Thursday, May 24, 2012

အညတရသူရဲကောင်းဆုရှင် ၅ ဦးစာရင်း ကြေညာ

ဒီဗွီဘီ

ပြည်သူလူထုအတွက် ဘ၀တွေကို ပေးဆပ်ခဲ့ကြသူတွေကို ပေးဆပ်ခဲ့ ကြ တဲ့ အညတရသူရဲကောင်း ဆုရှင် ၅ ဦး စာရင်းကို ဂျပန် နိုင်ငံရောက် မြန် မာတွေ ဖွဲ့ထားတဲ့ အည တရ သူရဲကောင်းဆု ကော်မတီ က ကြေညာ လိုက်ပါ တယ်။

ဒီဆုရှင် ၅ ဦးကတော့ ဆရာတော် ဦးခေမာစာရ (ခ) ကိုချမ်းသာ၊ ကိုလ က်ျာထွန်း၊ ကပ်ခန့်ခွာ (ခ) ကိုအန်ထော်နီနဲ့ မလှလှမော် တို့ ဖြစ်ပါ တယ်။

ဆုတွေကို ဇွန် ၁၉ ရက်နေ့မှာကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် ၆၇ နှစ်မြောက် မွေးနေ့ (မြန်မာအမျိုးသမီးများနေ့) အခမ်းအနား မှာ ပေးအပ် ချီးမြှင့်မှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ရုံးချုပ်) မှာ ကျင်းပမယ့် ဒီဆုချီးမြှင့်ပွဲ ကျင်း ပ ချိန် မှာ ဒေါ်အောင်ဆန်းစုကြည် ပြည်ပ ခရီးထွက် နေချိန် ဖြစ်တဲ့ အတွက် သူ့ကိုယ်စား ပါတီ နာယက အဖွဲ့ဝင် တွေဖြစ်တဲ့ သူရ ဦးတင်ဦးနဲ့ ဟံသာဝတီ ဦးဝင်းတင် တို့က ဦးဆောင်ပြီး ချီးမြှင့် မှာဖြစ် ပါ တယ်။

ဆုရှင်တဦးအတွက် ဆုငွေ ကျပ် ၁၀သိန်း နဲ့အတူ ဆုတံဆိပ်တခုကိုပါ ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။ အခုအကြိမ်ဟာ တတိယ အကြိမ် မြောက် ဆုချီးမြှင့်တာ ဖြစ်ပါတယ်။

No comments: