Thursday, May 10, 2012

ကေအိုင်အိုဌာနချုပ် လိုင်ဇာ အနီး​ တိုက်ပွဲများ​ ပြင်း​ထန်

နန်းမြနဒီ

ကချင် လွတ်လပ်​ရေး ​အဖွဲ့​ (​ကေအိုင်အို) ဌာနချုပ် လိုင်ဇာ အနီး​မှာ အစိုး​ရ တပ်​တွေနဲ့​ ကချင် တပ်​တွေ အကြား​ တိုက်ပွဲ​တွေ ပြင်း​ထန်​ နေ တယ်လို့​ ​ကေအိုင်အိုက ​ပြောပါ တယ်။

တိုက်ပွဲ​တွေဟာ ဧရာဝတီမြစ် အ​ရှေ့​ဘက်ခြမ်း​ ​ကေအိုင်အိုတပ်မဟာ ထိန်း​ချုပ်နယ်​မြေ​တွေမှာ ဖြစ်ပွား​နေပြီး​ ဌာနချုပ်လိုင်ဇာအနီး​ တပ်မ ဟာ ၅ ထိန်း​ချုပ်နယ်​မြေထဲမှာ​တော့​ အပြင်း​ထန်ဆုံး​ပဲလို့​ ​ကေအိုင်အို ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​လနန်း​က ​ပြောပါတယ်။

“တပ်မဟာတိုင်း​မှာ တိုက်ပွဲ​တွေက​တော့​ ဖြစ်တယ်ခင်ဗျ။ မ​နေ့​က​တော့​ ဌာနချုပ်ခွင်ထဲမှာပဲ ၄ ကြိမ်ရှိတယ် ဒါ အနည်း​ဆုံး​ပေါ့​ဗျာ။ တခြား​နယ်​မြေမှာ ဖြစ်တဲ့​ သတင်း​တွေက​တော့​ အချိန်မီ​ရောက်မလာတာ ရှိတယ်။ ဖြစ်တဲ့​ဟာ​တွေက​တော့​ အချိန်တို အ​တောအတွင်း​ ဆို​ပေမယ့်​ ပြင်း​ထန်ပါတယ်။ ​ရှေ့​တန်း​မှာ အမှန်တကယ် တိုက်ပွဲဝင်​နေတဲ့​ ရဲ​ဘော်​တွေအတွက်​တော့​ ဒါ အား​လုံး​က ပြင်း​ထန်ဆုံး​ တိုက်ပွဲ​တွေပါပဲ။ သူတို့​ အဓိကထား​ အား​ကိုး​တာက​တော့​ လက်နက်ကြီး​ပါ။ သူတို့​ အမြဲတမ်း​တိုက်ပွဲတိုင်း​ လက်နက်ကြီး​နဲ့​ ပစ်တာမျိုး​တော့​ ​နေ့​စဉ်နဲ့​အမ်ွ လက်နက်ကြီး​နဲ့​ ပစ်တာ​ပေါ့​နော်။ တခါတ​လေကျရင် တိုက်ပွဲမရှိ​ပေမယ့်​ သူတို့​ဘက်က လာတိုက်တာမျိုး​ ရင်ဆိုင်တိုက်ခိုက်တာမျိုး​ မရှိ​ပေမယ့်​ သူတို့​ တပ်က​နေပြီး​တော့​ လက်နက်ကြီး​နဲ့​ ​နေရာတကာကို ပစ်တာမျိုး​ ဒါ အမြဲတမ်း​ သူတို့​ လုပ်​နေကြတာပါ။”

ဒီ​မေလထဲမှာ မ​နေ့​က ၉ ရက်​နေ့​အထိ တိုက်ပွဲ​ပေါင်း​ ၅၂ ကြိမ်ဖြစ်ပွား​ခဲ့​ရာမှာ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ​တွေ အများ​ဆုံး​ဖြစ်ပြီး​ နှစ်ဘက် ထိခိုက်ဒဏ်ရာရသူ​တွေ ရှိတယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူ အ​ရေအတွက်ကို​တော့​ မသိရဘူး​လို့​ ဆိုပါတယ်။

တိုက်ပွဲ​ကြောင့်​ လိုင်ဇာဒုက္ခသည်စခန်း​ဘက် ထွက်​ပြေး​လာသူ​တွေ ​နေ့​တိုင်း​လိုရှိ​နေပြီး​ လိုင်ဇာစခန်း​တခုတည်း​မှာ ၁ ​သောင်း​ ၅ ​ထောင် ​လောက် ရှိတယ်လို့​ ​ပြောပါတယ်။

ကျဉ်း​ကျပ်တဲ့​ တဲအိမ်မှာ လူ​တွေစုပြုံ​နေကြပြီး​ ရာသီဥတုကြမ်း​တမ်း​တဲ့​အတွက် ကျန်း​မာ​ရေး​ပြဿနာက အကြီး​ဆုံး​ဖြစ်​နေတယ်လို့​ ဆိုပါတယ်။ ​ရေ​ကောင်း​ရေသန့်​ မသုံး​ရတာ၊​ သန့်​ရှင်း​မှု မရှိတာ​တွေ​ကြောင့်​ ဝမ်း​ရောဂါ၊​ ငှက်ဖျား​ရောဂါနဲ့​ အာဟာရချို့​တဲ့​ တာ​တွေ အဖြစ်များ​တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။

အစိုး​ရငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်​တွေနဲ့​ ဆက်လက်​ဆွေး​နွေး​ဖို့​ကိစ္စမှာ ပြီး​ခဲ့​တဲ့​ ဧပြီ ၂၉ ရက်​နေ့​တုန်း​က ​ကေအိုင်အိုဘက်က ​တွေ့​ဆုံမယ့်​နေရာ ​ရွေး​ချယ်ပြီး​ စာပို့​ထား​ပေမယ့်​ အစိုး​ရဘက်က ဘာမှအ​ကြောင်း​မပြန်​သေး​ဘူး​လို့​ ဆိုပါ တယ်။

အစိုး​ရငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​ ပြန်လည်ပြင်ဆင်ဖွဲ့​စည်း​တဲ့​အထဲမှာ နိုင်ငံ​တော်အစိုး​ရရဲ့​ ဆုံး​ဖြတ်ပိုင်ခွင့်​ရှိတဲ့​ ပုဂ္ဂိုလ်​တွေ ပါလာ တယ်လို့​ ​ပြောလို့​ရ​ပေမယ့်​လည်း​ လမ်း​ပြ​မြေပုံနဲ့​မူဝါဒ မ​ပြောင်း​လဲဘူး​ဆိုရင် ယုံကြည်မှု တည်​ဆောက်တာ၊​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ​ဖော်​ဆောင်တာ အများ​ကြီး​ အချိန်ယူရဦး​မှာပဲလို့​ ဦး​လနန်း​က ​ပြောပါတယ်။

အစိုး​ရရဲ့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ လမ်း​ပြ​မြေပုံဟာ တဖက်သတ် ​ရေး​ဆွဲတာမဟုတ်ဘဲ တိုင်း​ရင်း​သား​တွေနဲ့​လိုက်​လျောညီ​ထွေတဲ့​ တိုင်း​ရင်း​သား​ ကိုယ်စား​လှယ်​တွေပါ ပူး​ပေါင်း​ပါဝင်​ရေး​ဆွဲတဲ့​ ​မြေပုံပဲဖြစ်သင့်​တယ်လို့​လည်း​ ဦး​လနန်း​က ​ပြောပါတယ်။

နိုင်ငံ​တော်သမ္မတက ကချင်ပြည်နယ်က စစ်ပွဲ​တွေကို ရပ်တန့်​ဖို့​ မနှစ် ဒီဇင်ဘာလကတည်း​က အမိန့်​ပေး​ထား​တာ ၅ လ ရှိသွား​ပြီ ဖြစ်ပါ တယ်။

No comments: