Thursday, May 10, 2012

လိုအပ်လာရင် ချစ်ကြည်​ရေး​ တံတား​ ပိတ်မယ်

မင်းလွင်

ထိုင်း​အစိုး​ရက မူး​ယစ်ရာဇာအြဖစ် ​ကြေညာထား​တဲ့​ ဒီ​ကေဘီ​အေအဖွဲ့​ခေါင်း​ဆောင် ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​က မူး​ယစ်​ဆေး​ဝါး​နဲ့​ ပတ်သက်မှု မရှိတဲ့​အ​ကြောင်း​ကို ပြည်တွင်း​ပြည်ပ သတင်း​စာဆရာ​တွေကို ဒီ​နေ့​မနက် ရှင်း​လင်း​ ​ပြောဆိုလိုက်ပါတယ်။

မြဝတီမြို့​နယ် အင်း​ကြင်း​မြိုင်မှာ ဒီ​နေ့​ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲ မှာ ဗိုလ်နူတ် ခမ်း​မွေး​က ​ပြောကြား​ လိုက်တာပါ။

ထိုင်း​ဘက်က ဗိုလ်နှုတ်ခမ်း​မွေး​ကို မူး​ယစ်ရာဇာအြဖစ် စွပ်စွဲထား​ပြီး​ ဖမ်း​ ဝရမ်း​ ဆု​ငွေထုတ်ထား​တဲ့​အ​ပေါ်ကို ရှင်း​လင်း​ဖို့​အတွက် ပြည်တွင်း​ပြည်က သတင်း​ထောက်ကို ဖိတ်ကြား​ပြီး​ပြုလုပ်တာပါ။

သတင်း​ထောက်​တွေက နယ်စပ်ဂိတ်​တွေပိတ်ရတဲ့​ ​မေး​မြန်း​မှုအ​ပေါ်ကို ဗိုလ်နှုတ်ခမ်း​မွေး​က ​ဖြေကား​သွား​တာလို့​ အဲဒီသတင်း​စာရှင်း​လင်း​ပွဲမှာ သွား​ရောက် သတင်း​ယူ​နေတဲ့​ ဒီဗွီဘီသတင်း​ထောက် ကိုဖိုး​စီက ပြန်ပါ တယ်။

“ကျ​နော်တို့​ အခုလိုမျိုး​ ရင်ဆိုင်ရတဲ့​ ပြဿနာ​တွေမှာ ဂိတ်​တွေပိတ်တယ်။ အခန့်​မသင့်​ရင် ချစ်ကြည်​ရေး​တံတား​ကို ပိတ်မယ်။ ဘာ​ကြောင့်​ ချစ်ကြည်​ရေး​တံတား​ကို ပိတ်မလဲဆိုရင် မြန်မာနိုင်ငံရဲ့​ ကရင်ပြည် နယ်မှာ ရှိတဲ့​အတွက် ကျ​နော်တို့​က ကရင်လူမျိုး​တွေ ဖြစ်တယ်။ ဒါ​ကြောင့်​ အကယ်၍ ပြဿနာ အြကီး​အကျယ်ဖြစ်ရင် ဒီချစ်ကြည်​ရေး​တံတား​ကို နှုတ်ခမ်း​မွေး​ကိုယ်တိုင် ဦး​ဆောင်ပြီး​ ပိတ်မယ်။”

အခုလို ထိုင်း​အစိုး​ရက​နေ မူး​ယစ်ရာဇာအြဖစ် စွပ်စွဲထား​ပြီး​ ဖမ်း​ဝရမ်း​ ထုတ်ထား​တဲ့​အ​ပေါ်ကို ပြန်လည်​ဖြေရှင်း​နေရာတာဟာ သူအတွက် အချိန်ကုန်တယ်လို့​ တုံ့​ပြန်​ပြောဆိုပြီး​ ထိုင်း​ဝန်ကြီး​ချုပ်​ဟောင်း​သက် ဆင်ကို ခုချိန်ထိ ဘာ​ကြောင့်​တရား​ရုံမတင် နိုင်ရတာလဲဆိုပြီး​ ​မေး​ခွန်း​ထုတ်တယ်လို့​ ဆိုပါတယ်။

“ဒီလို လုပ်ခြင်း​အား​ဖြင့်​ ကျ​နော့်​မှာ အချိန်ကုန်တယ်။ ကျ​နော် ထိန်း​သိမ်း​ထား​တဲ့​ နယ်​မြေမှာ လူမှု​ရေး​၊​ ကျန်း​မာ​ရေး​၊​ ပညာ​ရေး​တွေ ဖွံ့​ဖြိုး​တိုး​တက်ဖို့​ ကျ​နော်လုပ်ရဦး​မယ်။ ​နောက် ၂ အချက်က​တော့​ သက် ဆင် ဟာ ထိုင်း​နိုင်ငံရဲ့​ ဥပ​ဒေ​ရှေ့​မှောက်မှာ ဆုံး​ဖြတ်ချက်အရ ​ထောင် ဒဏ်ကျတဲ့​အ​ကြောင်း​ ဆုံး​ဖြတ်​ပေမယ့်​ သူ့​ကိုကျ​တော့​ နိုင်ငံခြား​မှာ ထွက်​ပြေး​တိမ်း​ရှောင်​နေတာကို ဘာလို့​ အမိ မဖမ်း​သေး​ဘဲ ထိုင်း​နိုင်ငံမှာ ဥပ​ဒေရင်ဆိုင်မှု မလုပ်သလဲ​ပေါ့​နော်။ ဘာ​ကြောင့်​ ကျ​နော့်​ကို ဒီလိုလုပ်ရသလဲ​ပေါ့​။”

သစ်ထုတ်လုပ်​ရေး​၊​ စိုက်ပျိုး​ရေး​အခွန်၊​ သတ္တူတူး​ဖော်​ရေး​နဲ့​ ​မော်​တော်ယာဉ်​တွေဆီက​နေ အခွန်အခနဲ့​ ​ဒေသဖွံဖြိုး​ရေး​ လုပ်ငန်း​တွေကို လုပ်​ဆောင်​နေရတာပါလို့​ ဗိုလ်နှုတ်ခမ်း​မွေး​က သတင်း​ထောက်​တွေရဲ့​ အ​မေး​ကို ​ဖြေကား​တယ်လို့​ ဆိုပါတယ်။

ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ ဦး​ဆောင်တဲ့​ ဒီ​ကေဘီ​အေအဖွဲ့​ဟာ သူတို့​ မူး​ယစ်​ဆေး​ဝါး​လုပ်​ဆောင်တာ အချိန်မ​ရွေး​ လာ​ရောက်စစ်​ဆေး​ဖို့​ အ​မေ ရိကန်၊​ မြန်မာနဲ့​ထိုင်း​အစိုး​ရက တာဝန်ရှိသူ​တွေကို ဖိတ်ကြား​ထား​တယ်လို့​လည်း​ ​ပြောဆိုပါတယ်။

ဒီ​နေ့​ ပြုလုပ်တဲ့​ ဒုတိယအြကိမ် သတင်း​စာရှင်း​လင်း​ပွဲကို ပြည်တွင်း​ သတင်း​ထောက် ၄၂ ဦး​နှင့်​ ထိုင်း​နိုင်ငံမှ သတင်း​ထောက် ၁၀ ဦး​ တက်​ရောက်ခဲ့​တယ်လို့​ သိရှိရပါတယ်။

No comments: