Friday, May 4, 2012

ဟံသာဝတီကား​ဝင်း​ မ​ပြောင်း​ရွှေ့​ရေး​ သတင်း​စာရှင်း​လင်း​ပွဲပြုလုပ် ကန့်​ကွက်

ရွှေအောင်

ရန်ကုန်တိုင်း​ ကမာရွတ်မြို့​နယ်၊​ ဟံသာဝတီ ကား​ပွဲစား​ဝင်း​ကို သက်ဆိုင် ရာက ဖယ်ရှား​ခိုင်း​နေတဲ့​အတွက် ပွဲစား​ဝင်း​မိသား​စုက သတင်း​စာရှင်း​လင်း​ပွဲပြုလုပ်ပြီး​ ကန့်​ကွက်လိုက်ကြပါတယ်။

ဘယ်လိုအ​ကြောင်း​ပြချက်မှလည်း​ မ​ပေး​၊​ ​ပြောင်း​ရွှေ့​ဖို့​ ​နေရာလည်း​ မ​ပေး​ဘဲ မြို့​တော်စည်ပင် အခွန်ဌာနက ဖယ်ရှား​ခိုင်း​နေတဲ့​အတွက် ကား​ဝင်း​ထဲမှာ အသက်​မွေး​ဝမ်း​ကျောင်း​ပြု​နေတဲ့​ သူ​တွေအား​လုံး​ အစ စအ ရာရာ ဆုံး​ရှုံး​နစ်နာရမယ့်​ အ​ခြေအ​နေ ​ရောက်​နေကြပါတယ်။

ဒီအ​ကြောင်း​ ​မေလ ၄ ရက် မနက်ပိုင်း​က ပြည်တွင်း​ပြည်ပ သတင်း​ဌာန​တွေကို ဟံသာဝတီကား​ဝင်း​ထဲ ဖိတ်ကြား​ပြီး​ အသိ​ပေး​ခဲ့​ကြတာပါ။

ကား​ဝင်း​မိသား​စု​တွေရဲ့​ ဆန္ဒသ​ဘောထား​တွေကို ဟံသာဝတီ ယာဉ်​ရောင်း​ဝယ်​ရေး​စခန်း​ မ​ရွှေ့​ပြောင်း​ရေး​ ဦး​စီး​ကော်မတီဥက္ကဋ္ဌ ဦး​မင်း​ကိုမြင့်​က အခုလို ​ပြောပါတယ်။

“ဒီဝင်း​ကြီး​ကို ​ပြောင်း​ရွှေ့​ဖို့​ကို ကျ​နော်တို့​ ဝင်း​ထဲမှာ ရှိတဲ့​ လုပ်သား​ပြည်သူများ​က လုံး​ဝ သ​ဘောမတူပါဘူး​။ ဒီအချက်ကို။ ဒါ​ကြောင့်​ ဒီအစီ အစဉ်ကို အစိုး​ရအ​နေနဲ့​ သက်ဆိုင်ရာဌာနအ​နေနဲ့​ ရပ်ဆိုင်း​ပြီး​တော့​ ကျ​နော်တို့​ မူလပကတိ ဒီဝင်း​ကြီး​အ​ပေါ်မှာ အဆင့်​မြင့်​ ကား​ဝယ်​ရောင်း​စခန်း​ကြီး​ တခု တိုး​ချဲ့​ပြီး​တော့​ ​ဆောင်ရွက်​ပေး​ဖို့​ ကျ​နော်တို့​ လုပ်သား​ပြည်သူ​တွေ အ​နေနဲ့​ ဆန္ဒ​တွေ ရှိပါတယ်။”

ကား​ဝင်း​ထဲမှာ အဆင့်​မြင့်​ဆိုင်ခန်း​ ၂၀ ​ကျော်အပါအဝင် ဆိုင်ခန်း​ပေါင်း​ ၂၀၀ ​ကျော်တည်ရှိပြီး​ ​ဈေး​သည်​တွေ၊​ ကား​ဝယ်​ရောင်း​လုပ်သူ​တွေ၊​ ကား​ရေ​ဆေး​ ဆီထိုး​လုပ်တဲ့​ အလုပ်သမား​တွေ အပါအဝင် မိသား​စုဝင်​ပေါင်း​ တ​သောင်း​နှစ်​ထောင်​ကျော် အသက်​မွေး​ဝမ်း​ကျောင်း​ ပြု​နေ ကြတာ ဖြစ်ပါတယ်။

ဟံသာဝတီ ယာဉ်​ရောင်း​ဝယ်​ရေး​စခန်း​ မိသား​စုဝင်​တွေရဲ့​ အကူအညီ ​တောင်း​ခံမှု​ကြောင့်​ သွား​ရောက် ကူညီ​ဆောင်ရွက်​ပေး​နေတဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​အဖွဲ့​က ကိုသက်​ဇော်က အခုဖြစ်ရပ်မှာ ​ကြောင်း​ကျိုး​မဆီ​လျော်တာ​တွေ ရှိ​နေတယ်လို့​ ​ပြောပါတယ်။

“အစိုး​ရမှာ ဒီလို သူတို့​ စီမံခန့်​ခွဲမှုအာဏာအရ နိုင်ငံ​တော်ပိုင်​မြေကိုပဲ ဖြစ်ဖြစ်၊​ စည်ပင်သာယာပိုင်​မြေကိုပဲ ဖြစ်ဖြစ် စည်ပင်သာယာအ​နေနဲ့​ စီမံခန့်​ခွဲခွင့်​အာဏာ ရှိ​ပေမယ့်​လည်း​ ဒီအ​ပေါ်မှာ မှီတင်း​နေထိုင်​နေ ကြတဲ့​ တရား​ဝင် အခွန်အခ​တွေ ​ပေး​ဆောင်ပြီး​တော့​ ​ဈေး​ရောင်း​နေ ကြတဲ့​ ​ဈေး​သူ​ဈေး​သား​တွေကို သူတို့​ရဲ့​ နစ်နာချက်​တွေကို ထည့်​သွင်း​စဉ်း​စား​ဖို့​လိုတယ်။ သူတို့​ရဲ့​ လိုအပ်ချက်​တွေကိုလည်း​ ထည့်​သွင်း​စဉ်း​စား​ဖို့​လိုတာ​ပေါ့​။ ဘာ​ကြောင့်​ ဒီ​ဈေး​ဝင်း​ကို ​လေလံပစ်ရပါတယ်၊​ ဒီလို ​လေလံပစ်ခြင်း​အား​ဖြင့်​ နိုင်ငံ​တော်အကျိုး​အတွက် ဘယ်လို​ တွေရ မယ် စသည်ဖြင့်​ ​ပြေလည်တဲ့​ ထင်သာမြင်သာရှိတဲ့​ ရှင်း​လင်း​ ဖော်ပြ တာမျိုး​ လုံး​ဝမရှိခဲ့​ဘူး​ပေါ့​နော်။ ဒါလည်း​ ​တော်​တော် တာဝန် ပျက် ကွက် မှုပါပဲ။”

သူတို့​အဖွဲ့​အ​နေနဲ့​ အခုလို ကိစ္စရပ်မျိုး​တွေမှာ အစိုး​ရအ​နေနဲ့​ ထင်သာမြင်သာရှိ​အောင် ​ဆောင်ရွက်ဖို့​ တင်ပြသွား​မယ်လို့​လည်း​ ​ပြောပါတယ်။

သက်ဆိုင်ရာက ဟံသာဝတီကား​ဝင်း​ထဲက​နေ ​ပြောင်း​ရွှေ့​ပေး​ဖို့​ ပြီး​ခဲ့​တဲ့​ဧပြီလဆန်း​ပိုင်း​က အ​ကြောင်း​ကြား​ခဲ့​ပြီး​ အခု ​မေလ ၅ ရက်​နေ့​မှာ ​နောက်ဆုံး​ထား​ ​ရွှေ့​ပြောင်း​ဖို့​ ​ပြောကြား​ခဲ့​တာလည်း​ ဖြစ်ပါတယ်။

ဟံသာဝတီကား​ဝင်း​မိသား​စုအ​နေနဲ့​ ​ပြောင်း​ရွှေ့​ပေး​ဖို့​ ဆန္ဒမရှိ၊​ ကန့်​ကွက်​ကြောင်း​ မိသား​စုဝင် ၇၀၀ ​ကျော် လက်မှတ်​ရေး​ထိုး​ထား​တဲ့​ စာကို နိုင်ငံ​တော် သမ္မတနဲ့​ သက်ဆိုင်ရာ တာဝန်ရှိသူအသီး​သီး​ထံ ​ပေး​ပို့​ထား​တယ်လို့​လည်း​ သိရပါတယ်။

ဟံသာဝတီကား​ဝင်း​ဟာ ဧက ၂၀ ​လောက် ကျယ်ဝန်း​ပြီး​ ၁၉၉၇ ခုနှစ်ကတည်း​က ယာဉ်​ရောင်း​ဝယ်​ရေး​ စခန်း​အဖြစ် ဖွင့်​လှစ်ခဲ့​တာ ဖြစ်ပါ တယ်။

No comments: