Sunday, May 6, 2012

မောင်တောမြို့တွင် ငွေရှိမှသာ လူသေ အလောင်းမြှုပ်နိုင်

ကုလားတန် (မောင်တော)

မိုးကြိုးပစ်၍သေဆုံးသွားသော ရိုဟင်ဂျာ လူသေအလောင်း နှစ် လောင်းကို ငွေပေးမှသာ မြှုပ်နိုင်ခွင့်ပေးမည်ဟု မောင်တောမြို့နယ်အ ပိုင်ရှိ ရဲအရာရှိတဦးမှ ဧပြီလ ၂၁ ရက်နေ့တွင် ပြောဆိုခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောဆိုသည်။

မောင်တောမြို့နယ် တောင်ပြို လက်အောက်ရှိ သဲချောင်း (ဘာလူခါရီ) ကျေးရွာ အုပ်စု၊မူတီ ကျေးရွာနေ ဦးနူရ်ဇော်မန်၏ မိသားစုဝင်များ ဖြစ်သော ဇနီးဒေါ်တာဟာရာဘေဂေါမ်၊ ၄၈ နှစ်နှင့် မဖေါ်မီနာ ဘေ ဂေါမ်၊ ၁၄ နှစ်တို့ သည် ကျေးရွာ အနီးရှိ ၎င်းသူတို့၏ ငရုတ်ခင်း တွင် အလုပ်လုပ်နေစဉ် မိုးကြိုးပစ်ခံရ၍ ဧပြီလ ၂၁ ၇က်နေ့ နံနက် ၁၀း ၃၀ ခန့်တွင် သေဆုံးသွား ကြောင်း ၎င်းအဖွဲ့ဝင်ကပင် ပြောဆို သည်။

သို့သော် သဲချောင်း ရဲကင်းစခန်းတာဝန်ခံ ဒုရဲအုပ် ဦးကျော်ဝင်းသည် အခင်းဖြစ်ပွါးရာ မူတီကျေးရွာသို့ သဲချောင်း အုပ်ချုပ်ရေးမှူး ဦးအ ဒုလ်ရော်ရှိတ်နှင့် အတူ သွားရောက် စစ်ဆေးပြီး အလောင်းမြှုပ် လိုပါ က ငွေ တသိန်းပေးရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက မြှုပ်ခွင့် အမိန့် ပေးမည် မဟုတ်ကြောင်း ပြောဆိုသည်။

ဦးနူရ်ဇော်မန်၏ မိသားစုသည် ၎င်းကျေးရွာတွင် အဆင်းရဲဆုံး ဖြစ်သည့်အတွက် ရဲအရာရှိတောင်းဆိုသည့် ငွေကို မပေးနိုင်ကြောင်း ပြော ဆိုသည့်အတွက် ရဲအရာရှိ ကျော်ဝင်းသည် အလောင်းများကို ခွဲစိပ် စစ်ဆေးရန် ယူဆောင် သွားရန် ပြုလုပ်နေသောကြောင်း၊ ကျေးရွာ ပြည်သူများ အားလုံးမှ ငွေကောက်ခံ၍ ငွေ တသိန်းကို ရဲအရာရှိအားပေးခဲ့ကြောင်း၊ ထိုမှသာ ၎င်းအလောင်းနှစ်လောင်းအား ကျေးရွာ သု သာန်တွင် သင်္ဂြုဟ်ခဲ့ကြောင်း၊ ဦးနူရ်ဇော်မန်၏ မိသားစုဝင်တဦးက ပြောပြသည်။

ဦးနူရ်ဇော်မန်၏ မိသားစုဝင်တဦးဖြစ်သော မရုဇီနာဘေဂေါမ် ၁၅ လ အရွယ်သည်လည်း မိုးကြိုးပစ်ခံရသည့် အတွက် အ၀ည်းအသန်း ဒဏ်ရာရခဲ့သည်အတွက် ယခုအခါ တောင်ပြိုဆေးပေးခန်းတွင် ဆေး ကုသနေကြောင်း သိရသည်။

ရခိုင်ပြည်မြောက်ပိုင်းဆုံးရှိ ရဲအရာရှိများသည် ရိုဟင်ဂျာ လူထုထံမှ မည်သည့်အောကာင်းပြချက်ဖြင့် ငွေညှစ်နိုင် မည်ကို အမြဲတမ်းစောင့် ကြည့်နေကြောင်း၊ ၎င်းမှာ သဘာဝအရဖြစ်ဖြစ်၊ လူသားများ ပြု လုပ်သည့်အတွက် ဖြစ်ဖြစ်ကို မစဉ်းစားကြောင်း ၎င်းကျေးရွာရှိ ကျောင်းဆ ရာ တဦးက ပြောပြသည်။

2 comments:

Anonymous said...

ရိုဟင်ဂျာလူမျိုးဆိုတာမရှိဘူးလို့ပြောထားပြီးပြီကွာ။
ထပ်မဖွနဲ့။ ဘင်ဂါလီလို့ပြောချင်ပြော။

Anonymous said...

ကုလား တင်တဲ့သတင်းဖြစ်လိမ့်မယ်။ ကုလားဥာဏ်နဲ့ ရဲအရာရှိကိုပြသနာရှာရင်း ရိုဟင်ဂျာနာမယ်ကို လူသိအောင်လုပ်နေတာ။