန့်ပေးရန် သမတထံ စာတင်

ကောင်းဝါသတင်းဌာန

ကော့သောင်းမြို့ရှိ ၈ မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို ရပ်တန့်ပေးရန်အတွက် ယမန်နေ့ကဒေ သခံများ နိုင်ငံတော် သမတထံ အသနားခံစာ ရေးသားပေးပို့ခဲ့သည်။

ထိုစက်ရုံသည် လူနေအိမ်နှင့် ပေ ၅ဝ ခန့်သာ ကွာဝေးပြီး မီးခိုးခေါင်းတိုင်မှာလည်း ပေ ၄၀ ခန့်သာ မြင့်ကာ ထိုနယ်တဝိုက်တွင် ရွာသွန်း သည့် မိုးရေများက စက်ရုံနှင့် နှစ်ဖာလုံကျော်သာ ဝေးသည့် ယင်းဝါ ရေလှောင်ကန်သို့ စီးဝင်ပြီး မြို့ခံများက ထိုရေကို အဓိကထား သောက် သုံးကြသည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ ကော့သောင်း ၁၀ ရပ်ကွက်မှာ ၉ ရပ်ကွက်က မြို့ခံ ၆၃ ရောက် လက်မှတ်ထိုးပြီး တင်လိုက်တာ” ဟု အသနားခံစာကို ဦး ဆောင် ရေးသားပေးပို့သူ ကိုသန်းထွန်းက ပြောသည်။

သမတကြီးထံ ပေးပို့သည့် စာတွင် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ၏ ဆိုးကျိုးများကို သမတကြီး အနေနှင့်သိ ရှိပြီးလိမ့်မည် ဖြစ်ကြောင်း၊ လက်ရှိ ရနောင်းမြို့ ထမ်ဖရား ရပ်ကွက် စက်မှုဇုန် ငါးမှုန့်ကြိတ်စက်မှ ထွက်ရှိလာသည့် အနံ့အသက်ကို ၁၀ မိုင် ခန့် ဝေးသည့် ကော့သောင်းမြို့ထိပင် ရှုရှိုက်နေရကြောင်း စသည့် အချက် ၁၆ ချက် ပါဝင်သည်ဟု သူက ပြောသည်။

ကော့သောင်းမြို့ အေးရိပ်ငြိမ် နှင့် ရွှေပြည်သာ ရပ်ကွက်ကြားရှိ ထိုစက်ရုံကို ယခင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော် လက်ထက်က ခွင့်ပြုချက်ဖြင့် ‘သန်းဖြိုးသူ’ သတ္တုတူးဖေါ်ရေးလုပ်ငန်း ကုမ္ပဏီ လိမိ တက်က ၂၀၁၁ ခု နှစ်လယ်ခန့်တွင် စတင်တည်ဆောက်ခဲ့ကာ ယ ခုနှစ် ဇွန်လတွင် စတင် လည်ပတ်မည် ဖြစ်သည်။ လက်ရှိတွင် ၈ မဂ္ဂါဝပ် ထုတ်လွှတ် မည် ဖြစ်ပြီး၊ နောင်တွင် ၁၆ မဂ္ဂါဝပ်ထိ တိုးချဲ့သွား မည် ဟု ကုမ္ပဏီ၏ ပြောဆို ချက်ကို ကိုးကားပြီး ဒေသခံ များက ပြောသည်။

လျှပ်စစ်ဓါတ်အား ၈ မဂ္ဂါဝပ် ထုတ်လွှတ်နိုင်ရန်အတွက် ၂၄ နာရီလျှင် ကျောက်မီးသွေး ၁၈၀ တန် လိုအပ်မည် ဖြစ်ပြီး၊ ထိုကျောက်မီး သွေးကို တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ လေညာ သစ်တောကြိုးဝိုင်းအတွင်းမှ ထုတ်ယူကာ လိုအပ်မည့် ရေကို ထိုင်း - မြန်မာ နယ်စပ် အဖြစ် သတ်မှတ် ထားသည့် ပါချန်မြစ်မှ စုတ်ယူ သုံးစွဲမည် ဖြစ်သည်။

ကော့သောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) က စက်ရုံ တည်ဆောက်နေစဉ် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် အောက်တိုဘာလ အတွင်းတွင် တကြိမ်၊ ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် တကြိမ် စက်ရုံ ဆောက် လုပ်ခြင်း ကိစ္စကို ကန့်ကွက်ခဲ့ပြီး၊ မတ်လ ၂၂ ရက်နေ့တွင်လည်း မြို့ခံများအား ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

ဒေသခံများနှင့် ပညာရှင်များ၏ ကန့်ကွက်ပြောဆိုမှုကြောင့် အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီက အကောင်အထည် ဖော်မည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းရှိ မဂ္ဂါဝပ် ၄,၀၀၀ ကျောက်မီး သွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ဇန်နဝါရီလဆန်းတွင် အစိုး ရက ဆောက်လုပ်ခွင့် မပြုဘဲ ရန့်တန့်ပေးခဲ့သည်။

ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ အက်ဆစ်မိုးကို ရွာသွန်းစေနိုင် သည့် ဆာလ ဖာဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့၊ အသက်ရှူ လမ်းကြောင်းတွင် ကင်ဆာ ရော ဂါ ဖြစ်စေနိုင်သည့် အမှုန်အမွှား အများအပြား ထွက်လာနိုင် သည့်အပြင် ကာဗွန်မိုနောက်ဆိုဒ်၊ သောက်သုံးရေနှင့် ပင်လယ်ရေထုကို ညစ်ညမ်းစေနိုင် သည့် ပြဒါး၊ စိန် ဆိုသည့် အာစင်း နစ်ဓါတ် စသည့် လေ ထု၊ ရေထုနှင့် မြေထုကို ညစ်ညမ်းစေနိုင်သည့် ဓာတ်ငွေ့ပေါင်း များစွာ ထွက်ရှိလာနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။

No comments: