Friday, May 4, 2012

ကချင်တိုက်ပွဲ​ကြောင့်​ ရွာသား​များ​ ဒုက္ခ​ရောက်

ကို​ထွေး

ကချင်ပြည်နယ် ပန်ဝါမြို့​နယ်ခွဲမှာ အ​ခြေပုတဲ့​ အစိုး​ရြပည်သူ့​စစ်နဲ့​ နယ် ခြား​စောင့်​တပ်ကို ​ကေအိုင်​အေက ဝင်​ရောက်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး​ ရာနဲ့​ချီတဲ့​ ရွာသား​တွေ ထွက်​ပြေး​ခဲ့​ကြပါတယ်။

ကချင်အမျိုး​သား​လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ)က ပန်ဝါမြို့​နယ်ခွဲ လုပီ ​ကျေး​ရွာနား​မှာ အ​ခြေပုတဲ့​ ပြည်သူစစ်တပ်ဖွဲ့​နဲ့​ အမှတ် (၁၂၀၀) နယ်ခြား​စောင့်​တပ် ဌာနချုပ်ကို ဝင်​ရောက်စီး​နင်း​တဲ့​ တိုက်ပွဲ​တွေ​ကြောင့်​ ရာနဲ့​ချီတဲ့​ရွာသား​တွေ ထွက်​ပြေး​ပြီး​ နီး​စပ်ရာ ​ဆွေမျိုး​အ သိအိမ်​တွေမှာ ခိုလှုံ​နြေကရတယ်လို့​ မြို့​ခံခရစ်ယာန် သင်း​အုပ်ဆရာ​တော်တပါး​က ​ပြောပါတယ်။

စစ်​ပြေး​ဒုက္ခသည်​တွေဟာ ​ထောက်ပံ့​မှု အကူအညီမရတဲ့​အတွက် စား​သောက်​နေထိုင်​ရေး​ အခက်အခဲရှိတယ်လို့​ ဆိုပါတယ်။

တိုက်ပွဲဟာ ဧပြီလ ၂၇ ရက်​နေ့​က စတင်ဖြစ်ပွား​ခဲ့​တာဖြစ်ပြီး​ အခုထိ စစ်တပ်က ရှင်း​လင်း​ရေး​တွေ လုပ်​နေတဲ့​အတွက် ​သေနတ်သံ​တွေ ကြို ကြား​ ကြိုကြား​ ထွက်​ပေါ်​နေဆဲပဲလို့​ သင်း​အုပ်ဆရာက ​ပြောပါ တယ်။

စစ်တပ်က ရဟတ်ယာဉ်​တွေနဲ့​ လူသူလက်နက်နဲ့​ ရိက္ခာ​တွေ ​ထောက်ပံ့​ကူညီခဲ့​သလို စစ်​ရေး​ အကူအညီ ​ပေး​ခဲ့​တယ်လို့​ ​ပြောပါတယ်။

ပန်ဝါမြို့​ပေါ်မှာလည်း​ ည ၉ နာရီ ​နောက်ပိုင်း​ ထွက်ခွင့်​မြပုသလို တပ်မ​တော်က ဆက်လက် ရှင်း​လင်း​ရေး​တွေ လုပ်​ဆောင်​နေတဲ့​အတွက် လာ​ရောက် ခိုလှုံ​နေသူ​တွေကိုလည်း​ ​နေရပ်ပြန်ခွင့်​ မြပုဘူး​လို့​ ဆိုပါ တယ်။

အစိုး​ရသတင်း​စာ အဆိုအရ တိုက်ပွဲကြီး​ငယ် ၁၁ ကြိမ် ဖြစ်ပွား​ခဲ့​ပြီး​ ကချင်လက်နက်ကိုင် တပ်ဖွဲ့​များ​ အကျအရှုံး​ များ​ပြား​ခဲ့​သလို အ​လောင်း​ ၂၉ ​လောင်း​နဲ့​ တပ်ဖွဲ့​ဝင် တဦး​ကို အရှင်ဖမ်း​မိခဲ့​တယ်လို့​ ​ရေး​သား​ပါတယ်။ ​ကေအိုင်​အေက စစ်ဆင်​ရေး​အတွက် ​ဒေသခံတိုင်း​ရင်း​သား​ ၃၄၅ ဦး​ကို ​ခေါ်​ဆောင်အသုံး​ပြုတယ်လို့​ ​ရေး​ပါတယ်။

သီး​ခြား​ သတင်း​တပုဒ်မှာလည်း​ ကချင်ပြည်နယ်အတွင်း​က တံတား​ ၃ စင်း​ကို ​ကေအိုင်​အေက မိုင်း​ထောင် ဖျက်ဆီး​တယ်လို့​ ​ပြောပါတယ်။

No comments: